အခန်း(30)

4.4K 357 18
                                    

"​ပြော ခင်​ဗျားဘာ​ပြောချင်​တာလဲ"

Dinner ကျင်းပတဲ့ hotel ရဲ့ ​ရေကူးကန်​​ဘေးမှာ ရပ်​လိုက်​ရင်း ဇရဲ့ ခပ်​ ​ဆောင့်​​ဆောင့်​ထွက်​လာတဲ့ အသံ​ကြောင့်​ ​စေတမာန်​ ပြုံးလိုက်​မိတယ်​ အရင်​အတိတ်​​တွေတုန်းကလဲ ဇ​လေးရဲ့ စိတ်​ကိုက အဲလို ခပ်​မာမာပဲမလို့ ​စေတမာန်​အတွက်​က မထူးဆန်း သလိုပါပဲ

စေတမာန်​​ရေကန်​​ဘောင်​​ပေါ်ထိုင်​လိုက်​ပြီး ဇကိုလဲ လာထိုင်​ဖို့ ​ပြောလိုက်​​တော့ ​ခေါင်းမာတဲ့သူက ​စေတမာန်​ကို တချက်​​လေးမှအဖတ်​မလုပ်​ဘူး​လေ

"​ပြောစရာရှိတာ မြန်​မြန်​​ပြော ကျွန်​​တော်​ အခရာ အစားဧည့်​ခံ​ပေးရအုံးမှာ"

"မင်းစိတ်​ထဲမှာ သူကအရာရာအ​ရေးပါ​နေတာလား ဇ"

"ပါတယ်​"

"မင်းကိုယ့်​နားမှာ တစ်​နှစ်​တိတိ လိုက်​​နေ​ပေး"

"မ​နေ​ပေးနိုင်​ဘူး"

"ဒါဆိုလဲ အတိတ်​​တွေတုန်းကလို ကိုယ်​က villainဖြစ်​​ပေးရမှာ​ပေါ့ ဇ ​လေး"

"ခင်​ဗျား လုပ်​ချင်​တိုင်းလုပ်​လို့ရမယ်​ထင်​​နေလား ​စေတမာန်​"

"ကိုယ်​က Jနိုင်​ငံဝန်​ကြီးချုပ်​ ကိုယ့်​အ​ဖေက Jနိုင်​ငံသမ္မတ Jနိုင်​ငံက Mနိုင်​ငံနီးနီး​လောက်​ မရှိရင်​​တောင်​ သူမသာကိုယ်​မသာ အ​ခြေအ​နေပါ"

"ခင်​ဗျား"

"ကိုယ့်​မှာ လုပ်​နိုင်​စွမ်း​တွေအများကြီးရှိတာ မင်း သိပါတယ်​ ဇ ကိုယ့်​ဘဝမှာလိုချင်​ရင်​ ဘာမဆိုဖြစ်​နိုင်​တယ်​ဆိုတာ ကိုယ်​သက်​​သေပြထားပြီးပြီထင်​တယ်​​နော်​ ဇ"

"ကိုယ့်​ရဲ့ဇ​လေး ကိုယ်​မင်းကိုသုံးရက်​အချိန်​​ပေးမယ်​ ​သေချာ​လေးစဉ်းစား​ပေါ့"

ဇ ရဲ့ ပါးကို သာသာ​လေးထိပြီး ထွက်​သွားတဲ့ ​စေတမာန်​​ကြောင့်​ ဇ ​ဒေါသတကြီး ​တောက်​​ခေါက်​လိုက်​မိ​တော့တယ်

တောက်

"ငါကျိန်​ဆိုတယ်​ ​စေတမာန်​ အတိတ်​တုန်းကလို မင်းသူတို့ကိုလုံးဝမထိ​စေရဘူး ငါကရ​အောင်​ကာကွယ်​မှာမလို့"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now