အခန်း(52)

2.4K 219 12
                                    

"ဘာ ဘာ​ပြောလိုက်​တယ်​"

"ဒီ​နေ့ က ကြာပန်းနိုင်​ငံ​တော်​ရဲ အရင်​အိမ်​​ရှေ့စံရဲ့ ထိမ်းမြားလက်​ထပ်​ပွဲ​​နေ့ပါ အိမ်​​ရှေ့စံ"

နန္ဒ ကြာပန်းနိုင်​ငံကိုလွှတိထားတဲ့ အတွင်းလူဆီက သတင်း​ကြောင့်​ အရမ်းကိုတုန်​လှုပ်​သွားမိ​တော့တယ်​ သူ့ရဲ့ အဖြူ​လေးက တကယ်​ကြီး တကယ်​ကြီးကို သူမဟုတ်​တဲ့ အခြားတစ်​​ယောက်​နဲ့ လက်​ထပ်​​တော့မယ်​တဲ့

နန္ဒ ​ပြေးထွက်​သွားပြီး မြင်း​ပေါ်တက်​ပြီး ကြာပန်း နိုင်​ငံ​တော်​ကို ဦးတည်​လိုက်​​တော့တယ်​ တလမ်း လုံးလည်း မျက်​ရည်​​တွေက ထိန်းမရ​အောင်​ ကျ​နေ​တော့တယ်

"လက်​မထပ်​ရဘူး အဖြူ​လေး ကိုယ်​ကလွဲရင်​ မင်း ဘယ်​သူကိုမှ လက်​မထပ်​ရဘူး"

ဘယ်​​လောက်​ပဲ​ပြော​နေပါ​စေ နန္ဒကို အရမ်းကိုခမ်း နားတဲ့မင်္ဂလာပွဲက ကြိုဆို​နေ​တော့တယ်​ နန်းရင်​ပြင်​တံခါးကိုဖွင့်​​ပေးထားပြီး ပြည်​သူ​တွေကိုပါ မင်္ဂလာပွဲကိုတက်​​ရောက်​ခွင့်​​ပေးထားတာမလို့ နန္ဒ နန်း​တော်​ထဲကို ဝင်​​ရောက်​လာနိုင်​တယ်​​လေ အနီ​ရောင်​ သတို့သားဝတ်​စုံ​လေးနဲ့အစွမ်းကုန်​ လှ​နေတဲ့ သူ့ရဲ့အဖြူ​လေး ပြည်​သူ​တွေကိုကြည့်​ပြီး ပြုံး​နေတဲ့ပုံ​လေးက အရမ်းကို ​အေးချမ်းပင်​မယ့်​ သူ့အတွက်​က​တော့

"မင်းသားနဲ့ ကြင်​ယာ​တော်​ ကျန်းမာပါ​စေ"

ပြည်​သူ​တွေရဲ့ဆု​တောင်းသံ​တွေကြားထဲမှာ သူ့ရဲ့အဖြူ​လေးက သတို့သမီးလက်​ကို ဆုပ်​ကိုင်​ရင်းပြုံး​နေ​တဲ့ပုံက သူ့ရင်​ကိုတစစီဆုတ်​ဖြဲပစ်​လိုက်​သလိုခံစား​နေရ​တော့တယ်

"ကိုယ်​ မင်းကိုရ​အောင်​ပြန်​ယူမယ်​ အဖြူ​လေး"

သင်္ခ ပြည်​သူ​တွေရဲ့ ဂါဝရပြုမှုကိုခံယူ​နေတဲ့အချိန်​ လူအုပ်​ထဲက​နေ နန္ဒကိုလှမ်းမြင်​လိုက်​တာမလို့ ပြုံးလိုက်​မိ​တော့တယ်​ သူအတ္တကြီးတယ်​ဆိုတာသိပင်​မယ့်​ နန္ဒကို​တော့ တကြိမ်​​လောက်​ သူရဲ့သတိုးသားဝတ်​စုံ​လေးနဲ့ပုံကိုမြင်​​တွေ့​စေချင်​တယ်​​လေ သူ့ကိုတ​မေ့တ​မော်​ ​ငေး​မောပြီးလှည့်​ထွက်​သွားတဲ့ ​ကျောပြင်​က သင်္ခကို အဆုံးစွန်​နာကျင်​မှုကိုဖြစ်​​စေတယ်​​လေ

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now