အခန်း(13)

5K 469 22
                                    

ကြာ​လေးဆီက ပြန်​လာပြီးတာနဲ့ စစ်​မင်း ကိုယ်​​နေတဲ့ နန်း​ဆောင်​ကို ပြန်​ပြီး အဝတ်​အစားလဲ​ရင်း အစီအစဉ်​ ချဖို့ စဉ်းစားလိုက်​​တော့တယ်

ဦးရီး​တော်​က​တော့ ဘယ်​လိုမှ ထီးနန်းကိုအလွယ်​တကူ လွှဲ​ပေးမှာ မဟုတ်​ဘူး ဒါပင်​မယ့်​ ​သွေး​ချောငိးစီးပြီးမှလည်း စစ်​မင်း ထီးနန်းကို မသိမ်းပိုက်​ချင်​ဘူး အရင်​ကတည်းက စစ်​မင်းမှ ထီးနန်းကို မလိုချင်​ခဲ့တာ​လေ

စစ်​မင်းကို ခုချိန်​ထိ နန်းတင်​ချင်​တဲ့ အမတ်​​တွေ အများကြီးရှိသလို စစ်​သူကြီး​တွေလည်း အခိုင်​အမာရှိ​နေတယ်​​လေ အဲ​တော့ ပြည်​သူ​တွေ ​ထောက်​ခံ​အောင်​ အရင်​ ကြိုးစားဖို့ဆုံးဖြတ်​လိုက်​တယ်​ စစ်​မင်းရဲ့ဖြစ်​တည်​မှုကို အရင်​က ​မသိ​စေချင်​ပင်​မယ့်​ ခု​တော့ လူတိုင်းသိ​အောင်​ လုပ်​ရ​တော့မယ်​​လေ ဒါ​တွေအကုန်​လုံးက ကြာ​လေးအတွက်​ပဲ

တကယ်​ဆို ဒီတ​ခေါက်​ ​ကောင်းကင်​နန်း​တော်​က​နေ လူပြည်​ကို​စေလွှတ်​တာ ကြာ​လေးအလှည့်​မဟုတ်​ဘူး ကြာ​လေးက ​ကောင်းကင်​တိုင်းပြည်​ကိုအုပ်​ချုပ်​တဲ့ ဘုရင်​ရဲ့ အငယ်​ဆုံးသား​တော်​​လေ

ခမည်း​တော်​နဲ့ အဲကြာပန်းပြည်​ကို တည်​​ထောင်​တဲ့ ဘိုး​ဘေး​တွေကြားမှာ ကတိကဝတ်​​တွေရှိလို့ မယ်​​တော်​​ပြောတာ​တော့ ခမည်း​တော်​​ပေါ်မှာ အဲဘိုး​ဘေး​တွေက ​ကျေးဇူးရှိလို့ ကြာပန်းပြည်​ကို ကြင်​ယာ​တော်​ချီးမြင့်​​ပေးပြီး ​ကောင်းကင်​တိုင်းပြည်​က ​ကျေးဇူးဆပ်​တာလို့​ပြောတာပဲ

ခမည်း​တော်​က ဒီတပါတ်​လူပြည်​ဆင်းဖို့ကို​ ​တော်​ဝင်​မျိုးနွယ်​​တွေထဲက မဲနှိုက်​​ရွေးချယ်​တာ ကြာ​လေးရဲ့တတိယအမ​တော်​က မဲ​ပေါက်​တာ​လေ အမ​တော်​ က ​နေနတ်​သားနဲ့ချစ်​ကြိုက်​​နေတာမလို့ လူပြည်​ကိုမသွားချင်​ဘူး​ဆိုပြီး ငို​နေတာ​ကြောင့်​ ကြာ​လေးက အမ​တော်​အစား ခမည်း​တော်​မသိ​အောင်​ ခိုးပြီးဆင်းလာတာ ခမည်း​တော်​သိလို့က​တော့ ကြာ​လေးကို အရမ်းစိတ်​ဆိုးမှာ

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now