အခန်း(39)

3.1K 314 18
                                    

"ဘယ်​လိုငယ်​​လေး ကြာငယ်​​လေး က​လေး​လေးလို့​ပြောလိုက်​တာလား"

အခရာအံ့​အော်​တကြီးနဲ့ ကြာငယ်​​လေးရဲ့လက်​​မောင်းကိုဆုပ်​ကိုင်​ရင်း ​မေးလိုက်​မိ​တော့တယ်

"အင်း ငယ်​တို့ရဲ့ သား​လေးငယ်​တို့ဆီ ပြန်​​ရောက်​​နေပြီ"

အခရာ အံ​သြဝမ်းသာလွန်းလို့ မျက်​ရည်​​တွေ ကျလာ​တော့တယ်​ သား​လေး သူတို့နှစ်​​ယောက်​ရဲ့သား​လေး အ​ကောင်​အထည်​​လေး​တောင်​ မမြင်​လိုက်​ရပဲ​သေဆုံးသွားတဲ့က​လေး​လေးက ခုဆို သူတို့နှစ်​​ယောက်​ဆီပြနိလာ​နေပြီ​လေ

"ရာရာ"

"ကိုယ်​တို့ရဲ့ တကယ်​က​လေး​လေး ကိုယ်​တို့ရဲ့ သား​လေး ဟုတ်​လား ငယ်​ ငယ့်​ရဲ့ဒီဗိုက်​​သေး​သေး​လေးထဲမှာ တကယ်​ပဲ ကိုယ်​တို့ရဲ့ သား​လေးပြန်​​ရောက်​လာပြီလား"

ငယ့်​ရဲ့ ဗိုက်​ကို တဆတ်​ဆတ်​တုန်​​နေတဲ့ လက်​​တွေနဲ့ လာထိ​တွေ့တဲ့ ရာရာက အရမ်းကိုစိတ်​လှုပ်​ရှားပြီး အံ့​သြပျာ်​ရွှင်​​နေသလိုပဲ

"ဟုတ်​တယ်​ ရာရာနဲ့ ငယ်​တို့ရဲ့က​လေး​လေး ငယ်​တို့ဆီပြန်​လာပြီ"

အခရာ ငယ့်​ကိုယ်​​လေးကို ​ပွေ့ထားလိုက်​မိ​တော့တယ်

"ကိုယ်​အရမ်း​ပျော်​တယ်​ ငယ်​"

"ငယ်​လည်း​ပျော်​တယ်​"

"ရာရာ"

"ဟင်​"

နဖူး​လေးကို ဖွဖွ​လေး နမ်းရင်းထူးလိုက်​​တော့ ကြာငယ်​​လေးက​မော့ကြည့်​လာပြီး

"ငယ်​တို့ ဒီအ​ကြောင်းကို လျိုဝှက်​ထားရ​အောင်​"

"ဘာလို့လဲ ငယ်​"

အခရာ နားမလည်​သလို​မေးလိုက်​​တော့ ငယ်​က အခရာ လက်​ကို ဆုပ်​ကိုင်​လိုက်​ပြီး

"ငယ်​ တို့အရင်​ဘဝရဲ့ရန်​​ကြွေးလက်​ကျန်​​တွေရှိ​နေတယ်​ ရာရာ အထူးသဖြင့်​ ငယ်​တို့ဘဝကို အဓိကဖျက်​စီးခဲ့တဲ့ ဦးမာဃ သူကလူလည်းပြန်​မဝင်​စားသလို ​လောကသုံးခုမှာ သူ့ကိုရှာမ​တွေ့ဘူး ရာရာ အဲဒီ​တော့ ဖြစ်​နိုင်​တာက"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now