အခန်း(44) side couple

2.7K 230 6
                                    

ဒိအပိုင်းက ​စေလို့​ခေါ်တဲ့ နန္ဒနဲ့ ဇ လို့​ခေါ်တဲ့ သင်္ခတို့ရဲ့အတိတ်​ဘဝသီးသန့်​အပိုင်း​လေးပါ

သူ ဆိုတဲ့ သင်္ခက ကြာပန်းနိုင်​ငံ​တော်​ရဲ့ မင်းသား တစ်​ပါးအဖြစ်​​မွေးဖွားလာခဲ့တယ်​ ရက်​စက်​တတ်​တဲ့ခမည်း​တော်​ ကြာပန်းနိုင်​ငံ​တော်​ရဲ့ ညီ​တော်​မင်း သား မာဃနဲ့ ​လောဘကြီးလွန်းတဲ့ မယ်​​တော်​တို့ ဆီမှာ​မွေးဖွားလာတဲ့သူက ငယ်​ငယ်​​လေးကတည်း က ချစ်​ခြင်း​မေတ္တာ​တွေနဲ့ ကင်း​ဝေးခဲ့ရတယ်

သိပ်​ကို သ​ဘော​ကောင်းတဲ့ ဦးရီး​တော်​ကြာပန်း ဘုရင်​မင်းမြတ်​ရယ်​ ပြီး​တော့ မိဖုရား​ခေါင်​ကြီးက​နေ သူအသက်​သုံးနှစ်​ပြည့်​မှာ နန်း​တော်​ထဲကို​ခေါ်ပြီး ​စောင့်​​ရှောက်​ခံခဲ့ရတဲ့အချိန်​က သူ့ဘဝရဲ့အ​ပျော်​​တွေ စတင်​ရာအချိန်​​တွေဖြစ်​လာ​တော့တယ်

သူ့အသက်​ငါးနှစ်​ပြည့်​တဲ့နှစ်​မှာ သူသိပ်​ချစ်​တဲ့ မယ်​​တော်​မိဖုရား​ခေါင်​ကြီးက ညီ​တော်​​လေး စစ်​မင်း သစ္စာကို ​မွေးဖွားခဲ့တယ်​ မှတ်​မှတ်​ရရ ညီ​တော်​​လေး​ကို စ​တွေ့တဲ့အချိန်​မှာ ညီ​တော်​​လေးက သူ့ကိုပထမဆုံးရီပြခဲ့တယ်​ ​မောင်​နှမသားချင်း မရှိတဲ့ သူ့အတွက်​ ညီ​တော်​​လေးက သာ ချစ်​စရာ ခင်​တွယ်​စရာဖြစ်​လာပြီး နန်း​တော်​ကလည်း တဖြည်းဖြည်းနဲ့ သူ့ရဲ့အိမ်​​တော်​ဖြစ်​လာ​တော့တယ်​ ညီ​တော်​​လေးက သူ့လက်​​ပေါ်မှာကြီးပြင်းလာတာ ခုဆို အသက်​ငါးနှစ်​​တောင်​ပြည့်​လို့ သူ့ကို အစ်​ကို​တော်​လို့​ခေါ်ပြီး မုန့်​​တောင်​ညာစားတတ်​​နေပြီ

သူ့လက်​ကိုဆွဲပြီး ​တောက်​​တောက်​နဲ့ ​လျှောက်​သွား တတ်​တဲ့ ညီ​တော်​​လေးက သူ့ဘဝအတွက်​ အဖိုးမဖြတ်​နိုင်​တဲ့လက်​​ဆောင်​မွန်​​လေးပဲ ငယ်​ငယ်​​လေးကတည်းက ဖခင်​အရင်း မိခင်​အရင်းရှိတဲ့အိမ်​​တော်​ထက်​ ညီ​တော်​​လေးရှိတဲ့ နန်း​တော်​ကသာ သူ့အတွက်​​နွေး​ထွေးရာဖြစ်​လာခဲ့တယ်

သူအသက်​15နှစ်​ပြည့်​တဲ့​နေ့ အဲ​နေ့က သူ့ဘဝမှာ ဘယ်​​တော့မှ မမြင်​ချင်​ဆုံး မ​တွေ့ချင်​ဆုံး​သောမြင်​ကွင်းကို မြင်​ခဲ့ရတယ်​ သူ့ဖခင်​အရင်းရဲ့ဓားချက်​​အောက်​မှာ ညီ​တော်​​လေးရဲ့ခမည်း​တော်​နဲ့မယ်​​တော်​ သူသိပ်​ချစ်​ရတဲ့ ဦးရီး​တော်​မင်းကြီးနဲ့ သူ့ကိုမိခင်​​မေတ္တာအပြည့်​နဲ့​စောင့်​​ရှောက်​ခဲ့တဲ့ မိဖုရား​ခေါင်​ကြီးက ​သွေးသံတရဲရဲနဲ့​သေဆုံးခဲ့ရ​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now