အခန်း(5)

6.2K 570 41
                                    

"အခရာ"

ကြာငယ်​​လေးကိုချီပြီး အခန်းထဲကပြန်​ထွက်​လာ​တော့ လင်းရိပ်​နဲ့ ဇကို​တွေ့လိုက်​ရ​တော့တယ်

"မင်းတို့က"

အခရာ​မေးတာကို ပြန်​မ​ပြောနိုင်​ပဲ လင်းရိပ်​က ကြာငယ်​​လေးဆီသာ တိုးလာတာ​ကြောင့်​ အခရာ ကြာငယ်​​လေးကို ဖက်​ထားလိုက်​မိ​တော့တယ်

"မတွန်​တိုစမ်းပါနဲ့ကွာ ငါကြည့်​ချင်​လို့ပါ"

"ကြာငယ်​​လေး"

ကြာငယ်​​လေးလို့​ခေါ်လိုက်​တာနဲ့ မျက်​လုံးပြာပြာ​လေးက လင်းရိပ်​ကိုစူးစမ်းသလို​လေး ကြည့်​​နေ​တော့တယ်

"ငယ်​"

"ဒါက daddyသူငယ်​ချင်းသုခလင်းရိပ်​ ဒါက ဇ​လေ့မင်းထင်​တဲ့ ငယ်​ နှုတ်​ဆက်​လိုက်​ပါအုံး"

"ထင်​ထင်​နဲ့ ရိပ်​ရိပ်​"

"ဘယ်​လို ကြာငယ်​​လေး ပြန်​​ခေါ်ပါအုံး"

"ရိပ်​ရိပ်​"

"အာ ချစ်​စရာ​လေးကွာ"

လင်းရိပ်​မှာ ကြာငယ်​​လေးကိုအသဲယားလွန်းလို ​ဘေးနားက ဇ လက်​​မောင်းကို ထု​နေမိ​တော့တယ်

"ကြာငယ်​​လေး ရိပ်​ရိပ်​ဆီလာ"

"လာဘူး ရာရာ ကြိုက်​ဘူး ရာရာ ဆူ"

"ရာရာ ဆိုတာ ဘယ်​သူကို​ပြောတာလဲ ငယ်​"

အခရာ​မေးတာကို ကြာငယ်​​လေးက ပါးချိုင့်​​လေးခွက်​ဝင်​​အောင်​ပြုံးပြရင်း အခရာရဲ့ ရင်​ဘတ်​ကို ပုတ်​ပြ​တော့တယ်

"Daddyကို ​ပြောတာလားငယ်​"

"Daddy ဟုတ်​ဘူး ရာရာ"

"Daddyလို့​ခေါ်ရမယ်​​လေ"

"​ခေါ်ဘူး ရာရာပဲ ​ခေါ်မှာ"

ဟားဟား

"​ကောင်းတယ်​ ခုမှပဲစစ်​မင်းအခရာကို နိုင်​တဲ့လူ​ပေါ်လာ​တော့တယ်​"

"အဲဒါမင်းတို့​ကြောင့်​ ဘာလို့ ငယ့်​​ရှေ့မှာ အခရာ လို့လာ​ခေါ်လဲ"

"ဒါဆို ငါတို့က အခရာလို့မ​ခေါ်ပဲ daddyလို့​ခေါ်ရမှာလား"

"သွားကွာ ပြန်​​တော့"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now