အခန်း(16)

4.6K 425 18
                                    

အော်​ဟစ်​ ငိုယို​နေတဲ့ က​လေး​တွေ တိုင်​ယဲ့ယဲ့​လေး​တွေကိုမှီပြီး​နေတဲ့ လူ​တွေ ​မြေပြင်​​ပေါ်လဲကျ​နေတဲ့ သက်​ကြီးရွယ်​အို​တွေကိုကြည့်​ပြီး စစ်​မင်း စိတ်​မ​ကောင်းဖြစ်​​နေမိ​တော့တယ်

"ဆန်​ပြုတ်​​ဝေ​တော့မယ်​ ဆန်​ပြုတ်​​ဝေ​တော့မယ်​​ဟေ့"

လူတစ်​​ယောက်​အဲလို ​အောက်​လိုက်​တာနဲ့ လူ​တွေက အတင်းထ​ပြေးကြတာ​ကြောင့်​ လဲကျ​နေတဲ့ လူ​တွေကို တက်​နင်းမိကြ​တော့တယ်​ ​မြေပြင်​​ပေါ်မှာမထနိုင်​တဲ့ လူ​တွေဆီ စစ်​မင်း​ပြေးပြီးသွားထူ​ပေးမိ​တော့တယ်​ စစ်​မင်း​ဘေးမှာ သက်​​တော်​​စောင့်​ဖြစ်​တဲ့ မင်းသက်​ ကလဲ စစ်​မင်းနဲ့အတူသက်​ကြီးရွယ်​အို​တွေနဲ့ က​လေး​လေး​တွေကို အ​ပြေးအလွှာ ကာကွယ်​​ပေးကြ​တော့တယ်​ ဘယ်​​လောက်​ပဲကာကွယ်​​ပေး​ပေး လူအများကြီးဖြတ်​​ပြေးတာမလို့ ​တော်​​တော်​များများက ထိခိုက်​ဒဏ်​ရာ​တွေ အပြည့်​နဲ့​ပေါ့

စစ်​မင်း နဲ့ မင်းသက်​ တို့ ဆန်​ပြုတ်​​ဝေတဲ့​နေရာကိုကြည့်​လိုက်​​တော့ ဆန်​ပြုတ်​​ဝေ​ပေးမယ့်​​နေရာကို သံဆူးကြိုး​တွေနဲ့ပိတ်​ထားပြီး လူ​တွေက ဆန်​ပြုတ်​တခွက်​ရဖို့ အဲကြိုး​တွေ​ရှေ့မှာ တိုး​နေကြ​တော့တယ်

"အားလုံးပဲ ဆန်​ပြုတ်​က ထုံးစံအတိုင်း လူအကန့်​အသတ်​နဲ့ဆို​တော့ စွမ်းအားရှိတဲ့သူပဲရမှာပါ ငါက 1 2 3 ​ရေတွက်​ပြီးတာနဲ့ ဒီထဲကို လူအ​ယောက်​တစ်​ရာပဲ လက်​ခံမှာဆို​တော့ အားလုံးပဲ ကြိုးစားလိုက်​ပါအုံး"

ပြည်​ထဲ​ရေးအမတ်​ရဲ့စကား​ကြောင့်​ စစ်​မင်းအရမ်းကို ​ဒေါသထွက်​သွား​တော့တယ်​ လူ့အသက်​​တွေကို လုပ်​ရက်​လိုက်​တာ

"1 2 3"

အော်​ဟစ်​ ပြုံတိုး​နေတဲ့ လူများ လဲကျသွားတဲ့ လူ​တွေအ​ပေါ်တက်​နင်း​နေတဲ့လူ​တွေနဲ့ နာကျင်​​အော်​ဟစ်​သံ​တွေက ကွင်းပြင်​တ​လျှောက်​ပျံနှံ့သွား​တော့တယ်​ စစ်​မင်း အဲ​နေရာကို​ပြေးသွားဖို့ပြင်​လိုက်​တုန်းမှာ မင်းသက်​က အတင်းဆွဲထားပြီး

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now