အခန်း(14)

4.8K 437 20
                                    

စစ်​မင်း သူ့ရင်​ခွင်​ထဲဝင်​လာတဲ့ ကိုယ်​လုံးအိအိ​လေးကို ဖက်​ရင်း ကြာ​လေးရဲ့ ကြာပန်းအနံ့​လေးကို ရူရှိုက်​​နေမိ​တော့တယ်​ စစ်​မင်း အရမ်းကိုစိတ်​ပူ​နေမိတယ်​ အရမ်းကိုလှလွန်းပြီး ​ကောင်းချင်း​တွေနဲ့ ပြည့်​စုံ​နေတဲ့ ကြာ​လေးကို တ​ယောက်​​ယောက်​ကများ​တွေ့သွားရင်

စစ်​မင်း ​ခေါင်းကိုခါယမ်းရင်း ကြာ​လေးကိုယ်​ကို ကျစ်​​နေ​အောင်​ဖက်​လိုက်​မိ​တော့တယ်

"မင်းက အစ်​ကို့အပိုင်​ပဲ ဖြစ်​ရမယ်​​နော်​ ကြာ​လေး

"ကြာ​လေးက အမြဲ အစ်​ကို့အပိုင်​ပါ"

ခေါင်း​လေးကိုဖွဖွ​လေးနမ်းရင်း စစ်​မင်း ​နောက်​လုပ်​မယ့်​အစီအစဉ်​​တွေကို ​တွေး​နေလိုက်​​တော့တယ်

စစ်​မင်း ကြာ​လေးဆီကပြန်​လာပြီး နန်း​ဆောင်​​ရောက်​တာနဲ့ အနက်​​ရောင်​တမာန်​လျိုဝှက်​ကိုယ်​ရံ​တော်​အဖွဲ့ကို ​ခေါ်လိုက်​​တော့တယ်

အနက်​​ရောင်​တမာန်​လျိုဝှက်​ကိုယ်​ရံ​တော်​အဖွဲ့က အဖွဲ့ဝင်​ 20ပါပြီး​တော့ နယ်​ပါယ်​အစုံမှာ အရမ်းကိုကျွမ်းကျင်​တဲ့ ပညာရှင်​​တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တဖွဲ့​လေ ​ခေါင်း​ဆောင်​ရန်​ ကလည်းစစ်​မင်းကို ငယ်​ငယ်​​လေးကတည်းကထိန်း​ကြောင်းလာတဲ့ လူမလို့ စစ်​မင်းအ​ပေါ်အရမ်းကိုသစ္စာရှိတဲ့လူတစ်​​ယောက်

"ကျွန်​​တော်​ ကြာပန်းနိုင်​ငံ​တော်​ရဲ့ထီးနန်းကို သိမ်းပိုက်​မယ်​"

"မင်းသား​လေး"

ခေါင်း​ဆောင်​ရန်​က စစ်​မင်း ကိုကြည့်​ပြီး ဝမ်းသာအားရ​အော်​လိုက်​​တော့တယ်​ တကယ်​ဆို မင်း သား​လေးက ငြိမ်​​နေလို့သာ သူတို့က သူတို့မင်းသား​လေးကိုသာ ဘုရင်​ဖြစ်​​စေချင်​တာ​လေ

"မှန်​ကန်​တဲ့ဆုံးဖြတ်​ချက်​ပါ မင်းသား​လေး"

"ခုကစပြီး ဦး​လေးရန်​တို့အဖွဲ့က ပြည်​သူ​တွေကြားထဲမှာ သတင်း​တွေဖြန့်​​ဝေဖို့ကူညီ​ပေးပါ အရင်​ဘုရင်​ရဲ့​သွေးသား သက်​ရှိထင်​ရှားရှိ​နေ​သေးတယ်​ဆိုတာရယ်​ ဦးရီး​တော်​ရဲ့ထိန်းချုပ်​ခံ​နေရတယ်​ ဆိုတာရယ်​"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲDonde viven las historias. Descúbrelo ahora