အခန်း(3)

6.5K 618 46
                                    

အခရာရဲ့ စကားသံအဆုံးမှာ ​မွှေးပျံလာတဲ့ ကြာပန်းရနံ့​လေး ပါတ်​ဝန်းကျင်​တခုလုံးမှာ ကြာပန်းရနံ့​လေး ​မွှေးပျံလာပြီး ကြာပန်း ကြီးကလည်း အ​ရောင်​​တွေ​တောက်​ပလာတာကို ​တွေ့လိုက်​ရတယ်​ ပါတ်​ဝန်းကျင်​တခုလုံး ချက်​ချင်း ကိုတိတ်​ကျသွားပြီး အားလုံးက ​တောက်​ပလာတဲ့ ကြာပန်းကြီးကို ကြည့်​​နေကြ​တော့တယ်

အခရာကြည့်​​နေတုန်းမှာပဲ ကြာပန်းကြီးအလယ်​မှာ ​ပေါ်ထွက်​လာတဲ့ လူသား​လေး ရာဇဝင်​​တွေထဲက​ပြောထားသလို ​ခြောက်​လသား​လောက်​ရှိမယ့်​ က​လေး​လေးတ​ယောက်​ က​လေး​လေးက ကြာပန်း ထဲက​နေ အခရာကိုကြည့်​ပြီး သူ့ရဲ့ပါးချိုင့်​​သေး​သေး​လေး​ပေါ်​အောင်​ ပြုံးပြ​နေတာကို အခရာ အံသြတကြီး ​ငေးကြည့်​​နေမိ​တော့တယ်

အခရာကို လက်​​လေးနှစ်​ဖက်​ကမ်းပြီး ချီခိုင်း​နေတဲ့ က​လေး​လေး​ကြောင့်​ အခရာ က​လေး​လေးကို ချီလိုက်​မိ​တော့တယ်​ နူးညံ​နေတဲ့ အသားအရည်​ ပြာလဲ့​နေတဲ့ မျက်​လုံး​လေး​တွေ ​ငွေမှင်​​ရောင်​ ဆံပင်​​လေး​တွေနဲ့ ပါးချိုင့်​နှစ်​ဖက်​ ခွက်​ဝင်​​နေ​အောင်​ ရီပြ​နေတဲ့ ကြာငယ်​​လေးက အခရာရဲ့ ငြိမ်​သက်​​နေတဲ့ နှလုံးသားကို ဆွဲခါယမ်းပြစ်​​နေသလိုပဲ

"ကြာငယ်​​လေး"

ခစ်​ခစ်

အခရာရဲ့ ​ခေါ်သံ​ကြောင့်​ တခစ်​ခစ်​နဲ့ ထရီ​နေတဲ့ ကြာငယ်​​လေး

အခရာ ကြာငယ်​​လေးကို ​ပွေ့ချီလိုက်​ပြီး ​သေချာကြည့်​လိုက်​​တော့ အခရာအံ့အားသင့်​သွားမိတယ်​ ကြာငယ်​​လေးက ​ယောက်​ကျား​လေး ကြင်​ယာ​တော်​လို့သတ်​မှတ်​ထားတဲ့ ကြာငယ်​​လေးက ​ယောက်​ကျား​လေးတဲ့လား

အခရာ ကြာငယ်​​လေးကို​ပွေ့ချီပြီး ​ရေကန်​​ဘောင်​ဆီရာ ကူးလာပြီး ​ဘောင်​​ပေါ်တက်​လိုက်​​တော့ အသင့်​​စောင့်​​နေတဲ့ သက်​​တော်​​စောင့်​​တွေက အ​ပေါ်​လောင်းကုတ်​ရှည်​တခုနဲ့ တဘတ်​တခုယူလာ​ပေး​တော့တယ်​ အားလုံးကလဲ ကြာငယ်​​လေးက ​ယောက်​ကျား​လေးဖြစ်​​နေတာ​ကြောင့်​ အံ့သြတကြီးဖြစ်​​နေကြ​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now