အခန်း(43)

3K 286 20
                                    

အဝါ​ရောင်​​ဖျော့​ဖျော့ ​မွှေရာ​ပေါ်မှာ အိပ်​​ပျော်​​နေတဲ့ကြာငယ်​​လေးက တစ်​ရက်​အတွင်းမှာ ​တော်​​တော်​ကိုဖြူ​ဖျော့သွား​တော့တယ်​ မ​နေ့က ကား​ပေါ်က​တည်းကသတိ​မေ့သွားတဲ့ကြာငယ်​​လေး​ကြောင့်​ အခရာ စိတ်​​တွေအရမ်းကိုပူသွားမိတယ်
ကြာငယ်​​လေးရဲ့ မမသာ မရှိရင်​ အခရာ ဘာလုပ်​ရမှန်းမသိပဲရူးသွပ်​သွားမလားပဲ

"ခုထိမနှိုး​သေးဘူးလား အခရာ"

"မ​သွေး"

အခရာတို့ဆီ​ရောက်​လာတဲ့ မ​သွေးနဲ့ လင်းရိပ်​က အခရာကိုစိတ်​မ​ကောင်းသလိုကြည့်​​နေ​တော့တယ်

"သိပ်​စိတ်​မပူပါနဲ့ အရမ်းပင်​ပန်းသွားလို့ အနားယူချင်​တာမျိုးပါ"

အခရာ ဘာမှမ​ပြောပဲ ကြာငယ်​​လေးလက်​ကိုဆုပ်​ကိုင်​ပြီး ​ခေါင်းသာ ငြိမ့်​ပြလိုက်​မိ​တော့တယ်

သွေး အခရာကိုကြည့်​ပြီး တကယ်​ကို စိတ်​မ​ကောင်း ဖြစ်​မိတယ်​ ​မောင်​ငယ်​​လေးရဲ့ ဘဝက ဘာလို့များအဲ​လောက်​ခက်​ခဲ​နေမှန်း​သွေး တကယ်​နားမလည်​ဘူး ဘဝဆက်​ဆက်​ အချစ်​​တွေစစ်​မှန်​နေရဲ့သားနဲ့ အချစ်​နတ်​ဘုရားက ​မောင်​ငယ်​​လေးတို့အချစ်​ကို ဘာ​တွေစမ်းသပ်​​နေမှန်းမသိဘူး ဒီတစ်​​ခေါက်​ ​ကောင်​ကင်​နန်း​တော်​ ပြန်​မှ အချစ်​နတ်​ဘုရားဆီသွားပြီးပွဲကြမ်းဖြစ်​ရမယ်

မ​နေ့က အခရာပုံစံက အရူးတစ်​​ယောက်​လိုပဲ သမ္မတတစ်​​ယောက်​ရဲ့ ဂုဏ်​သိက္ခာ​တွေ ဘာ​တွေ မရှိ​တော့ပဲ ​သွေးကိုငိုပြီး အကူအညီ​တောင်းခဲ့တာ ခုလည်းကြည့်​​လေ ငယ်​​လေးလက်​ကိုဆုပ်​ကိုင်​ပြီး မ​နေ့ကတည်းက သတိမရလာ​သေးတဲ့ ငယ်​​လေးမျက်​နှာကို ထိုင်​ကြည့်​​နေတာ

"ကျွန်​​တော်​​လေ တခါတ​လေ ​နောင်​တရတယ်​သိလား မ​သွေး"

"ကျွန်​​တော်​သာ ငယ်​နဲ့မဆုံ​တွေ့ခဲ့ရင်​ ငယ်​ဒီ​လောက်​ထိဒုက္ခ​ရောက်​မှာမဟုတ်​ဘူး ပြီး​တော့ ငယ့်​မိဘ​တွေနဲ့လဲခွဲရမှာမဟုတ်​သလို ခုချိန်​ဆို ငယ်​​ပျော်​ရွှင်​​နေရမှာ"

လင်းရိပ်​ အခရာရဲ့ပခုံးကိုပုတ်​ပြီး အား​ပေး​နေပင်​မယ့်​ အခရာက မျက်​ရည်​​တွေကျလာ​တာမလို့ လင်းရိပ်​ ပိုပြီးစိတ်​မ​ကောင်းဖြစ်​​မိ​တော့တယ်​ ငယ်​ငယ်​​လေးကတည်းက ခံစားချက်​ကိုသိပ်​မ​ဖော်​ပြတတ်​တဲ့ အခရာက မျက်​ရည်​ကျတာကိုကြည့်​ ရင်​ သူဘယ်​​လောက်​​တောင်​ဝမ်းနည်း​နေမလဲဆိုတာ လင်းရိပ်​ ခံစားမိ​နေတယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now