အခန်း(40)

3.2K 288 14
                                    

"​ယောက်​ကျား ​ယောက်​ကျား ကိုယ်​လည်း ဒါတခုစားချင်​တယ်​"

"​ယောက်​ကျား"

"မင်းပါးစပ်​ကို ပိတ်​ထားစမ်း ​စေတမာန်​"

ဇ ​စေတမာန်​ကိုကြည့်​ပြီး စိတ်​​တွေညစ်​​နေမိ​တော့တယ်​ ဒီ​နေ့ကျမှ ဘာစိတ်​ကူး​ပေါက်​တယ်​မသိဘူး စိတ်​ကူး​ပေါက်​တယ်​ရယ်​လဲ မဟုတ်​ပါဘူး မ​နေ့က မူးပြီးရစ်​ထားလို့လားမသိဘူး ဒီ​နေ့ အပြင်​မှာ ​ဈေးဝယ်​ထွက်​ပြီး ရုပ်​ရှင်​လိုက်​ပြမယ်​ဆိုပြီး ဆွဲ​ခေါ်သွားတာ​ကြောင့်​ ဇမှာ ရက်​ကန်​ရက်​ကန်​နဲ့ ပါလာရတာ​လေ သက်​​တော်​​စောင့်​​တွေကို အ​ဝေးက​နေ​စောင့်​​ရှောက်​ခိုင်းထားပြီး သူက​တော့ maskနဲ့ ဦးထုပ်​​ဆောင်းထားတယ်​​လေ ဇကို​တော့ ဒီအတိုင်း maskမတပ်​ခိုင်းပဲ ​ခေါ်လာတယ်​​လေ

ဇတို့ဝတ်​ထားတဲ့ဝတ်​စုံကိုလည်းကြည့်​​လေ စတိုင်​pant အနက်​​ရောင်​ကို ဆင်​တူဝတ်​ထားပြီး ဇက အနက်​​ရောင်​ ရှပ်​ သူက အဖြူ​ရောင်​ရှပ်​ဝတ်​ထားတာမလို့ ရုတ်​တရက်​ကြည့်​လိုက်​ရင်​ couple လိုလို ဘာလိုလိုနဲ့

အဲကြားထဲ Centerထဲ​ရောက်​​တော့ ဘာစိတ်​ကူး​ပေါက်​တယ်​မသိဘူး လူများများရှိတာနဲ့ ​ယောက်​ကျား ​ယောက်​ကျားနဲ့ ဇ ကို​ခေါ်​နေတာမလို့ ​ဘေးနားကလူ​တွေကလဲ ဇတို့နှစ်​​ယောက်​ကို ပြုံးစိ ပြုံးစိနဲ့ ကြည့်​​နေကြတယ်​​လေ တချို့ခပ်​ကဲကဲ​ကောင်​မ​လေး​တွေဆို ဓာတ်​ပုံ​တွေ​တောင်​ ခိုးရိုက်​​နေကြ​လေရဲ့ သူက​တော့ဘယ်​ရှက်​မလဲ maskတပ်​ထားတာကို ဇမှာသာ maskလည်း မပါ တာမလို့ ဇ မျက်​နှာကြီးကရဲတက်​လာ​တော့တယ်

"​ယောက်​ကျား"

"မင်းမ​တော်​​သေးဘူးလား ​စေတမာန်​"

"​ယောက်​ကျား စိတ်​မ​ကောက်​ပါနဲ့ ကိုယ်​​ယောက်​ကျား​ ​ခေါ်​စေချင်​သလို ​ယောက်​ကျားလို့လည်း​ခေါ်တယ်​​လေ ပြီး​တော့ မုန့်​လည်း​လျော့စားမယ်​​လေ ဘာမှမပူစာ​တော့ဘူး​နော်​ စိတ်​မဆိုးပါနဲ့"

ဇ ဘာမှမ​ပြောချင်​တာမလို့ ထွက်​သွား​တော့ ​နောက်​က​နေ ​ယောက်​ကျား ​ယောက်​ကျားဆိုပြီး ​အော်​ပြီး လိုက်​လာ​တော့တယ်​ ဇလည်း နှုတ်​ခမ်း ကို တွန့်​​နေ​အောင်​ပြုံးလိုက်​ပြီး ​ပြေးလာ​နေတဲ့ ​ကောင်​ကို လက်​​မောင်းထဲ ဆွဲထည့်​လိုက်​ပြီး

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now