1U

22.1K 231 2
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 1 ♡

🍀🍀ဝတ္ထုပါအကြောင်းအရာတို့သည် စာရေးသူ၏ စိတ်ကူးယဥ်သက်သက်မျှသာ.....🍀🍀

🎵🎶🎵🎶🎵🎶🎵🎶
သီချင်းသံ ဒီဂျေသံများအပြင် စင်ပေါ်မှ စကတ်အတိုလေးဖြင့် အဆိုတော်ခပ်လန်းလန်းလေးနှင့် စင်အောက်ကပရိသတ်တို့က အတိုင်အဖောက်ညီလှစွာ
စင်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာလဲ ရေပိုက်များဖြင့် ရေများပက်နေကြသော လူကတစ်စု
ထိုနေရာနဲ့ခပ်လှမ်းလှမ်းမှာကိုယ့်Clubအတွက် ရန်ပုံငွေရှာသည့်အနေဖြင့် အစားအသောက်တစ်ခုခုကို ရောင်းနေလေသည်
စကတ်အတို ဘောင်းဘီအကျပ်များဖြင့် အင်္ကျီတို့မှာလဲရေစို၍ကပ်နေကာ တစ်ချို့ဆိုအောက်ခံအင်္ကျီကအတိုင်းသားပင်
မိန်းကလေးတစ်ချို့ကလဲ မူးနေကာ ယိုင်ထိုးနေလျက်
တစ်ချို့ကောင်လေးတွေက ထိကပါးရိကပါးစနောက်နေပြန်သည်
"ဟေ့ရောင် ဓန"
လူအုပ်ကြားထဲ ပျိုမဒီတစ်သိုက်နှင့် အပြတ်အသတ်ကဲပြီးမောဟိုက်လာပုံတူပါရဲ့
ဓနရပ်နေသည့် လူရှင်းရာနေရာသို့ ယိုင်ထိုးထိုးလမ်းလျှောက်လာသူက ကိုယ့်သူငယ်ချင်းကောင်းကြီး နေနိုင်
ဒီနေရာမျိုးတွေ မကြိုက်တာကို ဇွတ်အတင်းခေါ်လာသေးသည်
ကျောင်းသင်္ကြန်ကို ဘယ်နှစ်ကမှမသွားဖူးပေမယ့် ဒီနှစ်နောက်ဆုံးနှစ်လေး ဘာလေးနဲ့အတင်းခေါ်လာလို့သာ
အိမ်မှာ အိပ်နေရင်အိပ်ရေးဝနေဦးမယ်

"မင်းကို The Whole Queenလှမ်းရှိုးနေတယ်"
နေနိုင်ပြောလိုက်သော်လည်း အဖတ်မလုပ်
ကြည့်ရတာ ကိုယ့်ကိုကျေနပ်နေသည့်ပုံမပေါ်
ဒါကလဲ ကိုယ့်အမှား ဒီကောင်ကြီး ဒီလိုနေရာကိုစိတ်မဝင်စားမှန်းသိရဲ့နဲ့ လျှာရှည်ခဲ့တာ
ခုလဲ မျက်မှောင်ကြုတ်ထားတာ လူကိုထထိုးတော့မလိုလို
ဒီကောင့်ဒေါသကပြောရတာမဟုတ်ဘူး သူငယ်ချင်းဘာညာထည့်တွက်နေတတ်သူမဟုတ်
ငယ်ကထဲက ပေါင်းလာကြသူများမလို့ ညီအစ်ကိုအရင်းအချာကဲ့သို့ပင်
ကိုယ်နဲ့ဆိုးဖော်ဆိုးဖက် အဲ... မတူတာတစ်ခုက ကိုယ့်လိုတော့ မပွေမရှုပ်ဘူးဆိုရမလား
စည်းစိမ်ဓနဆိုတဲ့ ဒီကောင်က ရူပါလဲဖြောင့်တယ် အရပ်ကတော့ ဒီကောင့်ကိုကိုယ်မနာလိုရတဲ့ အချက်တစ်ချက်
ကိုယ်ကလဲ ပေမိထောင့်မိတာကိုပင် ကျော်လွန်သေးသည်
ကိုယ့်အရပ်က၅ပေ၉လက်မကျော်လေ သူ့အရပ်က ၆ပေတောင်စွန်းသေးသည်မလို့ အရပ်ရှည်လှသည်ပြောရမည်
ပြီးတော့ ခပ်တောင့်တောင့်ခန္ဓာကိုယ်ဖြင့် နိုင်ငံခြားမော်ဒယ်တွေနှင့်တောင် ဆင်ပြီး မိန်းကလေးတိုင်းကြွေချင်စရာအတိ
တွေ့တဲ့ပျိုမေတိုင်း လည်ပြန်ငေးရအောင်ချောမောသည်
အနားသို့ ရေလာမြောင်းပေးရုံမျှမက ချောင်းပါဖောက်လာကြတာ တစ်ပုံတစ်ပင်
ဒါပေမယ့် အကုန်နီးပါး အလံဖြူပြရသည်ချည်း

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now