Part ♡ 8 ♡
မနက်မိုးလင်းထဲက သခင်လေး၏ အမိန့်တော်အတိုင်း မြက်ခင်းပြင်စိမ်းစိမ်းကြီးထက်နှင်းဆီပျိုးပင်များဝယ်ကာ စိုက်ရင်း အလုပ်ရှုပ်နေရသည်
ကြီးကြီးကတော့ အိမ်ကမောင်းမထုတ်တာကံကောင်းနေပြီတဲ့လေ
သဲသဲနှင့် ကြွယ်ကြွယ်တို့ကအလုပ်အားလပ်ချိန် ပကတိအပင်စိုက်နေသည့်အနားလာကာ စကားပြောပေးနေကြပေမယ့် ဘယ်သူမှတော့မကူရဲ
"မမကြွယ်အမှားပါကွယ် ပကတိကိုမပြောမိတာ"
ပကတိ နှင်းဆီပင်တို့အားစိုက်ရင်းပြုံးလျက်
"ဘာမှမဖြစ်ပါဘူးမမကြွယ်ရယ် ပန်းပင်လေးစိုက်ရုံကို"
"ဒါပေမယ့် တစ်ပင်နှစ်ပင်မှမဟုတ်တာ"
"ဖြည်းဖြည်းချင်းပေါ့ ဒါနဲ့ သခင်လေးက ပန်းတွေအားလုံးနဲ့ ဓာတ်မတည့်တာလား"
"အားလုံးတော့မဟုတ်ပါဘူး ပန်းဝတ်မှုန်အချို့နဲ့ဓာတ်မတည့်တာမျိုးပေါ့ နှင်းဆီပန်းနဲ့ကအဆင်ပြေတာသိတော့ အန္တရာယ်ကင်းတာကိုပဲ သုံးလိုက်တာပေါ့ ကျန်တာဆိုမသေချာဘူး မတည့်ရင် သခင်လေးဒေါသနဲ့တွေ့ပြီပဲ"
"ဒါပေမယ့် သခင်လေးက မမပကတိကို နည်းနည်းလေးပိုတယ်လားလို့"
"သဲသဲလျှောက်မပြောနဲ့"
မမကြွယ်က သတိပေးသလိုပြောလိုက်၏
ပကတိကတော့နားမလည်စွာပဲ
"ဘာကိုလဲဟင်"
"ဟိုတခြားသူဆို မမပကတိလိုအမြဲတလွဲလုပ်တာနဲ့ အလုပ်ဖြုတ်ပြီးတာ ကြာရောပေါ့ ခုကျ...."
"ကြီးဂျမ်းရဲ့တူမဆိုတော့ လျော့ထားတာနေမှာပေါ့ ကြီးဂျမ်းကိုသခင်လေးကသိပ်ချစ်တာကို"
မမကြွယ်က တွေးတွေးဆဆလေးပြောလိုက်လျှင်
"သြော် ဘာများလဲလို့ မနေ့ကတောင်ပြောသေးတယ်"
"ဘာပြောတာလဲ"
"ကြီးကြီးမျက်နှာနဲ့မလို့သည်းခံနေတာတဲ့လေ"
"မမပကတိကလဲ အမြဲလွဲနေတာပဲ နောက်ကိုသခင်လေးနဲ့တွေ့ရင်ဝေးဝေးရှောင်"
"အေးသခင်လေးကြားလို့ အပြစ်ပေးခံရမယ့်နောက်တစ်ယောက်က နင်ဖြစ်သွားမယ်"
မမကြွယ်ရဲ့ သဲသဲကိုပြောစကားကြောင့် ပကတိပါလိုက်ရီမိသည်
"ဟီးးးးကြောက်ရတယ် ခုဆိုသခင်လေးကဂန်းစကားကြီးလိုပဲ"တဲ့
သဲသဲစကားသာ ကြားလို့ကတော့ သခင်လေးတစ်ယောက်ဒေါသထွက်မည်မှာဧကန်မလွဲ❣❣❣❣❣❣❣❣❣❣❣❣
ဓန အိပ်ရာကထလျှင် နာရီကြည့်လေတော့ ၁၀နာရီရှိနေလေပြီ
ညကဟိုကောင်တွေနှင့်အသောက်များကာ ဘယ်အချိန်ပင်အိမ်ပြန်ရောက်လို့ရောက်မှန်းမသိခဲ့
ဓနထဖို့ကြံရွယ်နေစဉ်မှာပဲ
✊ဒေါက်....ဒေါက်✊
အပြင်မှတံခါးခေါက်သံကြောင့် ချွတ်ပစ်ထားသည့်အဝတ်အစားများအားကောက်ကာ ဝတ်လိုက်ရသည်
တံခါးလာခေါက်သည်က ဂျမ်းဂျမ်းနှင့် ဦးငယ်ကလွဲမည်သူမျှမဖြစ်နိုင်
သူ့အိပ်ခန်းကို လက်လွတ်စပယ်မည်သူမျှတံခါးမခေါက်ရဲ
တံခါးသွားဖွင့်ပေးတော့ ထင်သည့်အတိုင်းဂျမ်းဂျမ်းပင်
"ဂျမ်းဂျမ်း"
"သြော် စည်းလေးနိုးနေပြီပဲ ခုပဲလာနိုးတော့မလို့"
"ကိစ္စရှိလို့လား'
"အင်းသခင်မကြီးက တွေ့ပြီးပြောစရာရှိလို့တဲ့"
"ဖွားဖွားကလား ဘာအတွက်လဲ"
ဂျမ်းဂျမ်းကလဲ တကယ်မသိလေဟန်ဖြင့်
"မပြောတတ်ဘူးစည်းလေးမွေးနေ့အတွက်လားမသိဘူး လာမယ့်စနေမှာ၂၁နှစ်ပြည့်မှာမလား"
"ဟုတ်မှာပေါ့"
"သခင်မကြီးစောင့်နေတယ် မြန်မြန်လုပ်ဦး"
"ဟုတ်ကဲ့ဂျမ်းဂျမ်း မွေးနေ့ကျဘာလက်ဆောင်မှမပေးချင်နေနော် ကျွန်တော်စားချင်တာချက်ကျွေးရမယ်"
"အဟင်းးးးဟုတ်ပါပြီကွယ်"
أنت تقرأ
عاطفيةစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ