💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘
Part ♡ 4 ♡
"ဓန ဒီနေ့ညနေပိုင်းလစ်ရအောင်လေ Barသွားမလား"
နေနိုင် အတန်းချိန်သွားတက်ခါနားနီး အင်း အဲ တစ်ခွန်းမျှမလိုက်သော သူငယ်ချင်းအားပြောမိခြင်းပင်
ဓနဘက်က ဘာမှမတုံ့ပြန်လာသဖြင့် ဆက်၍
"မင်းကလဲကွာ.....ဒီနေ့ည အပီကဲမယ်ဟာ ငါ့Clubမှာ စော်အသစ်လေးတွေရောက်တယ်ကွ"
"မင်းဦးနှောက်ထဲနှာတွေးပဲတွေးနေ"
ဓနပြောစကားအား စိတ်မဆိုးသည့်အပြင် ရီတောင်ရီနေသေး၏
"ယောက်ျားပဲကွာဘူးရင်ဘူးမယ်မဘူးရင်ဒူးမယ် မဟုတ်ဘူးလား အားဟ"
"ပျင်းတယ်"
"မင်းအမြဲပျင်းနေတာပဲ မင်းမပျင်းတာဘာရှိလဲ"
"မင်းပြောတာတွေမှငါ့စိတ်အာရုံကိုမဆွဲဆောင်နိုင်တာ"
"ကျစ်! !!!!!တကယ်ပျင်းဖို့ကောင်းတာ မင်းကွ"
ဓန ခြေလှမ်းတို့အား သူတို့စာသင်ဆောင်မဟုတ်ပဲ ခြေဦးတည့်ရာသွားနေမိသည်
"ဒါက ငါတို့တက်ရမယ့်စာသင်ဆောင်မဟုတ်ဘူးပဲ ဘယ်ကိုသွားနေတာလဲ"
"ပျင်းလို့ နောက်ဆုံးနှစ်ဆိုတော့ ကျောင်းဝန်းအနှံ့သွားမလားလို့"
ဓန လေသံအေးအေးပြောလိုက်သည့် စကားအဆုံး
နေနိုင် သူငယ်ချင်းအားစိတ်ပျက်လက်ပျက်ကြည့်လိုက်မိ၏
"မင်းဦးနှောက်ရောမှန်သေးရဲ့လားကွာ"
"တစ်ကန့်လွတ်နေတယ် ပေါင်းချင်မှပေါင်း"
"မင်းနဲ့ သူငယ်ချင်းဖြစ်နေရတဲ့ ငါကိုကကံဆိုးရှာတာပါ"
"ငါလဲ မင်းလို မိန်းမပါးစပ်နဲ့ကောင်ကိုပေါင်းခဲ့မိတာနောင်တရတယ်"
"မင်းနော်!!!!"
"နားငြီးတယ် တိတ်တိတ်နေ"
အချေအတင်စကားပြောရင် ဦးတည်ချက်မဲ့ လျှောက်လှမ်းနေမိရင်း......💚💚💚💚💚💚💚💚💚💚💚💚
ပကတိ ထုံးစံအတိုင်းကျောင်းလာတော့
ဒီနေ့သွားတက်ရမည့် စာသင်ဆောင်ဘက်လျှောက်လာစဥ် မလှမ်းမကမ်းသစ်ပင်ရိပ်မှ လူနှစ်ယောက်ကြောင့်
ပကတိမြင်ဖူးသလိုလိုရှိကာ သေချာကြည့်မိလိုက်၏
ဦးနှောက်အားအတန်ကြာအလုပ်ပေးပြီးနောက်
ခပ်ရဲရဲနှုတ်ခမ်းဖူးဖူးပြည့်ပြည့်တို့ အတန်ငယ်လှုပ်ရှားသွားရပြီး
"အကို..."
အကိုနဲ့အတူရှိနေသည့် ရွာဥက္ကဌရဲ့သားရဲသွေးဆိုသူ
သူတို့က ပကတိဆီလိုက်လာကြတာလား
ဟင့်အင်း ပကတိသူနဲ့လဲလက်မထပ်ချင်ဘူး
ပကတိအတွေးတွေဖြင့် ထိုနေရာမှ ထွက်သွားဖို့ ခြေလှမ်းတို့အားဦးတည်ရာပြင်လိုက်စဥ်
"ပကတိ!!!!"
"ပကတိလေး....'
ခေါ်သံနှစ်ခုက တစ်ဆက်ထဲ
ပကတိအသက်တောင်ရဲရဲမရှူရဲတော့ပေ
ဒါကြောင့် ခြေဦးတည့်ရာပြေးလာမိသည်
"ပကတိ နင်ရပ်စမ်း"
အကို့ရဲ့အသံကိုကြားပေမယ့်လည်း ခြေလှမ်းတို့အားရပ်ခွင့်မပေးနိုင်
ခပ်လှမ်းလှမ်းမှ ပကတိနောက် ထပ်ကြပ်မကွာလိုက်နေသော ခြေသံများကအတိုင်းသား
ပကတိကိုမိလို့မဖြစ်ဘူး ဟုတွေးပြီး ခြေလှမ်းတို့အားပိုမိုအရှိန်တင်မိ၏
ပကတိ အနောက်ကိုအာရုံထားနေစဥ် လမ်းကွေ့တစ်နေရာအရောက် တစ်ဖက်မှလျှောက်လာသော လူတစ်ယောက်အားဝင်တိုက်မိလေသည်
"အာ့!!!!!"
ခွပ်💢
ဝင်တိုက်တာပကတိဆိုပေမယ့် တစ်ဖက်လူရဲ့အားအား မယှဥ်သာပဲ နောက်ပြန်လဲကျသွားရသည်
ပကတိနံဘေးမှာတော့ ကွဲအက်သွားသော စျေးကြီးပုံပေါ်သည့်ဖုန်းတစ်လုံး
"ပကတိ....တောင်းပန်...."
ပကတိ တောင်းပန်ဖို့မော့ကြည့်လိုက်ပေမယ့် မြင်လိုက်ရသူကြောင့် မျက်ဝန်းတို့ဝိုင်းစက်သွားရကာ ဦးနှောက်ထဲအန္တရာယ်ပေးချက်များကတဝီဝီ
"မင်း!!!!!!"
ဓန လမ်းကွေ့မှာမထင်မှတ်စွာ ဝင်တိုက်သောကောင်မလေးကြောင့် လက်ထဲက ဖုန်းလွတ်ကျသွားရုံမကရင်ဘတ်အား ခေါင်းဖြင့်တိုက်မိတာကလဲ အရှိန်မသေး
စိတ်တိုစွာပြောဖို့ ကြံရွယ်လိုက်တော့ မော့ကြည့်လာသော မျက်ဝန်းတွေရယ် ဓနမြင်တွေ့ဖူးပါသည့်မိန်းကလေးကြောင့် ပြောလက်စစကားများရပ်သွားရသည်
ဓန ထိုကောင်မလေးအားစိတ်ပျက်စွာကြည့်မိလိုက်၏
ဒီကောင်မလေးနဲ့တွေ့တိုင်း အလွဲလွဲအချော်ချော်နဲ့ ခုလဲဘာလဲ ခွေးလိုက်တာလား
လူကိုအသားကုန်ဝင်တိုက်ပြီးမှ တောင်းပန်စကားပြောဖို့နေသာသာ တုပ်တုပ်မျှမလှုပ်
ဒီနေရာမှာပဲကျောက်ရုပ်ဖြစ်နေတော့လား
"ငါ့ကိုတမင်နှောင့်ယှက်နေတာလား"
"ဟိုပကတိမရည်ရွယ်...."
"ပကတိ နင်မပြေးနဲ့"
ပကတိစကားမဆုံးသေးခင်မှာပဲ အနောက်မှအော်သံကြောင့် နာကျင်နေသည်များအားလျစ်လျူရှုကာ ကုန်းရုန်းထပြီး
"ပကတိတောင်းပန်ပါတယ် သခင်လေး"
ခုချိန်မှာ ပကတိဘာမှမတွေးနိုင်တော့
အကိုနဲ့ ဟိုလူလက်ထဲမမိရန်သာအရေးကြီးနေသည်လေ
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ