35Z

1K 17 0
                                    


Part ♡ 35 ♡

"ဘာစားချင်သေးလဲ စားချင်တာရှိရင် ကိုယ့်ကိုပြော"
ဆေးရုံကုတင်ထက် ကျောမှီလျက်ထိုင်ကာ မျက်နှာလေးကနွမ်းဖတ်နေသည်
မနက်ထဲက ဘာစားစားမရ
ခုလဲ ဆန်ပြုတ်လေးအား မနည်းကျွေးနေရသည်
ခဏခဏအန်ရတော့ လူက ဖြူဖျော့နေပြီလေ
"ဟင့်အင်း"
ဓန စကားတောင်အနိုင်နိုင်ပြောနေရသူအား ကြည့်ကာစိတ်မကောင်း
အစထဲက ပိန်သေးသေးလေးကို
ခုအတိုင်းသာဆို အဆင်မှပြေပါ့မလားမသိ
"အကိုလေးကျွေးလို့နော် ဒီလောက်လေးစားဝင်တာ စံအိမ်မှာဆို ပိုဆိုးတယ်"
ဓန အနည်းငယ်ကပိုကရိုကျနေသော သူမဆံပင်တို့အား လက်ဖြင့်အသာလေးသပ်တင်ပေးပြီး
"ပင်ပန်းနေပြီလား"
ထိုသို့မေးလိုက်လျှင် နွမ်းဖတ်ဖတ်မျက်နှာလေးဖြင့် ခေါင်းအားယမ်းပြရင်း
"ကိုရှိတယ်လေ"
"အင်း"
ဓန သူမလက်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိသည်
ထိုစဉ် Roundလှည့်လာသော ဆရာဝန်တစ်ချို့
ပကတိအား အနည်းငယ်စစ်ဆေးပြီး
"ကျန်တာတော့ မစိုးရိမ်ရတော့ပါဘူး အဓိကက မိခင်ဖြစ်သူ ကျန်းမာဖို့ပါပဲ အားနည်းနေသေးတော့ အားဆေးလေးထိုးပေးမယ်နော်"
"ဆေးရုံက ဘယ်နေ့ဆင်းလို့ရမလဲ"
"သဘက်ခါလောက်ဆို ဆင်းလို့ရပါပြီ'"

"နည်းနည်းလေးနာမယ်နော်"
Nurseတစ်ဦးကပကတိရဲ့ လက်ဖမိုးအား ဆေးထိုးရန်ပြင်နေသောကြောင့် ဓန သူမနားတိုးကပ်သွားရင်း
သူမခေါင်းလေးအားရင်ခွင်ထဲ ဆွဲသွင်းမိသည်
ထို့နောက် ဓနရဲ့အကြည့်တို့က ပကတိလက်အား မျက်တောင်မခတ်ကြည့်မိနေ၏
သူနာပြုလေးမှာလဲ ဓနရဲ့အကြည့်တွေကြောင့် ကျောချမ်းလာရလေသည်
တစ်ခုခုမှားလျှင် အသက်တောင်ကျန်ပါ့မလား
ကံဆိုးချင်ပုံက လူနာရဲ့သွေးကြောကို အနည်းငယ်ရှာရခက်နေလေသည်
ဇောချွေးတို့ပြန်လာရကာ သွေးကြောဟုထင်ရသည့်နေရာထံ အပ်ထိုးစိုက်မိလျှင်

ဓနရင်ခွင်ထဲက ခေါင်းလေးဟာ အနည်းငယ်လှုပ်ရှားသွားရကာ
ကျန်လက်တစ်ဖက်က ဓနအင်္ကျီအား အနည်းငယ်ဆွဲလိုက်ရုံမျှမက
"အာ့!!!!!"
အနည်းငယ်နာသွားဟန် အသံသေးသေးလေးကြောင့်
"တောင်းပန်ပါတယ်ရှင်"
"တောက်!!!!"
ဓနရဲ့ တောက်ခေါက်သံအကျယ်ကြီးကြောင့် အကုန်လုံးလန့်သွားရရုံမက
ထိုသူနာပြုမလေးမှာလဲ တုန်ရီနေပြီ
"ဒီလောက်လေးတောင် မလုပ်နိုင်ဘူးလား"
"တောင်းပန်ပါတယ်ရှင်"
"သူနာနေပြီလေ ဒေါက်တာ နောက်ကို ကျွန်တော့်မိန်းမကို မကျွမ်းကျင်တဲ့သူတွေကို မလုပ်ခိုင်းပါနဲ့"
"ဟုတ်ကဲ့ပါ ကိုစည်းစိမ်ဓန"
"ဒေါက်တာ မိုးမြင့်ရသော်ကို ခေါ်ပေး"
"ဟုတ်ကဲ့ ခဏလေးပါနော်"
ဓန ခုနက အပ်နှင့်ထိုးခံလိုက်ရသည့် လက်ဖမိုးလေးအားကြည့်ကာ တောက်တစ်ခေါက်ခေါက်ဖြစ်ရသည်
"နာနေလား"
"ဟင့်အင်း ကိုစိတ်လျော့နော်"
သို့ပေမယ့် စိတ်မလျော့နိုင်
သူမလက်ဖမိုးလေးအား အသာအယာထိကြည့်ကာ ဒေါသတို့က ပိုထွက်လာရသည်
"နာရင်နာတယ်ပြောရတယ်"
ဓန မခံချိမခံသာဖြင့် ဆိုမိလိုက်လျှင်
"ကို လောကကြီးမှာမရှိတော့ဘူးလို့ ပြောကြတုန်းကလောက်မနာကျင်ရဘူး အဲ့တုန်းက အသက်ရှင်ဖို့ အကြောင်းပြချက်တွေပျောက်ဆုံးသွားရသလိုပဲ ကလေးသာမရှိရင်...ပကတိရှင်သန်ခဲ့မှာမဟုတ်ဘူး"
ဓန သူမအားထွေးပွေ့ရင်းမှ အနည်းငယ်ငုံ့ကာ သူမနဖူးထက် နမ်းရှိုက်ရင်း
"ကိုယ်မင်းအနားအမြဲရှိနေပေးမှာ"
ပကတိ သူ့ခါးအား ပြန်လည်သိမ်းဖက်ရင်း
"တကယ်ပျော်တာ အရမ်းပဲ....ကို့ကိုလဲ သိပ်ချစ်တာ"
"ခုကစပြီး ကိုယ်တို့ရဲ့အနာဂတ်မှာ ပျော်ရွှင်စရာတွေချည်း စောင့်ကြိုနေမှာ"

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Où les histoires vivent. Découvrez maintenant