18U

3.9K 115 4
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 18 ♡

ပကတိ မတွေ့တာကြာသည့်မမနှင့်တွေ့ရမည်ဆိုသောကြောင့် အနည်းငယ်တော့စိတ်လှုပ်ရှားမိသည်
ဘယ်လိုပဲဆိုဆို သူတို့သာ ပကတိရဲ့သွေးသားတွေလေ
ပကတိရှေ့ကမမမှာ အရင်ကထက်စာလျှင် နုပျိုခြင်းသိပ်မရှိတော့
ဒေါ်ဒေါ်ရဲ့ကျန်းမာရေးကြောင့် စားဝတ်နေရေးခက်ခဲသည်တဲ့လေ
ဖွားဖွားကိုတော့သွားမတွေ့ဖြစ်ပေမယ့် အမြဲအဆက်အသွယ်မပြတ်ပေ
ဖွားဖွားထံလာတွေ့မည်ဟုပကတိကပြောသော်လည်း ဖွားဖွားကမလာရန်သာအမြဲပြောသည်
သူ့ကိုသတိရတိုင်း ပကတိပျော်အောင်နေဖို့ စိတ်ချမ်းသာအောင်နေဖို့အမြဲရေရွတ်ရင်း
အိသက် ရှေ့မှာအရင်ကထက်အဆပေါင်းများစွာ ပိုလှလာသည့်ပကတိအားကြည့်ကာ စိတ်ထဲဝန်တိုစိတ်တို့ပေါ်လာရသည်
သူတို့စီစဥ်ပေးတဲ့ မင်္ဂလာပွဲကထွက်ပြေးသွားလို့ အဆင်မပြေဖြစ်နေသည်အား လိုချင်ခဲ့သော်လည်း
ရှင်းပကတိမှာ အမြဲကံကောင်းတတ်သည်
ခုလဲ လိုတရစံအိမ်၏သခင်လေးနှင့် လက်ထပ်တော့မည်တဲ့လေ
"မမ ဖွားဖွားရောနေကောင်းတယ်မလားဟင်"
"လောကွတ်ချော်မနေပါနဲ့ ဖွားဖွားဆီတောင်လာတွေ့လို့လား"
"မဟုတ်ပါဘူး မမရယ် ပကတိက...."
"အိမ်ကစီးပွားရေးအဆင်မပြေဘူး နင်ကသူဌေးကတော်ဖြစ်တော့မှာပဲ ပြန်ကြည့်ပေးပေါ့"
ပကတိစိတ်ညစ်သွားရသည်
ပကတိ လုပ်ခလစာလေးတွေအားစုကာ ဒေါ်ဒေါ်တို့ထံ လတိုင်းဖွားဖွားဆေးဖိုး အသုံးစရိတ်လွဲပေးတတ်သည်
သို့ပေမယ့် ပကတိအလုပ်ထွက်ရတော့မည်မလား
"ဘယ်မှာလဲ ငါပြောတဲ့သိန်း၃၀"
ပကတိ အိတ်ထဲကပိုက်ဆံအထပ်လေးအားထုပ်လိုက်ရင်း
"ပကတိမှာ၇သိန်းပဲရှိတယ်မမ အဲ့တာလေးအရင်ယူသွားပါနော်"
"ဘာ!!!!ပကတိနင်နောက်နေတာလား ငါကလဲတကယ်လိုအပ်လို့ အောက်ကျနောက်ကျခံပြီးတောင်းလာတာပါ"
"မမရယ် ပကတိမှာတကယ်မရှိလို့ပါ"
လစာတွေအားလုံးနီးပါးလတိုင်း မိသားစုထံလွဲသဖြင့် ပကတိထံစုငွေဆောင်းငွေသိပ်မရှိ
ဒါတောင် ဖွားဖွားကြီးမုန့်ဖိုးပေးတာမျိုး ကြီးကြီးလိုတာဝယ်ဖို့ပေးသည့် ပိုက်ဆံလေးတွေစုထား၍သာ
"အဟားးးးပကတိရယ် နင်ကျေးစွပ်တယ်နော် နင့်သတင်းတွေမသိဘူးထင်နေတာလား ဒိတ်ဒိတ်ကြဲသူဌေးနဲ့ယူတော့မယ်ဆို အဟွန်း အဲ့လိုလူကပိုက်ဆံမရှိဘူးတဲ့လား"
"ပကတိမလိမ်ပါဘူးမမ"

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Nơi câu chuyện tồn tại. Hãy khám phá bây giờ