Part ♡ 29 ♡
တစ်ကိုယ်လုံးညောင်းညာ ကိုက်ခဲကာ ခန္ဓာကိုယ်အပူချိန်ကသိသိသာသာပူပြင်းနေ၏
နဖူးထက်မှဒဏ်ရာကလဲ တဆစ်ဆစ်ဖြင့်
ထိုအချိန်
"ထမင်းပေါင်းစားချင်တယ်"
ဆိုဖာထက်ထိုင်ကာ အဖျားကျဆေးယူသောက်နေချိန် အခန်းထဲမှထွက်ကာပြောလာသည့်ခေတ်
"ကိုယ်ညနေကျဝယ်ပေးမယ်"
"မရဘူးအခုစားချင်တာ"
"ခေတ် ကိုယ်...."
"ထားပါ လူကိုတိရစ္ဆာန်တစ်ကောင်လိုပိတ်လှောင်ထားပြီး အဟက်"
နေနိုင် သူမစကားတွေကြောင့် ထိုင်နေရာမှထရပ်မိ၏
"တခြားရော ဘာစားဦးမလဲ "
"Juiceတစ်မျိုးမျိုးဝယ်ခဲ့"
"အင်း လိမ်လိမ်မာမာနေရစ်နော်"
နေနိုင်ပြောလိုက်လျှင် ခေတ်ကလှောင်ပြုံးပြုံးရင်း
"စိတ်ချပါ မယုံရင်တံခါးသော့ခတ်သွားလိုက်"
"ခဏလေးတင်ပဲ"
နေနိုင် အင်္ကျီလက်ရှည်အားယူကာ အပြင်ထွက်လာခဲ့သည်
စိတ်မချစွာတံခါးပိတ်ဖို့လဲ မမေ့ခဲ့လှုပ်ရှားမှုများငြိမ်သက်သွားပြီဆိုမှ ခေတ်ခပ်မဲ့မဲ့ပြုံးရင်း နေနိုင်ထံမှ မသိမသာယူထားသည့် ဖုန်းအားကိုင်ကာ 199ကို ဖုန်းဆက်မိသည်
" ဟဲလို'"
"........."
"အလိုမတူပဲ ပြန်ပေးဆွဲထားလို့ ကယ်ပါဦး"
"........"
"ဒီနေရာက <.....>နားတစ်ဝိုက်!!!!"
ပြောစကားမဆုံး ခေတ်လက်ထဲက ဖုန်းလေးဆွဲလုခံလိုက်ရ၏နေနိုင် ဖုန်းကျန်ခဲ့သည်အား သတိရကာ ပြန်လာချိန် ရဲစခန်းကိုဖုန်းဆက်နေသောသူမကြောင့်
အလျင်အမြန်လာကာ ဆွဲလုလိုက်ရသည်
"ခေတ် မင်း!!!!မင်းကွာ"
ခေတ် သူ့ရဲ့နီမြန်းသော မျက်နှာအားကြည့်ကာ အောက်နှုတ်ခမ်းကို ပိုဖိကိုက်လိုက်မိသည်
ထို့နောက် အကြည့်တို့လာရာက ခုနက သူဝင်လာစဉ် ပွင့်လျက်အနေအထားတံခါးချပ်များ
ခေတ် အချိန်မဆွဲပါပဲအလစ်အငိုက် သူ့ကိုယ်ကြီးအား တွန်းတိုက်ကာအပြင်သို့ ပြေးထွက်လာမိသည်
"ခေတ် မင်းရပ်လိုက်"
ခေတ်ရဲ့အနောက်မလှမ်းမကမ်းမှာ ပြေးလိုက်လာသောသူ
ခေတ်လည်း သူ့လက်မှလွတ်စေရန် ကြိုးစားပြေးမိသည်
သို့ပေမယ့် ကံဆိုးသည်လားမပြောတတ်
ခေတ် ရောက်မှန်းမသိပင် ကားတွေဖြတ်မောင်းနေသော ကားလမ်းမကြီးပေါ်ရောက်လာလေသည်
တီ....တီ..
ကားဟွန်းသံများဆူညံသွားရကာ ခေတ်ခေါင်းတွေလဲ ချာချာလည်သွားရသလို
"ခေတ်!!!!"
နားထဲဝင်လာသည်က စိုးရိမ်တကြီးအော်ခေါ်သံနှင့်အတူ
ခေတ်ကိုယ်လေးအား အားပါပါဖြင့် တွန်းကန်ခြင်းခံလိုက်ရသည်
ခေတ် ဟန်ချက်မထိန်းနိုင်စွာ လမ်းဘေးထက်လဲကျသွားတာက လက်ထောက်လျက်သား
ဝုန်း 💢
ကျွီ
ကားဘရိတ်ဆွဲထံ တစ်စုံတစ်ရာအားတိုက်သံတို့က ခေတ်နားထဲဆူညံသွားရသည်
ခေတ် တစ်စုံတစ်ယောက်အားသတိရစွာ
ဘေးပတ်ပတ်လည်ဝေ့ဝိုက်ကြည့်မိတော့
ကွန်ကရစ်လမ်းမကြီးထက် လဲကျနေသောသူ
သွေးတွေများဖြင့် မြင်မကောင်းစွာ
"ခင်ဗျား!!!!"
ခေတ် စိုးရိမ်စိတ်များဖြင့် သူ့အနားဘယ်လိုပင်ရောက်သွားသည်မသိ
သူ့ကိုယ်ကြီးအားပွေ့ကာ
"ဆ...ဆရာဝန်ခေါ်ပေးကြပါ"
"ခေတ်....မင်..မင်း...ဘာ...မှ...မဖြစ်...ဘူးနော်"
မထနိုင်လောက်စွာ လဲနေသူက ခေတ်အားစိုးရိမ်စွာဆိုနေပြန်၏
ထို့နောက်မျက်ဝန်းတို့မှေးစက်သွားသည်ကြောင့်
"ဟင့်အင်း ခင်ဗျားဘာမှမဖြစ်ရဘူးကြားလား ခင်ဗျားဘာမှမဖြစ်ရဘူးလို့"
လမ်းမကြီးထက် အရာအားလုံးရပ်တန့်နေသလိုလို
ခေတ်စိတ်ထဲမှာ ဒီလူအတွက်စိုးရိမ်စိတ်သာ ကြီးစိုးနေလေသည်
ခေတ်သာ ထွက်မပြေးခဲ့ပါလျှင်......
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ