Part ♡ 36 ♡
အောင်မြင် သူမသင်တန်းလာသည်ဆိုသောကြောင့် သူမကိုမပြောဘဲ Supriseလုပ်ရန် ကြိုလာခဲ့ခြင်းပင်
သူမ မပြီးလောက်သေးသဖြင့် Internetဖွင့်ကြည့်စဉ်
သူမရဲ့Post အသစ် Notiတက်လာသောကြောင့် ဖွင့်ကြည့်လိုက်မိလျှင်
အောင်မြင် အံကိုတင်းတင်းကြိတ်လိုက်မိသည်
အကဗီဒီယိုထဲတွင် ကောင်လေးချောချောလေးနှင့် ခုခေတ်စားနေသည့် စုံတွဲDanceအား အတူတူကထားခြင်း
အကက နည်းနည်းဟော့သဖြင့် အထိအတွေ့တွေ သိပ်များလေသည်
Crop topနှင့်ဂျင်းPantအား ကဗျာကဝတ်ထားလေ၏
ကနေရင်း တစ်ခါတစ်လေ ထိုကောင်လေး၏လက်က အနည်းငယ်ဟနေသော ခါးအားကိုင်နေပြန်သည်
တစ်ခါတစ်ရံ လက်တို့က သူမပုခုံးထက်တင်လျက်
ဒါတင်မကသေး
သူမကလည်း ထိုကောင်လေးနှင့်အကြည့်ချင်းစုံနေသည်များတစ်ဖုံ
အောင်မြင် ဖုန်းကိုလွင့်ပစ်ချင်စိတ်ပင်ပေါက်လာရသည်
သို့ပေမယ့် သူမအလုပ်နှင့်ပတ်သက်သဖြင့် အောင်မြင်ဒေါသတို့လျော့ချရသည်
စိတ်တည်ငြိမ်စပြုချိန် အချိန်ကိုက်ပင်
သင်တန်းကျောင်းထဲက ထွက်လာသောသူမ
သူမထံသွားဖို့ကြံရွယ်လိုက်ချိန်
သူမနံဘေးက ကောင်အား တွေ့လိုက်ရ၏
သူမနှင့် တရင်းတနှီးစကားတွေပြောနေရုံမျှမက တစ်ခါတစ်လေ သူမက ထိုကောင့်အားရိုက်လိုက်တာမျိုးတွေ
အောင်မြင် ကြည့်နေစဉ်မှာပင် ထိုကောင့်လက်က သူမခေါင်းထက်နေရာယူနေသဖြင့် သူမက ထိုကောင့် ရင်ခွင်ထဲမှာ
ဒါကိုပင် သူမကရီပြုံးနေသေးသည်
အောင်မြင်သည်းမခံနိုင်တော့
ခြေလှမ်းကျယ်ကြီးတွေနှင့် ထိုနေရာသွားလိုက်ပြီး
ဟိုကောင့်ရင်ခွင်ထဲရောက်နေသော သူမအား လက်ကောက်ဝတ်မှဆောင့်ဆွဲလိုက်မိသည်
"လာခဲ့ မင်းဒီကို"
"အယ်...ကိုကို"
"ငါသွားပြီ"
ဟုဆိုကာ ထွက်သွားသောကောင်အား လိုက်ဆွဲထိုးဖို့ပြင်လျှင်
"ကိုကို ဘယ်သွားမလို့လဲ"
သူမက ဆွဲထားသောကြောင့် ပိုဒေါသထွက်လာရသည်
"ပန်းကဗျာသီ မင်းနဲ့အဲ့ကောင်ဘယ်လို ပတ်သက်တာလဲ"
ကိုကို့စကားကြောင့် ကဗျာကြောင်အသွားရသည်
"ကိုကို ဘာကိုဆိုလိုတာလဲ"
ထိုအခါအောင်မြင်က ဒေါသတကြီးဖြင့်
"ဘာလဲ မင်းကငါ့ကို ကစားနေတာလား"
"ကိုကို...ဘာတွေပြောနေတာလဲ"
အောင်မြင်လုံးဝသည်းမခံနိုင်တော့ပေ
"ငါကမင်းကိုသေလောက်အောင်ချစ်တယ်ဆိုတာသိရဲ့လား"
"ကိုကို...."
ကဗျာ ကိုကိုပြောနေသည်များအား နားမလည်ပေမယ့် ကိုကို့ရဲ့စကားလုံးကြမ်းတွေကြောင့် ငိုချင်စိတ်ပင်ပေါက်လာရသည်
"အေး ငါကအချစ်ကြီးသလို အတ္တလဲ ကြီးတယ် မင်းကငါ့အတွက်မဟုတ်ရင် သတ်.ပစ်.မှာ"
ကဗျာ ကိုကိုနှင့်ချစ်သူဖြစ်ကထဲက ခုလိုဒေါသတကြီးပုံစံကို လုံးဝမမြင်ဖူးခဲ့
ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်ပင်
"ကိုကို စိတ်အေးအေးထား ကဗျာ့ကို ပြောပြ ဘာဖြစ်တာလဲဆိုတာ"
"ခုနကကောင်နဲ့ မင်းဘယ်လိုပတ်သက်တာလဲ"
အောင်မြင် သူမအပေါ်ဒေါသတို့အား မနည်းချုပ်ထိန်းထားရသည်
"မောင်နဲ့က သူငယ်ချင်းလေ ကိုကိုနဲ့....အာ့"
ကဗျာ စကားမဆုံးလိုက်
ကိုကိုက ကဗျာ့ပုခုံးအား ခပ်ကြမ်းကြမ်းဆုပ်ကိုင်ရင်း
"မောင်ဟုတ်လား အဟက် မင်းကအဲ့တာမလို့ ငါ့ကိုခိုးတွဲနေတာမလား"
"အာ့...မ..မဟုတ်ဘူး ကဗျာရှင်းပြမယ်"
"မရဘူး ပန်းကဗျာသီ မင်းက ငါ့အပိုင်ပဲ"
ဟုဆိုကာ ကဗျာ့အား အတင်းဆွဲကာ ကားထဲ ဝင်စေ၏
"ကိုကို ဘယ်သွားမလို့လဲ"
ကဗျာမေးတာလဲမဖြေ ကားထဲဝင်ကာ တရကြမ်းမောင်းထွက်သွားလေသည်
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ