31Z

1.3K 16 1
                                    


Part ♡ 31 ♡

လမ်းမီးတိုင်များက ည၏အမှောင်ထုအား လွန်ဆန်ကာ ထိန်ထိန်လင်းနေကြသည်
ကို့ဆိုင်ကယ်ဟာ ဖြောင့်ဖြူးနေသော လမ်းမကြီးထက် လျင်မြန်စွာရွေ့လျားနေသည်
ပကတိမှာလဲ အနည်းငယ်လန့်ကာ ကို့ခါးကို ကျစ်နေအောင်ဖက်မိလိုက်လျှင်
ကိုကသတိထားမိစွာ အရှိန်အနည်းငယ်လျော့သွားလေသည်
ညခင်းလေအေးအေးက ပကတိမျက်နှာထက် ခပ်ကြမ်းကြမ်းကျီဆယ်လာ၏
ဆိုင်ကယ်ပေါ်မှာဖြစ်သဖြင့် တိုက်ခတ်လာသည့်လေတို့က အနည်းငယ်အေးစက်စက်
ပကတိ အနည်းငယ်ချမ်းလာမှုကြောင့် ကိုယ်လေးကျုံ့မိလျှင် ကိုက ပကတိအားဘတ်မှန်ထဲမှကြည့်ကာ သူ့ခါးထက်မှ ပကတိလက်တို့အား ဆုပ်ကိုင်လာ၏
၁၅မိနစ်လောက်ကြာလောက်မှ ကန်ရေပြင်အနီးရောက်သွားကာ ကိုက ဆိုင်ကယ်အားထိုးရပ်လိုက်လေသည်
ကိုက Helmetအားချွတ်လိုက်ပြီး ပွယောင်းသွားသော သူ့ဆံပင်ရှည်တွေအား ခေါင်းစည်းကြိုးဖြင့် ဖြစ်သလို စုစည်းလိုက်ပေမယ့် ချောမောခြင်းကလျော့မသွား
ပြီးသည်နှင့် ကိုက ပကတိHelmetအားချွတ်ပေးပြီး
"အေးနေပြီလား"
"နည်းနည်း"
ပကတိဖြေသံအဆုံး ကိုကသူ့ဂျာကင်အင်္ကျီအားချွတ်ပေးပြီးလျှင် ပကတိကိုယ်သေးသေးလေးထက် ဝတ်ပေးလာလေသည်
"ခဏလောက်နေကြတာပေါ့"
ကန်ရေပြင်ကို ကန့်လန့်ဖြတ်ထိုးသည့် တံတားငယ်လေးတွင် အလှမီးများက ရောင်စုံပင်
မီးရောင်စုံများက ကန်ရေကြည်ကြည်ထက် ထင်ဟပ်ကာ ရောင်ပြန်ဟပ်နေပုံကလည်းတစ်မျိုးတစ်ဖုံလှနေသေးသည်
ဒါတင်မကသေး ကန်ဘောင်မှာ အတွဲတစ်ချို့က လမ်းလျှောက်နေသလို တစ်ချို့ကခုံတန်းလျားလေးပေါ်မှာ ထိုင်နေကြသည်
ကိုက ကန်ဘောင်နံဘေး လူရှင်းသောနားတွင်ရပ်လိုက်သဖြင့်
"ကို စိတ်ဆိုးနေသေးလားဟင်"
"......."
ကိုက ဘာမှမပြော
"ပကတိ ဒီတိုင်းစိတ်ပြေလက်ပျောက်လာချင်ရုံပါ မနက်ဖြန်အတွက်နည်းနည်းတော့ကြောက်နေမိတာ"
ပကတိစကားအဆုံး ကိုကပကတိဘက်လှည့်လာပြီး
"မင်းကိုယ့်ကိုပြောရင် ကိုယ်လိုက်ပို့နိုင်တယ် ကိုယ်စိတ်တိုတာက အဲ့ဒါ"
"ကို အလုပ်တွေရှုပ်နေခဲ့တာလေ"
ကိုက ပကတိပုခုံးအားခပ်ဖွဖွလေး ဖိကိုင်ရင်း
"မင်းအတွက်ဆို အမြဲအချိန်ရှိတယ်ပကတိ ငါသာမသိဘဲ မင်းတစ်ခုခုဖြစ်သွားခဲ့ရင်ရော....ဟမ်"
"ပကတိ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါတယ်"
"မင်းကိုဆို ငါ့ကိုယ်ငါကလွဲပြီး ဘယ်သူ့နဲ့မှစိတ်မချဘူး ငါ့ကွယ်ရာမှာဆို မင်းကိုစိတ်ပူလွန်းပြီး အတွေးများတယ်"
"ပကတိတောင်းပန်ပါတယ် နောက်မလုပ်တော့ဘူးလေနော်"
"........"
နီမြန်းနေသော မျက်နှာကြီးကြောင့် ကိုဒေါသမပြေသေးတာ ပကတိသိလိုက်သည်
ပကတိ ကိုစိတ်ဆိုးပြေစေရန် အခါတိုင်းများလို ကို့မေးဖျားအားလှမ်းနမ်းဖို့ ပြင်လိုက်ပေမယ့်
ကိုကအနမ်းမခံပဲ ပို၍ မတ်မတ်ရပ်လိုက်သောကြောင့် ပကတိလေထုကိုသာ နမ်းရှိုက်မိသည်
ကိုက ပကတိအားမျက်မှောင်ကြုတ်ကာ ရှုတည်တည်ဖြင့် ကြည့်လာပြီး
"မင်း တကယ်မလွယ်တာပဲ ပကတိ"
"........."
"ဘာလဲ အနမ်းတစ်ခုပေးတိုင်း စိတ်ပြေမယ်လို့ ဘယ်သူသင်ပေးလိုက်တာလဲ"
"ကိုလေ အရင်အခါတွေက ကိုပြေပေးတယ်"
"မင်းကငါ့ကိုလျော့တွက်လိုက်တာပဲ ငါဆိုတဲ့ စည်းစိမ်ဓနက အနမ်းတစ်ခုလောက်ထိဈေးမပေါဘူး"
ပကတိစိတ်လှုပ်ရှားမှုကြောင့် သူ့ရှပ်အင်္ကျီကြယ်သီးနားလေးအား လက်ဖြင့်ဆုပ်ချေနေမိသည်
"ကိုဈေးမပေါတာ ပကတိသိပါတယ် ပကတိကလဲ အချစ်တွေအကုန်ပေးထားတာပဲ"
နှုတ်ခမ်းလေးခပ်စူစူအနေအထားဖြင့်ပြောလိုက်ပုံက ယိုင်နဲ့နဲ့သမာဓိပင် လုံးဝလွတ်​ထွက်သွားစေသည်
ရှင်းပကတိ....ရှင်းပကတိ
တအားတွေတတ်နေတယ်ပေါ့
သို့ပေမယ့် အလျော့မပေးနိုင်သေး
ဘာအကွက်တွေထပ်သုံးမလဲသိချင်မိစွာ
'ဘာလဲ မင်းချစ်တာက ငါ့စကားကိုနားမထောင်ပဲ လုပ်ချင်ရာလုပ်တာမျိုးလား"
"မဟုတ်ပါဘူး"
"ခုလုပ်နေတာပဲ ကြည့်လေ"
"ပကတိ ထပ်မလုပ်ဘူးလေ...နော်"
အရမ်းချွဲပစ်နေတာမျိုးမဟုတ်ပဲ နူးနူးညံ့ညံ့လေသံက ဒေါသတွေကင်းဖို့ အထောက်အကူဖြစ်ပြန်သည်
"အဟက် ပကတိ ငါတော့မင်းကို လျော့တွက်လိုက်မိပြီ"
ဓန ရေရွတ်ဟန်ဆိုလိုက်မိ၏
ခုတောင်ဒီလောက်ထိ တတ်နေတာ နောက်ဆို ဘယ်လိုလုပ်ရပါ့မလဲ
မာယာမရှိဘဲ ဖြူစင်တဲ့ပန်းကလေးတွေက ပိုကြောက်ဖို့ကောင်းတာအခုမှသိရတော့သည်
"ပြောစမ်းပါဦး ခုလိုတွေချွဲဖို့ ဘယ်သူသင်ပေးလိုက်တာလဲ"
ဓန သူမပါးအိအိအားဖဲ့ကာ ပြောလိုက်တော့
မျက်လုံးပြူးလေးဖြင့်
"ဟင့်အင်း"
"ပြောပါဦး သိပ်ဆိုးတဲ့ မင်းလေးကို ဘာအပြစ်ပေးသင့်လဲ"
ထိုအခါ မထင်မှတ်ထားတာ လုပ်ချလိုက်သည်က
ဓန ရင်ခွင်ထဲ မှီတွယ်လာသောသူမ
"ကို့အနားမှာ အမြဲအတူနေဖို့ အပြစ်ပေးပေး
ကိုစေညွှန်ရာအကုန် ဖြစ်စေရမယ်"
"အဟွန်းးးးမင်းကတော့ကွာ"
ဓန မနေနိုင်တော့စွာ သူမကိုယ်လေးအား ပြန်လည်သိမ်းပွေ့မိသည်
"ငါတော့ ကြာရင်ခက်ပြီ မင်းနဲ့ကျမှ ငါ့ရာဇဝင်တွေဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့မှာ"
ရင်ဘတ်ထက်မှ ခပ်နွေးနွေးအထိအတွေ့ရဲ့ နောက်မှာ ဝဲဘက်ရင်အုံထက် နေရာယူလာသည်က လက်ဖဝါးတစ်ဖက်
"ကိုမပြောတောင် ပကတိခံစားနေရတယ် ကို့ရင်ခုန်သံတွေကို"
ရင်ခွင်ထဲမှ မော့ကြည့်လာသည့် မျက်နှာနုနုလေးအား အသည်းယားဖွယ်
ဓန ဘာကိုမှ ဂရုမစိုက်နိုင်တော့
သူမနှုတ်ခမ်းတွေအား ရူးရူးမူးမူးသိမ်းပိုက်မိသည်
ပတ်ဝန်းကျင်ကြီးခဏရပ်တန့်သွားရသလို အနမ်းတွေကြားယစ်မူး​နေရင်း
အချိန်အတော်ကြာမှ ဓနရင်ဘတ်ထက်တွန်းကန်ကာ တားမြစ်လာသူကြောင့် ဓနအနမ်းတို့အား ရပ်တန့်လိုက်ရသည်
"ချမ်းနေလား"
"ကိုဖက်ပေးထားလို့ မအေးတော့ဘူး"
"အဟွန်းးးး ထပ်အနမ်းခံချင်တာလား"
"ဟင့်အင်း"
အလန့်တကြားငြင်းပယ်သံလေးကြောင့် ဓနမနေနိုင်စွာ ရီမိပြန်သည်
"ပကတိ ​ဆေးရုံကဆင်းရရင် ထပ်လာရအောင်နော်"
"မင်းအပေါ်မူတည်တာ"
"ဟင်"
"ကိုယ်ကဈေးမြင့်တယ် လာချင်ရင် တစ်ခုခုနဲ့ အလဲအထပ်လုပ်ရမယ်"
ဓနစကားကြာင့် တွေးဆဆလေးဖြစ်သွားပြီး
"ပကတိဆီက ဘာလိုချင်တာလဲဟင်"
"အင်းးးးဥပမာ"
ဓန သံရှည်ဆွဲကာ သိချင်စိတ်များပြင်းပြနေသော သူမနား;နားတိုးကပ်ကာ ပြောလိုက်သည့်စကားအဆုံး
"ကိုနော်...."
ဟူသည့်အသံလေးနှင့်အတူ မျက်နှာလေးကနီစွေးစွေး
"ဘယ်လိုလဲ ပေးမှာလား"
"ဟင့်အင်း မသိဘူး"
"မသိဘူးဆိုတော့ ငါးဆယ်...ငါးဆယ်ပေါ့"
'တော်တော့နော်"
"ဟားဟားဟား"

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now