Part ♡ 27 ♡
"မဟုတ်ရင် ရဲစခန်းကိုဖုန်းဆက်ပြီးဖမ်းခိုင်းမယ် နင့်ယောက်ျားမှာငွေရှိလို့ ထောင်မကျရင်တောင် သူကမဒိန်းကောင်လို့နာမည်တွင်မှာပဲ"
ဒေါ်အိမိုးစကားများကြောင့် ပကတိလက်သီးကို ကျစ်နေအောင်ဆုပ်လိုက်မိသည်
ပြီးတော့ ခြေတစ်လှမ်းချင်းရှေ့တိုးမိကာ အိသက်ရှေ့ရပ်လျက်
"မမ"
ပကတိ ခေါ်လိုက်လျှင်
ဒေါ်အိမိုးရင်ခွင်ထဲမှ ထွက်ကာ ပကတိလက်အားဆုပ်ကိုင်ရင်း မျက်ရည်များဖြင့်
"တောင်းပန်ပါတယ်ဟာ
ငါလဲ တကယ်...ဟင့်....သူကအတင်း...ကြံစည်တာ ဟီး"
"အဟင်းးး"
ပကတိ ရီသံကြောင့် အားလုံးနားမလည်ဖြစ်သွားရသည်
ထိုစဉ်မှာပဲ ပကတိလက်တစ်ဖက်က ရိပ်ခနဲမြောက်တက်သွားကာ
ဖြန်း👋💢
မထင်မှတ်ထားသည့်လုပ်ရပ်ကြောင့် အားလုံးကြောင်အနေစဉ်
"ပကတိ နင်ဘာလုပ်တာလဲ"
အိသက်စကားဆုံးလျှင်ပဲ
ဖြန်း💢
နောက်ပါးပြင်ပေါ်သို့ ထပ်မံကျရောက်သွားသည့်ရိုက်ချက်တစ်ချက်
"နင်!!!!"
"ငါ့သမီးကို ဘာလုပ်တာလဲ"
ဒေါ်အိမိုးတို့ သားအမိနှစ်ယောက်အား စူးစိုက်စွာကြည့်ရင်း
မျက်ဝန်းတွေက အကြောက်အလန့်ကင်းစွာ
"ငါ့ယောက်ျားက နင်တို့အဲ့လိုစော်ကားရမယ့်သူမဟုတ်ဘူး"
"ဘာ!!!"
" မုဒိန်းကောင် ဟုတ်လား ဒေါ်ဒေါ် တို့မှာ သူ့ကိုအဲ့လိုပြောခွင့် သိက္ခာချခွင့်မရှိဘူး တောင်းပန်ပါ"
"ဘယ်လို!!!!!နင့်ယောက်ျားက ငါ့သမီးကို တက်မဒိန်းကျင့်နေတာ ငါ့မျက်စိနဲ့မြင်တာ ဘာလဲ လင်စိတ်မွှန်သွားတာလား"
"ပကတိ သူ့ကိုယုံတယ် ပြီးတော့ ပကတိကို ဘယ်လိုပြောပြောဘာပဲလုပ်လုပ် သည်းခံနိုင်တယ် ဒါပေမယ့် ပကတိခင်ပွန်းကို ပြောရင်မခံနိုင်ဘူး သူကဒေါ်ဒေါ်တို့အဲ့လိုလုပ်လို့ရတဲ့သူမဟုတ်ဘူး"
"အမလေးတော်.....သူ့လင်ကို စုံမှိတ်ယုံနေတယ် သက်သေကဒီလောက်ထင်ရှားနေတာ"
ပကတိ ဘယ်သူတွေ ဘာပြောပြောဂရုမစိုက်ပါပဲ အဆင်မပြေဖြစ်နေပုံရသော သူ့အနားတိုးကပ်လိုက်ရင်း သူ့လက်မောင်းအားဝင်တွဲလိုက်သည်
"ကိုအဆင်ပြေရဲ့လား "
"အင်း"
"သွားရအောင် ပကတိကြောင့် ကိုအပြောခံခဲ့ရတာ တောင်းပန်ပါတယ်"
သို့ပေမယ့် ဓန ထိုနေရာမှာသာရပ်နေရင်း
"ဒီကိစ္စကို သေချာစစ်ဆေးဖို့ ရဲစခန်းကိုအကြောင်းကြားပြီးပြီ"'
ဓန စကားကြောင့် ဒေါ်အိမိုးတို့သားအမိ တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်
ထိုစဉ် အိမ်ပေါ်သို့တက်လာသည့် လူတစ်ချို့
"ဟိုအခန်းထဲက သံပုရာရည်ခွက်ကို ဓာတ်ခွဲခန်းပို့လိုက် အဲ့ထဲမှာတစ်ခုခုပါလိမ့်မယ် ဒီကိစ္စတွေသေချာစစ်ဆေးပြီး ညှာတာခြင်းမရှိအရေးယူလိုက်ပါ"
"ဟုတ်ကဲ့"
"သွားရအောင်"
ဟုဆိုကာ ပကတိလက်အားဆုပ်ကိုင်ကာ ထိုအိမ်မှထွက်လာခဲ့လေသည်
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ