32U

3.4K 124 7
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 32 ♡

ပကတိ ပတ်တီးဖြေပြီးတာ နှစ်ရက်ပင်ရှိနေပြီ
ကိုနှင့်ပတ်သက်ပြီး ဘာမှမသိရ
ကို့အကြောင်းမေးရင် ကြီးဂျမ်းရော သဲသဲနှင့် ကြွယ်ကြွယ်ပါ မသေချာမရေရာ
ပြန်လာမှာပါဟုသာဆိုကြပေမယ့်
ပုံမှန်မဟုတ်တာကို ပကတိ သတိထားမိသည်
အနားမှာရှိနေသည့် ဖုန်းလေးအားယူကာ ခဏခဏဖုန်းဆက်ကြည့်သော်လည်း ဆက်သွယ်မှုဧရိယာပြင်ပသာ
ထိုစဥ် ချိုင့်အချို့နှင့်ဆေးရုံခန်းထဲဝင်လာသူ မမကြွယ်အား
"မမကြွယ်"
"ပြောလေ ပကတိ ဘာလိုလို့လဲ"
"ကိုကလေ တစ်ခုခုဖြစ်နေတာများမဟုတ်ဘူးမလားဟင်"
ပကတိအမေးအဆုံးမှာ မမကြွယ်မျက်နှာကွက်ခနဲ ပျက်သွားသည်ကိုတွေ့လိုက်ပေသည်
သို့ပေမယ့် ခဏမျှသာ
"အကိုလေးက အလုပ်များနေတယ်နေမှာပေါ့"
"ဟင့်အင်း ပကတိဆေးရုံကဆင်းချင်တယ်"
ပကတိစကားမှာ မမကြွယ်က ပျာပျာသလဲဖြင့် ငြင်းဆိုရပြန်သည်
စံအိမ်နှင့် အပြင်ဘက်မှာ အကိုလေးအကြောင်းသတင်းတွေက ပွထနေသည်မလား
ပကတိက မျက်လုံးပြန်ကောင်းကာစ
မျက်ရည်ကျလျှင် မျက်လုံးအတွက်မကောင်း
ဖွားဖွားကြီးကလဲ မြေးစိတ်နဲ့ အိပ်ရာထဲဘုန်းဘုန်းလဲနေပြီ
အကိုလေးသတင်းကလဲ ကြားရသည်မှာမယုံဖွယ်ရာ
အကိုလေးကားကို တွေ့ပြီဆိုပေမယ့် အကိုလေးအလောင်းကိုတော့အခုထိမတွေ့သေး
ဒါကြောင့် သခင်မကြီးတို့က မသေသေးဘူးလို့ယုံကြည်နေကြပေမယ့် ရာခိုင်နှုန်းတော်တော်နည်းသည်
အကိုလေးကားထိုးကျရာ တောင်စောင်းက အတော်ပင်မြင့်သည်မလား
"ပကတိလေးရယ် ဆေးရုံမှာဆိုတော့ တစ်ခုခုဆို အဆင်ပြေတာပေါ့"
"ဆရာဝန်ကြီးက ဆေးရုံဆင်းလို့ရပြီတဲ့ ပကတိဆင်းမယ် ပြီးတော့ပကတိသိတယ် အကုန်လုံးတစ်ခုခုကိုဖုံးကွယ်ထားကြတယ်"
ပကတိ ဒူးတုပ်လျက်သား ထိုင်နေရာမှ ကုတင်ပေါ်မှဆင်းကာ ပစ္စည်းတွေအားသိမ်းနေမိသည်
"ပကတိ ဘာလုပ်နေတာလဲ"
"ပကတိဆေးရုံကဆင်းတော့မယ်"
ဒုန်း💥
တံခါးအားဆောင့်ပိတ်လိုက်ခြင်းနှင့်အတူ အခန်းထဲ ဒေါက်ဖိနပ်သံက ပျံ့လွင့်သွားရသည်
"သခင်မကြီး"
ပကတိမျက်နှာလေးသွေးမရှိတော့သည့်နှယ် ဖြူဖတ်သွားရသည်
ထိုအချိန် ဒေါ်မေနီလာ ပကတိအနားဒေါသတကြီးတိုးကပ်သွားရင်း
ဖြန်း👋
ဖြန်း....
ပါးအားနှစ်ချက်ဆင့်ရိုက်ခံရခြင်းနှင့်အတူပကတိကိုယ်လေး ယိုင်နဲ့ကာ ကြမ်းပြင်ပေါ်၌ ပုံခနဲလဲကျသွားရလေသည်
"သခင်မကြီး...ဘာလို့"
"အစထဲက သိနေခဲ့တယ် နင့်ကံကြမ္မာဆိုးတွေက ငါ့သားကို ထိခိုက်လိမ့်မယ်ဆိုတာ"
သခင်မကြီးရဲ့ ထူးဆန်းသော စကားကြောင့် ပကတိ အားတင်းကာ ထရပ်လိုက်ပြီး
"ကို....ကို ဘာဖြစ်လို့လဲ"
ဒေါ်မေနီလာဟားတိုက်ရီမောချင်မိသည်အထိ
ကိုယ့်သား ခုလိုဖြစ်ရတာသူ့ကြောင့်ပင်မလား
သူကျဆေးရုံမှာအေးအေးဆေးဆေးနေနိုင်တယ်
နင့်ကို ငါတစ်သက်လုံးခွင့်မလွတ်ဘူး
"နင့်ကြောင့် ငါ့သားက ကံဆိုးပြီးသေရတာ"
"ကို....ဟင့်အင်းမဟုတ်ဘူး"
ပကတိ ပါးထက် မျက်ရည်ဥတွေက အပြိုင်အဆိုင်လိမ့်ဆင်းကျလာလေသည်
ကြားလိုက်ရသည့် သတင်းဆိုးကြောင့် ပကတိခြေဖျားလက်ဖျားတွေပင် အေးစက်သွားရသည်အထိ
မဖြစ်နိုင်ပါဘူး မဟုတ်ဘူး
ဟု ထစ်ချယုံကြည်ချင်ပေမယ့် အားလုံးအပြုအမူတွေထူးဆန်းနေသည်ကအမှန်ပင်မလား
"နင့်ကြောင့်သေရတာ နင်သာ ငါ့သားအနားက ထွက်သွားခဲ့ရင် ခုလိုသေရမှာမဟုတ်ဘူး"
"ဟင့်အင်း....မ...မဖြစ်နိုင်တာ.... ကိုက အလုပ်ခရီးမှာ"
ဒေါ်မေနီလာ အိတ်ထဲက ဖုန်းအားထုတ်ကာ Hotအဖြစ်ဆုံး သတင်းအားဖွင့်ကာ ပြလိုက်မိသည်
***လိုတရစံအိမ်ကြီး၏ ဆက်ခံသူသခင်လေးရဲ့ မတော်တဆမှုမှ အလောင်းအား ယနေ့တွေ့ရှိခဲ့ရသည်***
ထို့အတူ ပုံ၌တွေ့ရသည်မှာလဲ ကို့ကားမှ ကို့ကားအစစ်
ပကတိ နောက်သို့ခြေလှမ်းတို့ ဆုတ်မိလျက်သား
" တွေ့ပြီလား ငါ့သားသေရတာနင့်ကြောင့် ရှင်းပကတိ နင်က ကံဆိုးခြင်းနဲ့မွေးဖွားလာတာ နင့်အနားကသူတွေအကုန်လုံးကို ဒုက္ခပေးမှာ"
💭နင့်ကြောင့် ငါ့အစ်ကိုသေရတာဂြိုလ်ဆိုးမ💭
💭မွေးကထဲက နင့်အမေကို နင်သတ်တာ💭
💭နင့်ကြောင့်ပဲ ရှင်းပကတိ နင်က ကံဆိုးမ💭
ပကတိနားထဲ အသံတွေကပြတ်တောင်းပြတ်တောင်း
ကိုသေပြီတဲ့လား....
အဲ့တာကလဲ ပကတိကြောင့်တဲ့
ပကတိက တကယ်ပဲ ကို့ကိုကံဆိုးစေတာလား
ပကတိပတ်တီးဖြေရင် ပထမဆုံးတွေ့စေရမယ်ဆို
ပကတိကို ပြောစရာရှိတယ်ဆို...
ပကတိကြောင့် ကံဆိုးရင်တောင် ကိုကကံကောင်းခြင်းတွေ ပြည့်နှက်ပြီးသားမလို့ အတွေ့အကြုံအသစ်တဲ့
ခုကိုမရှိတော့ဘူး
ပကတိကြောင့် ကိုသေရတာ
ပကတိ ခြေထောက်တွေအင်အားမဲ့လာစွာမျက်စိရှေ့က မြင်ကွင်းတွေမှုန်ဝါးလာရသည်
"ပကတိ!!!!!"
ပကတိကြောင့် ကိုသေရတာတဲ့
ပကတိကြောင့် ကိုကံဆိုးသွားရတာ

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now