14Z

1.6K 17 4
                                    


Part ♡ 14 ♡

ဓန အိပ်ရာထက်လူးလွင့်ကာ လှုပ်ရှားရင်း နံဘေးကစားပွဲပေါ်ကနာရီအားတစ်ချက်ကြည့်မိလိုက်သည်
၈နာရီ၃၅မိနစ်
ကြမ်းပြင်ထက် ချွတ်ထားသည့်အင်္ကျီအားဖြစ်သလိုကောက်စွပ်မိသည်
မလှမ်းမကမ်းကစားပွဲပေါ်မှာတော့ အနည်းငယ်ညှိုးနေသည့် နှင်းဆီနီနီများ
"ကျစ်!!!!"
ဓန တံခါးဖွင့်ကာ အပြင်ထွက်လိုက်ပြီး
"အပြင်မှာ ဘယ်သူရှိလဲ"
ဓန အော်သံကြောင့် ဓနအနားအပြေးအလွှားရောက်လာခဲ့သော ကောင်မလေးသုံးယောက်
"ပကတိကိုလာခဲ့ဖို့ပြောလိုက်"
"ဟုတ်ကဲ့"
ပြောချင်တာပြောပြီးသည်နှင့်တံခါးအားဒုန်းခနဲဆောင့်ပိတ်လိုက်သူကြောင့် ကိုယ်လေးတွေပင်တွန့်ခနဲ

"ဟဲ့ ငါတို့ကြားတာတကယ်ကြီးလားမသိဘူး"
ဓန မရှိတော့သည်နှင့် ခပ်တိုးတိုးထွက်ပေါ်လာသည့်စကားသံများ
"အေး ဟုတ်လောက်တယ်"
"ရှင်းပကတိက တကယ်ပဲ သခင်လေးရဲ့ဇနီးဖြစ်လာမလားနော်"
"သခင်လေးမှာစေ့စပ်ထားသူရှိတယ်လေ ဘယ်လိုတွေဖြစ်မှာလဲမသိဘူး"
"အေးနော်"

🍑🍑🍑🍑🍑🍑🍑🍑🍑🍑

ပကတိ သခင်လေးနှင့်မတွေ့အောင်ရှောင်နေပါသည်ဆိုမှ သခင်လေးက အခေါ်လွတ်လိုက်သောကြောင့်မလာလို့မဖြစ်
တံခါးကိုခေါက်ကာ အသိပေးမိတော့
"ဝင်ခဲ့"
ဟုဆိုသောကြောင့် မဝံ့မရဲ ခပ်ကုတ်ကုတ်ဝင်သွားမိသည်
အခန်းထဲရောက်သည်နှင့် အိပ်ရာထက် အင်္ကျီဟပြဲကြီးနှင့် စီးကရက်ကိုဇိမ်ပြေနပြေထိုင်သောက်နေလေသည်
ပကတိဝင်လာတော့ မလိုမကျဟန်မျက်မှောင်ကြီးကျုံ့နေလျက်
"အကိုလေး ဘာခိုင်းစရာရှိလို့ပါလဲ"
"မင်းတောင် တာဝန်တွေမေ့နေပြီပဲ"
စကားနှင့်အတူ အကြည့်တို့ဖြင့်ညွှန်ပြမိသည်က စားပွဲထက်မှ နှင်းဆီပန်းလေးများထံ
"ဟို ပကတိခုချက်ချင်းလဲပေးပါ့မယ်"
"နေဦး"
အပြင်သို့ထွက်ဖို့ပြင်နေသော ကောင်မလေးအား သေချာကြည့်မိလိုက်သည်
ဇီးရောင်ပါတိတ်ဝမ်းဆက်လေးက ကိုယ်ထက်ချပ်ရပ်နေသောကြောင့် သူမရဲ့ခါး​သေးသေးလေးတွေဟာအတိုင်းသား
တစ်ခါလောက်ဖျစ်ညစ်လိုက်လျှင်တောင် ကျိုးသွားမှာစိုးရိမ်ရသည်
အရင်နေ့လိုမဟုတ်ဘဲ သူမရဲ့အညိုရောင်ဆံနွယ်တွေအား အနောက်တွင် ခပ်လျော့လျော့ထုံးထားသောကြောင့် အပြစ်အနာအဆာမရှိတဲ့မျက်နှာလေးဟာအတိုင်းသား
အရင်နေ့တွေကဆို သနပ်ခါးအပြင်သူမမျက်နှာထက် ဘာမှတင်လေ့မရှိသော်လည်း
ယနေ့မှာတော့အနည်းငယ်ထူးဆန်းနေသည်
မိတ်ကပ်ခပ်ပါးပါး လူးသည်ဆိုရုံလောက်လေးလူးထားရုံမျှမရ
ဆေးကူစရာမလိုသည့်နှုတ်ခမ်းသားနီနီထက် ရဲသွေးထပ်တင်ထားသည့်အခါ နှင်းဆီဖူးတွေတောင်ရှုံးနိုင်သည်
တစ်ခါမှခုလိုပြင်ထားတာမမြင်ဖူးသည်မလို့ ကြည့်နေရင်းကြည့်နေရင်းစိတ်တို့က အလိုမကျချင်
အဲ့လောက်ပြင်နေတာ ဘယ်ကောင်ကြည့်ဖို့လဲမှမသိတာ
ဘာလို့ဒီလောက်လှနေရတာလဲ သဝန်တိုစရာကောင်းအောင်....
"ကျစ်!!!!"
သခင်လေးနဲ့ ကျစ် ခနဲအသံကိုကြားသည်နှင့် ပကတိခြေလှမ်းတို့ဟာ နောက်သို့အော်တိုဆုတ်လိုက်မိသည်
"ဘာလို့အလှတွေပြင်ထားတာလဲ"
"ဟင်"
သခင်လေးစကားကြောင့် ကိုယ့်မျက်နှာကို ယောင်ယမ်းကာစမ်းကြည့်မိသည်အထိ
"ဘယ်ကောင်နဲ့တွေ့မလို့လဲ"
'မဟုတ်တာ...ပကတိရဲ့ကလေးတွေ ဆုပေးပွဲရှိလို့ပါ"
သူမအဖြေကြောင့် ဓန မျက်မှောင်ကြုတ်လျက်
"ဘယ်လို!!!!!ဒါဆို မင်းအကောင်က ကျောင်းဆရာလား"
"ဟင်...မဟုတ်ပါဘူး"
"ငါသတိပေးထားမယ်နော် ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်နဲ့ ငါ့အကြောင်းသိသွားမယ်"
"ဟုတ်"
ဘုတ်💢
ပကတိအဖြေအဆုံး ပကတိမျက်နှာထံထိကပ်လာသည်က အင်္ကျီတစ်ထည်
အရှင်းဆုံးပြောရလျှင် အကိုလေးကသူ့ကိုယ်ထက်မှ အင်္ကျီအားချွတ်ကာ ပစ်ပေးလိုက်ခြင်း
ကိုယ်၌ ဗလာကျင်းသွားသဖြင့် ပကတိမကြည့်ရဲစွာတစ်ဖက်သို့လှည့်လိုက်မိသည်
"အဟွန့်"
နားထဲ သူ့ရီသံကို ခပ်တိုးတိုးကြားလိုက်ရပြန်၏
"အင်္ကျီထုတ်ထား ပန်းအိုးကိုငါရေချိုးမပြီးခင် အပြီးလဲ"
.
.
.
.
ဓန ရေချိုးပြီးလျှင်ပဲ ပြတင်းပေါက်မှလိုက်ကာအားဆွဲဖယ်ရင်း
သူ့အခန်းနှင့် မျက်နှာချင်းဆိုင်မှ နှင်းဆီပန်းခင်းကြီးအားကြည့်ကာ ပြုံးလိုက်မိသည်
ပန်းခင်းကြီးထဲ ကတ်ကြေးတစ်လက်နှင့် ပန်းခူးနေသော သူမ
အနီရောင်နှင်းဆီပန်းခင်းကျယ်ကြီးထဲ သူမရဲ့လှုပ်ရှားမှုတွေကို ငေးကြည့်ရတာလဲ စိတ်ကိုကြည်စေတာပါပဲ

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now