20Z

1.5K 20 1
                                    


Part ♡ 20 ♡

ဆိတ်ငြိမ်သော ရိပ်သာတစ်ခုအတွင်း....
သစ်ပင်ထက်မှသစ်ရွက်တို့ကလေတိုက်တိုင်း တရှဲရှဲမြည်နေကြသည်
ကျေးငှက်သာရကတို့၏တကျီကျီ အော်သံမှလွဲလျှင် အရာအားလုံးဆိတ်ငြိမ်စွာပင်
ဆိတ်ငြိမ်သောရပ်ဝန်းအတွင်း အဖိုးအဖွားတို့ကလက်ထဲတွင်စိပ်ပုတီးလေးအားစိပ်ကာ တည်ငြိမ်သောခြေလှမ်းများဖြင့် တရားဘာဝနာပွားများနေကြလေသည်
ထိုတိတ်ဆိတ်နေသော ရပ်ဝန်းလေးအတွင်း အနက်ရောင်ဖိတ်နေသော ကားတစ်စီးက ကျယ်လောင်သောဘရိတ်အုတ်သံနှင့်အတူ ထိုးရပ်လာသောကြောင့် အားလုံးကစူးစမ်းလိုဟန် ထိုနေရာသို့ကြည့်မိလိုက်သည်
အနက်ရောင်Body fitရှပ်အနက်အား ကြယ်သီး၎လုံးလောက်ဖြုတ်ကာ Style pantအနက်ဖြင့် အရပ်ထောင်ထောင်မောင်းမောင်းလူက ထိုနေရာနှင့်မအပ်မစပ်
ဂုတ်မထိတတိဆံပင်တို့အား တစ်ဝက်ကိုသာ ဖြစ်သလိုစုစည်းထားသဖြင့် မျက်နှာထက်ကပိုကရိုကျနေသေးသည်
ထူထဲနေသောမျက်ခုံးတန်းတို့က တွန့်ချိုးနေရုံမျှမက
မျက်ဝန်းနက်နက်တို့ကလဲ စူးစူးရှရှ
ထိုမျက်ဝန်းတို့ဖြင့် နေရာတိုင်း စေ့စေ့နပ်နပ်ကြည့်ကာ တစ်စုံတစ်ခုအားရှာနေဟန်
"စည်းလေး"
ထိုစဉ် မလှမ်းမကမ်းမှာရပ်နေသည့် ဒေါ်ဂျမ်းခိုင်က အရင်မြင်ကာ ခေါ်လိုက်ခြင်း
ဓန ရှည်လျားသောခြေတံတို့ဖြင့် ဒေါ်ဂျမ်းခိုင်အနား လွှားခနဲ လွှားခနဲ လှမ်းသွားမိသည်
"စည်းလေးက ဒီကို...ဘယ်လိုလုပ်....'"
"ဖွားဖွား ဘယ်မှာလဲ"

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ဒီတစ်ခါဖွားဖွားကြီးနှင့် ကြီးကြီးတို့ တရားစခန်းဝင်ချိန်
ကျန်းမာရေးသိပ်မကောင်းသောဖွားဖွားကြီးအားဂရုစိုက်ရန်နှင့်
ကြီးကြီးအား စိတ်လွတ်ကိုယ်လွတ်တရားအလုပ်လုပ်နိုင်စေရန်အလို့ငှာ ဖွားဖွားကြီးအားစောင့်ရှောက်ရန်ပကတိပါ လိုက်ခဲ့မိသည်
ဖွားဖွားကြီးကသူ့မြေးအကြောင်းသိစွာ မလိုက်ဖို့တားသော်လည်း
ကံကောင်းသည်ဆိုရမလား သူအလုပ်ကိစ္စ ခရီးထွက်ချိန်နှင့်တိုက်ဆိုင်သွားသဖြင့် အဆင်ပြေသည်ဆိုရမည်
"ဖွားဖွား ပကတိခြေလက်ဆေးပေးမယ်နော်"
"သာဓုပါကွယ်"
ဒေါ်ပန်းဒေဝီ အဖြူရောင်ရင်ဖုံးလေးနှင့်ယောဂီထမိန်ဝတ်ထားသည့် ပကတိအားကြည့်ကာ စိတ်တို့အေးချမ်းရသည်
ကျန်းမာရေးသိပ်မကောင်းသောကြောင့် တရားစခန်းဘာညာဝင်လျှင် အခက်ကြုံရသည်
ဒေါ်ဂျမ်းခိုင်က အဖော်ပြုပေးသော်လည်း ကိုယ့်အားပြုစုရသည့်အချိန်များဖြင့်ရှုပ်နေကာ တရားအလုပ်အေးအေးဆေးဆေးမလုပ်ရ
ဒီတစ်ခါမှာတော့ ပကတိလေးကလိုက်ပါပေးကာ ကိုယ့်အားပြုစုပေးသော​ကြောင့် ကျေးဇူးအခါခါတင်မိသည်
ကိုယ့်ကိုသာမက တခြားသက်ကြီးရွယ်အိုများကိုပါ လိုအပ်သည်များလုပ်ပေးကာ ကုသိုလ်ယူနေသည်
စိတ်ထားလှလေတော့ ဘာမှလိမ်းခြယ်မထားသောမျက်နှာလေးဟာ အပြစ်ကင်းစွာကြည်ကြည်လင်လင်
ကြည့်လိုက်တိုင်း အေးချမ်းသည်
ကိုယ့်​မြေးနဲ့များကွာပါ့
အမြဲ ဒေါသမောဟနဲ့ ဒီနှစ်ယောက်ကရေနဲ့မီးလိုဒွန်တွဲနေတာဆိုရမည်
"ဖွားဖွား!!!!!"
အတွေးမဆုံးသေး ကြားလိုက်ရသည့်အသံကျယ်ကြီးကြောင့် ကိုယ်ပါမက နံဘေးကတရားရှုမှတ်နေသူများပါ လည်ပြန်ကြည့်လာကြသည်
လုပ်ပြန်ပြီ ဒီကောင်လေး....ရှေ့မကြည့်နောက်မကြည့်နဲ့
နေပါဦး အလုပ်ကိစ္စတစ်ပတ်လောက်ကြာမယ်ဆိုတဲ့လူက ဒီလိုနေရာကို ဘယ်လိုလုပ်ပြီး......
ပါးစပ်ဖြင့် အဖြေပေးရန်မလိုပါ
အကြည့်တို့ကစားမတတ်ဝါးမတတ်ကြည့်နေသည်က ဒေါ်ပန်းဒေဝီနံဘေးမှ ပကတိထံ၌သာ
"ရှင်းပကတိ!!!!"
အသံကျယ်ကြီးဖြင့် အနားရောက်လာသည်က တစ်ခဏအတွင်း
"ကို....."
ပကတိမှာလဲ ခေါင်းလေးငုံ့လျက် ဘာလုပ်ရမည်မသိစွာ
"လာခဲ့....မင်းကိုတော့အပြစ်ပေးရမယ်"
ပြောပြောဆိုဆိုပင် ပကတိအား အရုပ်လေးတစ်ရုပ်နှယ် သူ့အနားဆွဲကပ်လိုက်လေသည်
ခုနကတိတ်ဆိတ်နေသော ရပ်ဝန်းအတွင်းလေးဟာ ဆန့်ကျင်ဘက်အနေအထားပင်
အားလုံးရဲ့အကြည့်ဟာလဲ သူတို့ထံ၌သာ.....
"မြေးငယ် ဘယ်လိုဖြစ်နေတာတုန်း"
ဒေါ်ပန်းဒေဝီ မျက်နှာပူပူဖြင့်ပြောမိလျှင်
ကိုယ့်မြေးက မျက်နှာရှစ်ခေါက်ချိုးဖြင့်
"ဘယ်လိုဖြစ်ရမှာလဲ အဖွားဗျာ....ကျွန်တော်တို့လက်ထပ်ထားတာ၃ပတ်ပဲရှိသေးတယ် ချစ်စကြင်နာစအချိန်ကို ဘာလို့ကျွန်တော့်မိန်းမကို ဒီကိုခေါ်လာရတာလဲ"
ကိုယ်မြေးစကားကြောင့် မျက်နှာကပူသထက်ပူလာရကာ
"​မြေးငယ်လဲ အလုပ်ခရီးထွက်နေရတာလေတစ်ပတ်ကြာမယ်ဆိုတော့....."
"မဆိုင်တာ အစထဲက အလုပ်ခရီးပေါ်လာလို့ စိတ်ညစ်ရတဲ့ကြားထဲ ခုကျွန်တော်ပြန်လာတော့ အိမ်မှာမရှိဘူး ဘာနေနေ ပကတိကိုကျွန်တော်ပြန်ခေါ်သွားမယ်"
"မြေးငယ်....ရက်ပိုင်းလေးကို ပကတိလေးလဲစိတ်ပြေလက်ပျောက်ပေါ့"
"ဟ...ထားစရာလား အဖွားတို့သာတရားရှာရမယ့်အရွယ်မလို့လေ တော်ကြာ တရားပေါက်ပြီး ကျွန်တော့်ကိုထားပြီး သီလရှင်ဝတ်နေပြန်ပါဦးမယ် အစထဲကတရားပေါက်မတတ်ဖြစ်နေတာကို"
ဒီစကားကိုတော့ နံဘေးမှာမလှုပ်မယှက်ရပ်နေသော ပကတိကိုမကျေမနပ်ကြည့်ကာပြောလိုက်ခြင်း
ကိုယ့်မှာတော့ တစ်ပတ်လောက်ကြာမည့်အလုပ်ခရီးကို သုံးရက်လောက်မနားမနေအပြတ်ဖြတ်ခဲ့ရသည်
ဒါကို သူကရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းသလိုပင်
ယောက်ျားယူထားတာဘယ်လောက်ရှိသေးလို့ တရားစခန်းလိုက်သွားရတာလဲ
ဘာလဲ ကိုယ်က သူ့အတွက် ကိလေသာကုန်ခမ်းစရာကောင်းနေလို့လား

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now