33U

3.7K 124 9
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 33 ♡

သဲသဲ ပကတိ၏ အိပ်ခန်းထဲလင်ဗန်းတစ်ခုကိုင်လာကာ ဝင်လာလေသည်
ညရေးညတာအတွက် သူနာပြုတစ်ယောက်နှင့် သဲသဲတို့ကအနီးရှိအခန်းမှာတစ်ယောက်တစ်လှည့် အိပ်ပေးရသည်
ပြတင်းပေါက်နံဘေးမှီကာ ရပ်နေသော မမပကတိကြောင့် သဲသဲ လင်ဗန်းလေးအားချကာ ခြုံပုဝါယူကာ ခြုံပေးလိုက်ရသည်
"လေတိုက်တယ် မမပကတိ အအေးမိလို့မရဘူးလေ"
"........."
သဲသဲအားဘာစကားမှ ပြန်မပြော
အပြင်ကိုသာ ငေးကြည့်နေသည်
ပကတိနေသည့်အခန်းက ကိုနှင့်လက်မထပ်ခင်က အခန်းဖြစ်သည်
အဲ့တုန်းက ကိုပကတိကိုတွေ့ဖို့ သစ်ပင်ကြီးကနေတွယ်တက်ဖူးသည်
မဖြစ်နိုင်လား ဖြစ်နိုင်လားမသိပေမယ့် တစ်ကြိမ်လောက်ဖြစ်ဖြစ် ထိုကဲ့သို့ဖြစ်ဖြစ်လာစေချင်မိသည်
စက္ကန့်ပိုင်းလေးဆိုလဲ ရသည်
ဒီတိုင်းကို့ကို ခဏတွေ့ရမယ်ဆိုရင် ပကတိကို့ကိုတွေ့ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်ခဏတော့အသက်ရှင်နိုင်မှာ
ပကတိ ပြားကပ်နေဆဲ ဝမ်းဗိုက်လေးအား လက်ဖြင့်အသာလေးဖိကိုင်မိသည်
ပကတိအသက်နဲ့ရင်းပြီး ကို့ရင်သွေးလေးကို ရအောင်မွေးမှာ
တကယ်လို့ ပကတိမရှိတော့ရင်တောင် ကလေးလေးကအဖွားတွေရဲ့ အချစ်ခံလေးဖြစ်မှာ
ပကတိသိသည်
သခင်မကြီးက ပကတိကိုခွင့်လွတ်နိုင်မှာမဟုတ်ဘူးဆိုတာ
ပကတိကိုယ်တိုင်ကလည်း ကလေးလေးနှင့် အတူမနေချင်တာမဟုတ်ပေမယ့် နေမယ့်စိတ်ကူးမရှိပေ
ကိုနဲ့တုန်းကလို ပကတိရဲ့နှလုံးသားအလိုကို လိုက်ရင် ပကတိတို့ကလေးလေးမှာ အန္တရာယ်ရှိလာနိုင်သည်
ပကတိကြောင့် ကိုအန္တရာယ်ဖြစ်သွားခဲ့သည်မဟုတ်ပါလား
ခဏပဲစောင့်ပါ
ပကတိကို့ဆီလာမှာ.....
ခုအချိန်မှာ ကလေးလေးသာ မရှိခဲ့ရင် ပကတိရှင်သန်နေမှာမဟုတ်ဘူး
ကို့နောက်ကိုချက်ချင်းလိုက်ဖို့ရွေးချယ်မိမှာ

"မမပကတိ"
သဲသဲခေါ်သံကြောင့် သတိဝင်လာကာ လှည့်ကြည့်မိတော့
"သခင်မကြီးက မအိပ်ခင်နွားနို့သောက်ဖို့ မှာလိုက်ပါတယ်"
"........"
ပကတိ ဘာမှမဆိုပဲ လက်ကမ်းလိုက်လျှင်
"ဆိုပေမယ့်....မမပကတိသောက်ချင်စိတ်မရှိရင် မသောက်ပါနဲ့ အန်မှာ မမပကတိသိပ်ပင်ပန်းနေပြီ"
".....,."
"မမပကတိ ဘာစားချင်လဲဟင် တစ်ချို့ကိုယ်ဝန်သည်တွေက အချဥ်တို့သစ်သီးတို့စားချင်ကြတယ်တဲ့ တစ်ခုခုစားချင်တာများမရှိဘူးလား"
သဲသဲစကားကြောင့် ပကတိတွေးလိုက်ပေမယ့် ဦးနှောက်ထဲ ဘာမှပေါ်မလာ
ပကတိအလိုချင်ဆုံး အလိုအပ်ဆုံးအရာတစ်ခုပဲရှိသည်
ထိုအရာက ကိုသာ....
"တကယ်လို့မစားချင်ရင်လဲ အသီးလေးတစ်ခုခုတော့စားပါဦး ပြီးရင်ဆေးသောက်ရမယ်လေ"
" ကျေးဇူးပါပဲ"
"ပြောစရာလား မမပကတိရယ်"
သစ်တော်သီးတစ်​စိတ်အား ယူကာစားပြီး ညအိပ်ဝင်ချိန်သောက်သည့်ဆေးအားသောက်ပြီး အိပ်စက်ဖို့ပြင်လိုက်မိသည်
သို့ပေမယ့် အိပ်ပျော်မည်ဆိုတာမ​သေချာ
ပကတိကလေးအတွက် ပကတိကြိုးစားအိပ်ရမည်မလား
ပကတိ ကုတင်ထံလျှောက်လာလျှင် သဲသဲကအလိုက်တသိလာကူတွဲပြီး အိပ်ရာထက်နေရာတကျအိပ်စေသည်
ထို့နောက်စောင်ပါးလေးအား ခြုံပေးပြီး
"တစ်ခုခုဆို သဲသဲဟိုဘက်ခန်းမှာနော် မမပကတိက တစ်ယောက်ထဲအိပ်ချင်တယ်ဆိုလို့သာ"
သခင်မကြီးက သူနာပြုများအားအခန်းထဲအိပ်စေသော်လည်း ပကတိငြင်းဆန်ခဲ့မိသည်
ဘာရယ်မဟုတ်
တခြားသူများရှိနေသောကြောင့်ကိုပကတိထံမလာမှာ စိုးရိမ်​မိသောကြောင့်ပင်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now