24U

3.6K 128 14
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 24 ♡

"မင်္ဂလာပွဲစတော့မှာ ဖြစ်လို့သတို့သားနေရာယူပေးပါ"
ဝန်ထမ်းတစ်ယောက်၏ အပြောကြောင့် ဒေါ်မေနီလာမျက်နှာထက်အပြုံးတို့ထင်ဟပ်သွားသည်မက
ဓန နှုတ်ခမ်းပါးတို့ ခပ်ပြုံးပြုံးဖြစ်သွားလေသည်
"အဟက်....အချိန်ကျလာပြီပဲ"
ဟု ရေရွတ်ကာအနက်ရောင်ကုတ်အင်္ကျီနှင့် necktieတို့အား စိတ်ရှုပ်ဟန် ဖြုတ်ပစ်နေသူကြောင့် ဒေါ်မေနီလာနားမလည်စွာ ကြည့်နေမိစဥ်
📲Ring....Ring📲
လက်ထဲက ဖုန်းမြည်လာသောကြောင့်
"ဟဲလို "
"........."
"ဘာပြောလိုက်တယ်"
တစ်ဖက်က ဘာပြောလိုက်သည်မသိပေမယ့် သေချာသည်က အရေးကြီးကိစ္စပင်ဖြစ်ရမည်
ဒေါ်မေနီလာမျက်နှာကြီး မည်းမှောင်လာကာ ရှေ့၌ခပ်ထေ့ထေ့ပြုံးပြနေသော သားဖြစ်သူအား
"မင်းလက်ချက်မလား"
"ကျွန်တော်ပြောပါတယ် မာမီရှိရင်ဒီပွဲက သေချာပေါက်ဖြစ်လာမှာပါလို့..."
ဒေါ်မေနီလာမှာ ရှူးရှူးဒိုင်းဒိုင်းဖြစ်နေသလောက် ဓနမှာတော့ ဘာမှအရေးမကြီးသလို ခြေချိတ်ထိုင်နေရင်း စီးကရက်အားဖွာနေလေသည်
"ဘယ်လိုလဲ မာမီ မာမီ့ကုမ္ပဏီကို အဆုံးရှုံးခံမလားသိပ်လိုချင်ပါတယ်ဆိုတဲ့ ချွေးမလေးကို အရယူမလား"
"စည်းစိမ်ဓန!!!!!မင်းအမေရဲ့ ကုမ္ပဏီကို ထိခိုက်အောင်ထိလုပ်ရတဲ့အကြောင်းပြချက်ကဘာလဲ"
"ရှင်းပါတယ် ကျွန်တော့်အပိုင်ကိုလာထိတာကို..."
"မင်းအပိုင်???"
ဓန စီးကရက်အား ဖိချေလိုက်ပြီး ဘောင်းဘီအိတ်ထဲလက်ထည့်ကာ ဒေါ်မေနီလာထံ လျှောက်လာလေသည်
"မာမီက ကျွန်တော့်ကိုလျော့တွက်လိုက်တာပဲ"
"မင်းဘာကိုဆိုလိုတာလဲ"
"အဟက်!!!!ပကတိက မာမီပေးတဲ့ငွေကိုယူပြီး ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးသွားတယ် ဆိုတဲ့စကားကို ကျွန်တော်ကယုံမယ်ထင်နေလား"
"........"
"ပကတိက ကျွန်တော့်မိန်းမသူ့အကြောင်းကျွန်တော်မသိတာမရှိဘူးမာမီ မာမီနဲ့သူ့ကြားကကတိစကားတွေကအစ ကျွန်တော်သိတယ်"
"ဘယ်လို!!!!!မင်း...."
"ဘာလို့ ကျွန်တော်မသိချင်ယောင်ဆောင်ထားလဲသိလား ကျွန်တော်လိုချင်တာရှိလို့ မာမီအလိုကျဖြစ်လာမယ်ထင်နေလား "
ဓန မိခင်ဖြစ်သူအနားထပ်မံတိုးကပ်လိုက်ပြီး
'ပကတိကို မာမီ့အလိုကျသဘောအတိုင်းလုပ်လို့ရတယ်ထင်နေလား စောင့်ကြည့်နေလိုက်မာမီ မကြာခင် ဒီထက်ပိုပြီး မာမီ့ကစားပွဲထဲမှာ မာမီ့အလိုကျဖြစ်လာမှာမဟုတ်ဘူး ဘာလို့လဲသိလား"
"........"
"ရှင်းပကတိဆိုတဲ့ မိန်းကလေးက ကျွန်တော့်ကို သိပ်ချစ်တာ အဲ့အချစ်တွေက မာမီ့အမိန့်ကိုလွန်ဆန်ဖို့အင်အားတွေဖြစ်လာလိမ့်မယ်"
"စည်းစိမ်ဓန မင်းကိုယ်မင်းတော်လှပြီထင်နေလား"
"အဟက်...ခုလိုပြောနေမယ့်အစား မာမီကုမ္ပဏီဆီပြေးသွားသင့်ပြီမလား အချိန်ကငွေပဲလေ"
"မင်း!!!!!တောက်"
ဒေါ်မေနီလာ သားဖြစ်သူအားအဆုံးပေးကာ အရေးပေါ်အခြေအနေဖြစ်နေသည့်ကုမ္ပဏီထံအပြေးသွားလိုက်ရပေသည်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now