💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘
Part ♡ 37 ♡
"ခေတ်ရယ် စိတ်မဆိုးပါနဲ့တော့ကွာ"
ဧည့်ခန်းမှာ စူပုတ်ပုတ်နေတဲ့ မဗိုက်ကနီရဲနေသော ဂါဝန်ဖားဖားကြီးနှင့်
မကြာမီစုဘူးက ပေါက်တော့မည်မလား
အစကတော့ ကိုယ့်ကိုမချစ်လို့ဆိုပြီးလောင်ခဲ့ရသလောက်
ခေတ်အချစ်ဦးက ကိုယ်ဖြစ်ပြီး ကိုယ့်ကိုချစ်မှန်းသိသိရဲ့နဲ့လည်း
ချစ်တယ်လို့ အပြောမခံရသေးဘူး
သက်သက်အာချောင်တဲ့အကျိုးဆက်က သမီးလေးတောင်မွေးတော့မည်
စိတ်ဆိုးမပြေသေး
"ကိုယ်တကယ် ဘယ်သူ့ကိုမှ အကူအညီမပေးဖူးဘူး မင်းကိုပဲကိုယ့်နှလုံးသား အရှင်သခင်မလေးမလို့ဆိုပြီး ကူညီခဲ့တာဖြစ်မှာ"
ခေတ်ကလဲနှုတ်ခမ်းလေးတွန့်လျက်
"ကျွန်မကလဲ ရှင့်ကို စတွေ့တုန်းက အထင်ကြီးသွားတာ ဒီလိုလူမှန်းသိခဲ့ရင် အချိန်မကုန်ဘူး"
ထိုအခါ နေနိုင်က မခံနိုင်စွာ
"ခေတ်နော် အဲ့လိုမပြောနဲ့ကွာ"
"ပြောမှာပဲ ရှင့်ကိုစိတ်ပျက်စိတ်ကုန်သွားပြီ"
"မရဘူးလေကွာ ခေတ်ရာ မင်းစိတ်ကောက်တာ လချီနေပြီနော်"
ခေတ်ပေစောင်းစောင်းပြန်ကြည့်ပြီး
" အဲ့တော့ဘာဖြစ်လဲ"
"မဖြစ်ပါဘူးကိုယ်မှားတာပါလို့"
သိပ်ကို အပိုးကျိုးနေသော နေနိုင်အား မိဘနှစ်ပါးနှင့် ကဗျာကကြည့်ကာ ပြုံးစိစိလုပ်နေကြသည်ကဗျာကိုကြီးတို့အား မကြည့်နိုင်တော့စွာ အပေါ်ထပ်သို့တက်သွားလိုက်သည်
အိပ်ရာထက် ကန့်လန့်ဖြတ်လဲချရင်း ကိုကိုလိုင်းပေါ်ရှိမလားဟုကြည့်နေမိ၏
အလုပ်မဆင်းသေးဘူးထင်ပါရဲ့
လူကလဲတော်တော်ကို ပျင်းနေသောကြောင့် ကိုကို့ကိုစချင်လာသည်နှင့် ဘယ်လိုစရင်ကောင်းမလဲဟုတွေးနေမိသည်
ထို့နောက်အကြံရကာ
ကိုကို့ထံ စာပို့မိသည်က ဝမ်းနည်းနေသည့်စတစ်ကာလေးဖြင့်
💬ကိုကို ကဗျာမှာ ကိုယ်ဝန်ရှိနေပြီ😢💬
💬ကိုကြီးသိရင်ကဗျာတော့သေမှာ💬
ဟုပို့ပြီး ကိုကိုဖြစ်သွားမည့်ပုံစံအားစိတ်ကူးထဲတွေးကြည့်ရင်း အူမြူးနေမိသည်
"အဟိ ခဏနေမှ နောက်တာလို့ ထပ်ပို့လိုက်မယ် ကိုကိုတော့ လန့်သွားမှာပဲ"
ကိုယ့်အတွေးနှင့်ကိုယ် ကြည်နူးနေမိစဥ်
"သမီးရေ အောက်မှာ ဓနနဲ့ပကတိရောက်နေတယ်"
မားအော်သံကြောင့် ကဗျာပျော်သွားရကာ
"ဟုတ်မား"
မမပကတိနှင့် တွေ့ချင်ဇောဖြင့် ကဗျာမေ့သွားခဲ့သည်က.......
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ