30Z

1.3K 16 3
                                    


Part ♡ 30 ♡

"ခေတ် ငါနင့်ဆုံးဖြတ်ချက်အတွက် ဂုဏ်ပြုပါတယ်ဟာ ငါပြောနိုင်တယ် ကိုနေနိုင်က နင့်ကိုတကယ်ချစ်တာ"
ဆေးရုံဆင်းရန် အထုပ်အပိုးပြင်နေရင်း ပကတိ တိတ်ဆိတ်နေသည့် ခေတ်အားပြောလိုက်မိသည်
"ပကတိ အချစ်မပါတဲ့ အိမ်ထောင်ရေးက အဆင်ပြေပါ့မလား"
အတွေးတွေများနေပုံရသည့် သူငယ်ချင်းကြောင့်
ပကတိ ခေတ်နံဘေးတွင်ထိုင်လိုက်ပြီး
"အချစ်ဆိုတာ အချိန်မရွေးဖြစ်တည်လာနိုင်တယ် ခေတ် အချစ်ဦးကလွဲရင်ဘယ်သူ့ကိုမှ မချစ်နိုင်ဘူးလို့ထင်ခဲ့တယ်မလား ဒါပေမယ့် ပန်းကဗျာသီကို စိတ်ဝင်စားခဲ့သေးတာပဲ"
"ငါ အမှန်အတိုင်း​ဖြေရရင်ဟာ ငါ့အချစ်ဦးကလွဲပြီး တခြားတစ်ယောက်ကို ချစ်မိဖို့မဖြစ်နိုင်ဘူး ပန်းကသူနဲ့သိပ်တူတာ"
"ဘယ်လိုတူတာလဲ"
"မျက်ဝန်းတွေက သိပ်ဆင်တာ ငါ့အတိတ်ကအချစ်ဦးကို ဝေဝေဝါးဝါးသာမှတ်မိတော့ပေမယ့် သူ့အကြည့်တွေမျက်ဝန်းတွေ အမှတ်ရတုန်းပဲ"
"ဒါပေမယ့် အတိတ်မှာကျန်ခဲ့ပြီလေ"
"ဖြစ်နိုင်ရင် တစ်ခါလောက်လေးဖြစ်ဖြစ် တွေ့ချင်မိတယ်"
" မတွေးနဲ့တော့ ပန်းကဗျာသီက နင့်အချစ်ဦးနဲ့ ဆင်တူတယ်ဆိုရင် ကိုနေနိုင်ကရော တူနိုင်တယ်လေ မောင်နှမတွေပဲမလား"
"ငါ သူ့ကို ချစ်ဖို့ တွေးကြည့်လို့မရသေးဘူးပကတိရာ"
"စိတ်အေးအေးထားပါဟာ နင်ဘာမှမစားရသေးဘူးမလား"
ခေတ်ခေါင်းယမ်းပြလျှင်
"ခေတ်ရယ် အစားကိုအချိန်မှန်စားရမယ်လေ ခုနေ့လည်ကျော်နေပြီ နေဦး ငါဆေးရုံရှေ့နားက ဆိုင်မှာနင်ကြိုက်တဲ့စွပ်ပြုတ်လေးသွားဝယ်လိုက်ဦးမယ်"
"ရတယ် ငါ...."
"ခဏစောင့်"
ခေတ်ပြောတာပင်မစောင့်ပဲ ပြေးထွက်သွားသူ ပကတိ

ပကတိ ဆေးရုံအထွက်တံခါးမကြီးနှင့် မျက်နှာချင်းဆိုင်ဆိုင်လေးထံသွားဖို့ ပြင်လိုက်မိသည်
ကြားထဲ လမ်းမကြီးခြားနေသောကြောင့် ကားရှင်းရန်စောင့်ရလေသည်
ကြည့်နေရင်း အမြင်တွေဝေဝါးလာသလိုလိုဖြစ်လာရသည်
အမြဲမဟုတ်သော်လည်း ထိုသို့ဖြစ်ချိန် အချိန်ကြာမြင့်လာတတ်တာ ဒီရက်ပိုင်းတွင် ပိုသိသာလာရသည်
ပကတိ အားယူကြည့်ကာ လမ်းကူးဖို့စဉ်းစားနေမိသည်
နောက်ဆုံး အန္တရာယ်ကင်းစေရန်သာ ဦးစားပေးလိုက်ရင်းထိုနေရာတွင်သာရပ်နေမိချိန်
ဝူး💢
ကျယ်လောင်သော ဆိုင်ကယ်သံက ပကတိရပ်နေသည့် လမ်းနံဘေးလေးကို တမင်ဦးတည်လာသည်လားမသိ
အသံက တဖြည်းဖြည်းနီးကပ်လာလျှင်
"သတိထား!!!!"
ယောက်ျားတစ်ယောက်၏ခပ်ကျယ်ကျယ်သတိပေးတာနှင့်အတူ ပကတိကိုယ်လေးဆွဲယူခံလိုက်ရလေသည်
ဝူး....ဝရော💢
"ဆိုင်ကယ်က ခင်ဗျားကိုတမင်တိုက်ဖို့နေမှာ မင်းအဆင်ပြေလား"
ပကတိ ထိုလူအားသေချာမမြင်ရပေ
" ကျေးဇူးပါပဲရှင်"
"မင်းကြည့်ရတာ လူနာနဲ့မတူပါဘူး"'
"အမြင်အာရုံထိခိုက်ထားလို့ပါ"
ထိုသူက သဘောကောင်းပုံပေါ်သည်
"ဒါဆို ကျွန်တော်ပြန်လိုက်ပို့ပေးပါ့မယ်"
"အားနာစရာကြီး"
"ကျွန်တော့်လက်ကို တွဲထားလိုက်ပါ"
ပကတိ အနည်းငယ်တွန့်ဆုတ်သွားရသည်
ကိုမြင်လျှင်ကြိုက်မှာမဟုတ်
"ကျွန်တော်Dutyရှိသေးတယ် မြန်မြန်လေး မင်းဒီမှာဆက်နေရင်ခုနကလိုဖြစ်နေဦးမယ်"
"ဒါဆို အကူအညီတောင်းပါတယ်"
ပကတိ ထိုသူ့လက်အားစမ်းကာ ဆွဲဖို့ပြင်လိုက်ချိန်
ဖတ်💢
"မလိုဘူး"
ပကတိအား ကမ်းပေးနေသည့်လက်အား ရိုက်ထုတ်လိုက်ရုံမက
ခပ်မာမာပြောလိုက်သံကြောင့်
ပကတိ ခုနက အကူအညီပေးသူအား အားနာသွားရကာ
"ကို....သူက ပကတိကို ကူညီခဲ့တာ"
ပကတိ မမြင်ရပေမာ့် သူ့အင်္ကျီအားအတင်းဆုတ်ဆွဲထားမိသည်
"ဒီက...."
"သူ့ယောက်ျား"
"ဒါဆို ခွင့်ပြုပါဦး နောက်ကိုတစ်ယောက်ထဲလွတ်မထားပါနဲ့ အန္တရာယ်ရှိနိုင်တယ်"
"ငါ့မိန်းမငါ စောင့်ရှောက်နိုင်တယ် မင်းအပူမပါဘူး"
ဓန နေ့လည်စာစားချိန် သူမရှိရာဆေးရုံသို့ လာခဲ့လျှင် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်တွေတိုလာရသည်
တခြားကောင်လေးလက်အား ဆုပ်ကိုင်ဖို့ ကြိုးစားနေသော သူမ
သူရောက်တော့လည်း ခုနကလူကိုကာကွယ်ပေးနေပြန်သည်
"ရှင်းပကတိ မင်းနဲ့အဲ့ကောင်ဘယ်လိုသိလဲ"
"မသိဘူး ပကတိကို ကယ်ပေးတာ"
ဓန ပြောနေသူအားမျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်
"ပကတိ ကို့ကိုမမြင်ရတော့ဘူး"
"ဘာ!!!!!ကျစ် ဘာလို့တစ်ယောက်တည်းလျှောက်သွားနေသေးတာလဲ"
ခုနကဒေါသတွေအစား စိုးရိမ်စိတ်တွေ အလုံးအရင်းဝင်လာရသည်
"ချက်ချင်းကြီးဖြစ်သွားတာ"
"ကျစ်!!!"
ဓန သူမကိုယ်လေးအားပွေ့ကာ ကားထံခေါ်လာခဲ့မိသည်
"အဆင်ပြေလား"
ပကတိက သူ့မျက်နှာတို့အား စမ်းကိုင်နေပြီး
"ပကတိကြောက်တယ်ကို....ကို့ကိုထပ်မတွေ့ရတော့ရင် ဘယ်လိုလုပ်မလဲ"
"နောက်အပတ်ဆိုခွဲစိတ်ရမှာ ခွဲစိတ်ပြီးရင် လုံးဝကောင်းသွားမှာ"
"တကယ်လို့....ပြန်မမြင်နိုင်ရင်ရော"
ဓန သူမလက်တို့အား ပြန်ကိုင်ဆုပ်ကိုင်ရင်း
"တကယ်လို့...ဆိုတာမရှိဘူး ဘာလို့လဲသိလား မင်းယောက်ျားငါက ရတယ်ဆိုရတယ်ပဲ အဲ့လိုရအောင်လဲ ကမ္ဘာကြီးကိုဇောက်ထိုးမိုးမျှော်လုပ်ပစ်ဖို့အထိဝန်မလေးဘူး မင်းငါ့ကိုယုံလား"
"အင်း ကို့ကိုယုံတယ်"
"........."
"ကို့ကိုချစ်တယ်"
ချစ်စကားသံနှင့်အတူ မေးဖျားထက်ခပ်နွေးနွေးအထိအတွေ့က သူမနှူတ်ခမ်းပါးတို့ကြောင့်ပင်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now