21Z

1.5K 22 1
                                    


Part ♡ 21 ♡

အရေးကြီးကိစ္စရှိသည်ဟုဆိုကာ ချိန်းလာသောကြောင့် အလုပ်တွေပစ်ကာ နေနိုင်ချိန်းထားသည့်Barသို့ လာခဲ့ရသည်
ဟိုရောက်တော့ အောင်မြင်ရော နေနနိုင်ပါရောက်နေနှင့်ပြီ
"စီးပွားရေးလုပ်ငန်းရှင်ကြီးကို တွေ့ဖို့ခက်လိုက်တာကွာ"
နေနိုင်ရဲ့ ခပ်ရွဲ့ရွဲ့အပြောကြောင့် ဓန ထိုင်ခုံမှာဝင်ထိုင်ရင်း
"စကားရှည်မနေနဲ့ ဘာလဲအရေးကြီးကိစ္စက"
"အေးဘာလဲ"
အောင်မြင်ကပါသိချင်စွာ ဝင်မေးလိုက်ခြင်း
"အဟမ်းးးးး"
နေနိုင် လည်ချောင်းရှင်းသည့်အနေဖြင့် ချောင်းတစ်ချက်ဟန့်မိလိုက်သည်
သူ့နှလုံးသားကိုသူသိသွားပြီမလို့ သူနဲ့အရင်းနှီးဆုံးဒီနှစ်ကောင်ကို ဖွင့်ပြောရမည်
ငယ်ကထဲက ပေါင်းလာသူတွေကြောင့် စိတ်ဓာတ်တွေကိုသိပြီးသားဖြစ်သည်
ဂေးဖြစ်ခြင်း မဖြစ်ခြင်းအပေါ်ဒီကောင်တွေသိလဲ ပြောင်းလဲသွားမည်မဟုတ်
"ငါတကယ်ချစ်ရတဲ့သူကိုတွေ့ပြီးပြီ"
ကိုယ်ကအားတက်သရောပြောလိုက်တာကို ဘာစကားပြန်မှမရသော သူငယ်ချင်းနှစ်ယောက်အားကြည့်မိလိုက်တော့ ဘာမှမဖြစ်သလိုပင်
ဒါကြောင့် စိတ်ထဲမရောင့်မရဲဖြင့်
"ဟေ့ကောင်တွေ ငါပြောတာဂရုစိုက်ကြပါဦး"
"မင်းမှာအပေါဆုံးကအချစ်ပဲကွာ ဒါများဘာထူးဆန်းလဲ"
"ဒီတစ်ခါအတည်ကွ"
"အေးကွာ...Good luck"
အလေးအနက်မထားသလိုအောင်မြင်က ဝင်ပြောလိုက်ခြင်း
ဓနကတော့ဝိုင်ခွက်အား အရသာခံသောက်နေကာ ဘာမှဝင်မပြော
"ငါကဂေးကွ"
"ဖလူး...."
အောင်မြင် မော့သောက်နေသော ဝီစကီတို့ပင် သီးသွားရသည်
ဓနမှာလည်း မထင်မှတ်ထားစွာကြားလိုက်ရသောကြောင့် ဝိုင်ခွက်အားစားပွဲပေါ်ချရင်း
ဆက်ပြောဆိုသည့်သဘောဖြင့် မေးဆတ်ပြလျက်
"ငါချစ်မိသွားတာကယောက်ျားလေးကြီးကွ"
"ဘယ်လို!!!!!"
"ဆိုတော့....ဒီတစ်ခါအတည်ကြီးပေါ့"
"ဘယ်သူလဲ အဲ့ကောင်က"
အောင်မြင်အမေးကြောင့် မျက်လုံးထဲဝင်လာသည့်သူလေးကြောင့် အပြုံးတို့ကအတောမသတ်နိုင်
"ခေတ်ဆန်း"
"WTF!!!!"
📲Ring.....Ring📲
ထိုစဉ်နေနိုင်ဖုန်းကမြည်လာသောကြောင့်
"ဟေ့ရောင်တွေခဏကွာ"

နေနိုင်ထသွားလျှင် အောင်မြင်က ခပ်ပြုံးပြုံးလုပ်နေသည့် ဓနအားကြည့်ရင်း
'ဟေ့ရောင် ငါထင်နေတာမှန်တယ်မလား"
"အဟွန်းးးး"
"မင်းမိန်းမရဲ့သူငယ်ချင်းလေးလေ ငါထင်တော့ထင်သားအစောင့်အရှောက်နတ်ကြီးက ရှင်းပကတိနားယောက်ျားတစ်ယောက်ရှိနေတာကိုလုံးဝလွတ်ထားပါ့မလားခုတော့သေချာသွားပြီ ငါ့ကောင်နေနိုင်အကြောင်းငါအသိဆုံးအဲ့ကောင်လားဂေးမှာ
ဘာလို့အမှန်အတိုင်းမပြောတာလဲ"
"မွှန်ပြီး အမှန်တရားကိုမမြင်နေတာ ငါကဘာလို့ဝင်ပါရမှာလဲ ပြဇာတ်ကြည့်ရသလိုပေါ့ကွာ"
"အေးကွ ဟုတ်သားအဟဲဆေးထိုးရမယ်"
ဓန အောင်မြင်အားပြုံးကာကြည့်ရင်း
"သူများပဲပြောမနေနဲ့ ဆေးထိုးတာလဲထိုးပေါ့ နောက်ကျမှယောက်ဖက ပြန်ထိုးနေမယ်"
ဓနရဲ့အပြောကြောင့် အောင်မြင်မလုံမလဲဖြင့် နေနိုင်ဘက်ကြည့်ကာ
"ဘာယောက်ဖလဲကွာ အထင်တွေလွဲနေမယ်"
"ဒီရက်ပိုင်းမင်းနဲ့နေနိုင့်ညီမကိုခဏခဏတွေ့နေရတယ်"
"တိုက်ဆိုင်တာပါကွာ"
"ရင်ထဲသိမ်းထားတာကြာတော့မှိုမတက်သေးဘူးလား"
ဓနအပြောကြောင့် စားလက်စအမြည်းပင် မြိုမကျ
ဒီကောင်အရာရာတိုင်းသိနေတော့တာပဲလား
အဲ့လျှို့ဝှက်ချက်ကိုလဲသူသိတာပဲလား
တကယ်ဆို ကိုယ့်ကိုယ်စောင့်နတ်ကလွဲရင် ဘယ်သူမှမသိခဲ့ဖူးဘူး
"Sorryကွာ အိမ်ကဆက်လို့"
"အဟမ်း နေနိုင်မင်းကတကယ်ကြီးလားဒီတစ်ခါက"
အောင်မြင်ချောင်းတစ်ချက်ဟန့်ရင်း ဆေးထိုးရန်စပြောလိုက်သည်
"မင်းတို့ငါ့ကို ရွံတော့မရွံဘူးမလား"
"ဒီခေတ်ကဘာခေတ်လဲကွာ ငါတို့ကအကုန်လက်ခံနိုင်တယ်ကွ"
"ငါစဉ်းစားနေတာ"
ခပ်အေးအေးလေသံဖြင့်ပြောလိုက်သံကြောင့် နေနိုင်ရောအောင်မြင်ပါ ဓနအားကြည့်လိုက်မိသည်
"ဘယ်သူကTop ဘယ်သူကBottomလဲ"
ရုပ်တည်ကြီးနှင့်ပြောလိုက်သောဓနစကားကြောင့် အောင်မြင်စိတ်ထဲမှာ အခါခါအော်ရီပြီး​နေပြီ
နေနိုင်မှာတော့ မျက်နှာလေးကဇီးရွက်လောက်လေးကျန်တော့သည်
"ငါအဲ့ဒါတွေမတွေးဖူးဘူး ငါသိတာသူ့ကိုချစ်တယ် သူသာတကယ်လိုမယ်ဆို ငါပေးနိုင်တယ်ပါတယ်ကွာ အရေးကြီးဆုံးက ငါ့ကိုပြန်ချစ်ဖို့ပဲကွ"
"ဟာ ကြက်သီးတွေပါထတယ်"
"မင်းတို့လဲ သိပါတယ် သူကငါ့ညီမကိုကြိုက်နေတာကွ ငါလဲဘာလုပ်ရမယ်မသိဘူး"
"မင်းနောက်ဆုံးထိကြိုးစားကြည့်ပေါ့ကွာမရရင်ဓနလမ်းစဉ်လိုက်"
"ဘာလဲ ငါကဘာလို့လဲ"
"ခုတလောငါ့ကောင်တောင်တော်တော်လိမ်မာနေတာ အိမ်ပြန်ချိန်တွေမှန်လို့ ရန်ပွဲတွေလဲရှင်းနေပြီ"
ဓန ဂုဏ်ယူသည့်အပြုံးကြီးဖြင့်
"အဟက် ငါ့ကိုမျှော်နေမယ့်သူရှိတယ်လေ မင်းတို့မှမခံစားဖူးဘူးတာ"
"သူတောင်းစား"
" ခွေးကောင်"
ဓနစကားအဆုံးဆဲသံတို့ကပြည့်နှက်သွားလေသည်
ဓန ပြုံးလျက်
'ငါသွားပြီ"
ထိုင်နေရာမှထကာ ပြန်ဖို့တစ်ဖက်သို့အလှည့်
ဘုတ်💢
ကောင်မလေးတစ်ယောက်မှဝင်တိုက်လိုက်ခြင်းပင်
"အယ်....sorryကိုကြီး"
တောင်းပန်စကားပြောရင်း လက်တို့ကဓနရင်ဘတ်ထက်ပွတ်သီးပွတ်သပ်လုပ်လာသောအခါ
"ဝေးဝေးနေ"
ရေခဲရိုက်ထားသည့်အလား အေးစက်စက်စကားကိုသာဆိုလျက် နောက်မလှည့်ကြည့်စတမ်းထွက်သွားလေသည်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now