25Z

1.1K 15 4
                                    


Part ♡ 25 ♡

ပကတိညွှန်ပြသည့်လမ်းလေးအတိုင်းမောင်းလာတော့ မကြာမီ အိမ်ရှေ့ရောက်လာလေသည်
ပကတိတို့ရွာမှာကိုယ်ပိုင်ကားစီးနိုင်သူတွေရှိသော်လည်း ခုလိုကားအကောင်းကြီးကဖြတ်မောင်းသွားသည့်အခါ စပ်စပ်စုစုကြည့်နေကြသည်

ဓန ကားပေါ်ကဆင်းကာ ထိုအိမ်အားတစ်ချက်ကြည့်လိုက်မိသည်
ရေနံဂျီးများမဲနေအောင်သုတ်ထားသော နှစ်ထပ်ပျဉ်ထောင်အိမ်လေး
ပါလာသောသော့ဖြင့်ဖွင့်ကာ သစ်သားတံခါးလေးအားဆွဲဖွင့်လိုက်သည်
အိမ်ရဲ့အနောက်ထောင့်မှာ ဝါးထရံတို့ကာထားသည့်ရေချိုးခြံလေးနှင့် မလှမ်းမကမ်းမှာ ရေတွင်းတစ်တွင်း
ဓန သိပ်စိတ်တိုင်းမကျချင်
ရေချိုးခြံကလဲ မလုံခြုံလိုက်တာ
စိတ်ထဲအလိုမကျစွာ နောက်လှည့်ကြည့်မိတော့ အိမ်ပေါက်ဝမှာရပ်နေသော သူမ
ဓန မျက်မှောင်ကြုတ်လိုက်ပြီး
"အဲ့မှာ ဘာရပ်လုပ်နေတာလဲ"
ဓနမေးတော့ မဝံ့မရဲလေးမော့ကြည့်လာကာ
"ဟို....ကို....အဲ....အကိုလေး"
ပကတိ စကားတွေထစ်နေမိသည်
ခုအခြေအနေနှင့် ဘယ်လိုအခေါ်အဝေါ်က အသင့်တော်ဆုံးလဲ

ဓန အမြင်ကတ်စွာ ကြည့်နေမိသည်
ဘာတွေတွေးနေသည်မသိ
"ဒီအိမ်ထဲ ကားထားလို့အဆင်ပြေမှာမဟုတ်ဘူး အဲ့တာမလို့ဘုန်းကြီးကျောင်းမှာဖြစ်ဖြစ်သွားထားလိုက်မလား"
"မလိုဘူး သူတို့ယူသွားလိမ့်မယ်"
"ဟို ခိုင်းစရာမရှိရင်...ပကတိကိုခွင့်ပြု!!!!"
မရတော့ပေ
ဒီတစ်ယောက်ကို လုံးဝစိတ်မရှည်တော့
သူမစကားမပြီးခင်မှာပဲ စိတ်မရှည်စွာ သူမလက်ကောက်ဝတ်အားဆုပ်ကိုင်ပြီး
'ဘယ်သွားချင်နေရတာလဲ"
ထ်ုသို့မေးလိုက်သည့်အခါ အပြစ်မရှိသလိုမျက်နှာလေးဖြင့်
"အိမ်ပြန်မလို့ပါ"
"ဘာ!!!!!!မင်း"
ဓန ဒေါသထွက်စွာပြောခါနီး
"ပကတိတို့ ဒီအိမ်ကိုဝယ်လိုက်တယ်ဆို"
အပြင်မှ မိန်းမကြီးတစ်ချို့ပြောစကားကြောင့် ဓနသက်ပြင်းချလိုက်ရသည်
ဒေါသကတော့တော်တော်ကြီးထွက်နေတာ

"သူက ပကတိယောက်ျားလား ချောတယ်နော်"
ခပ်ဝဝမိန်းမကြီးအပြောအား ငြင်းဆန်ဖို့ပြင်နေသော သူမကြောင့် ဓနအံကိုတင်းတင်းကြိတ်လိုက်ပြီး
သူမပုခုံးမှဆွဲဖက်လိုက်သည်
"ကျွန်တော်က သူ့ယောက်ျား အကြောင်းပြချက်မရှိ အိမ်ကထွက်သွားတဲ့သူ့ကို လာခေါ်တာ"
"လင်နဲ့မယားဆိုတာ ဒီလိုပါပဲကွယ် ကဲဒေါ်ကြီးတို့ကိုခွင့်ပြုဦး"

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now