28Z

1K 19 3
                                    


Part ♡ 28 ♡

ဒီနေ့ဖွားဖွားရဲ့ ရက်လည်နေ့ပင်
လောကကြီးအား အအေးချမ်းဆုံးထွက်ခွာသွားခဲ့ပြီမလား
"ဖွားဖွားကောင်းရာသုဂတိလားမှာပါ"
ဒီအချိန်မှာ တစ်ခုသောဆုလာဘ်က ပကတိနံဘေးသူရှိနေခြင်းပါပဲ
"မငိုနဲ့ သိပ်ပင်ပန်းနေပြီ ဖွားဖွားလဲမင်းငိုတာကြိုက်မှာမဟုတ်ဘူး"
သူ့စကားအဆုံး သူ့ရင်ခွင်ထဲမျက်နှာအပ်ကာ ထပ်မံငိုရှိုက်လိုက်မိ၏

အခန်းထဲတွင်ပကတိ ဖွားဖွားရဲ့ပစ္စည်းတွေအားကြည့်ကာ ဝမ်းနည်းခြင်းတွေဝင်ရောက်လာသည်
ပကတိဘာဆက်လုပ်ရမည်နည်း
သူကပြန်ဖို့ စကားမဆိုပေ
သို့ပေမယ့် ဒီမှာဆက်နေဖို့အကြောင်းပြချက်လဲမရှိတော့ပြီမလား
ပကတိချစ်တဲ့သူတွေက မရှိတော့ဘူးလေ
ပကတိ မျက်ရည်များအား သုတ်ကာ အပြင်သို့ထွက်လာတော့
"ထပ်ငိုနေပြန်ပြီလား"
"ဟင့်အင်း ကို ဗိုက်ဆာနေပြီလား"
"လာ ကိုယ့်ဆီ"
ပကတိ သူကမ်းကြိုဆိုရာ သူ့အနားတိုးကပ်ကာထိုင်မိတော့
"သိပ်ကိုအငိုသန်တာပဲ"
သူက ပကတိပါးပြင်ထက်မှ မျက်ရည်များအား သုတ်ပေးလေသည်
ပကတိ သူကြည့်နေသည်အားကြည့်မိတော့
"နောက်ဆုံးတစ်ခေါက်ဖွားဖွားနဲ့တွေ့တုန်းက ကိုယ့်ကိုပေးသွားတာ မင်းနဲ့ပတ်သက်တဲ့အကုန်လုံးကိုပေါ့ မင်းကိုယ့်အနားကထပ်ထွက်ပြေးမယ်ဆိုရင် ဖွားဖွားဆန္ဒကိုလွန်ဆန်တာပဲ"
"........"
"မင်းငယ်ငယ်ကလဲ ချစ်ဖို့ကောင်းတယ်"
ပကတိ သူနှင့်အတူ ထိုPhoto albumများအားပြန်ကြည့်မိသည်
ပကတိငယ်ဘဝများ
ပကတိရဲ့ တဖြည်းဖြည်းကြီးပြင်းလာပုံများအားကြည့်ကာ သူပြုံးနေခဲ့သည်
သူ့အပြုံးတွေငေးရင်း Photo albumထဲကဓာတ်ပုံတွေထဲ မှတ်မိသလောက်အတိတ်ရဲ့ပျော်ရွှင်စရာတွေပြန်တွေးရင်း ခဏမျှပျော်မိသည်အထိ
"ဒီပုံဆို ၅တန်းလောက်ရှိဦးမယ် ကြည့်ပါဦးကွာ စုတ်ပြတ်နေတာပဲ"
ပကတိရဲ့ ရွံ့တွေပေနေသည့်ပုံအားကြည့်ကာ သူကရေရွတ်သည်
"ကလေးတွေကိုမချစ်တတ်ပေမယ့်...."
"......"
အဆက်အစပ်မရှိဆိုလာသည့်သူ့စကားကြောင့် ပကတိသူ့မျက်ဝန်းတွေအား ငေးကြည့်မိသည်
"မင်းနဲ့သိပ်တူတဲ့ သမီးလေးလိုချင်လာတယ်"
"........"
"ဒီအတိုင်း ကိုယ်မရှိခဲ့တဲ့ မင်းရဲ့ငယ်ဘဝတွေကို သမီးလေးကိုကြည့်ပြီးပုံဖော်ချင်တယ် မင်းနဲ့အတူပေါ့"
သူ့စကားတွေကြောင့် ပကတိရင်ထဲ ကြည်နူးမိလာသည်
အတွေးထဲ ထိုမိသားစုဘဝလေးကို ပုံဖော်ကြည့်ကာ ပြုံးမိသည်အထိ

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now