23U

5.1K 129 11
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 23 ♡

ခေတ် အလုပ်ဆင်းပြီး အိမ်ပြန်ရန်အပြန်လမ်းတွင်
"ဟေ့"
ခေတ်အသံကြောင့် နားကြပ်အားဖြုတ်ကာ လှည့်ကြည့်လိုက်လျှင်
အပြာရောင်ပြိုင်ကားပေါ်က လူကြောင့်
"ဘာလဲ"
"ငါနဲ့တစ်နေရာလိုက်ခဲ့မလား"
ခေတ်မျက်မှောင်ကြုတ်လျက်
"ဘယ်ကိုလဲ"
"ရောက်ရင်သိလိမ့်မယ် လာတက်"
ခေတ်ကားပေါ်သို့ရောက်လျှင်ပဲ ခပ်မြန်မြန်မောင်းထွက်သွားလေသည်
"ဘယ်ကိုသွားမလို့လဲ"
ခေတ်အမေးကြောင့် ခေတ်ဘက်လှည့်ကြည့်ကာ မျက်လုံးတစ်ဖက်မှိတ်ပြရင်း
"Secret"
ခေတ် ထိုသူအား ဘာမှပြောချင်စိတ်မရှိတော့ချေ
သူခေါ်လာသည်က ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်သို့ပင်
ပြီးတော့ ခေတ်နဲ့သူနဲ့နှစ်ယောက်တည်း
ဒါ့အပြင် နှင်းဆီပန်းတွေကနေရာတိုင်းမှာ ပြန့်ကြဲနေကာ ရဲရဲနီနေလေသည်
ဒါတင်မကသေး
အမွှေးဖယောင်းတိုင်တွေဖြင့် romaticဆန်ဆန်Dinnerကပြင်ဆင်ထားသေးသည်
ဘာလဲ ကောင်မလေးကို Proposeလုပ်ဖို့ ငါ့ကိုကူညီစေချင်တာလားပဲ
ခေတ်နားမလည်စွာ နေနိုင်အားကြည့်မိလိုက်လျှင်
"မင်းအချစ်ဆိုတာကို ဘယ်လိုတွေးထားလဲ"
"အမ်"
"မင်းချစ်သူကမိန်းမတစ်ယောက်မှမိန်းမတစ်ယောက်ဖြစ်ရမယ်လို့တွေးထားလား"
"အချစ်ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုရရင် အများကြီး ဒါပေမယ့်ဗျာ ကျွန်တော်ကတော့ တိတိကျကျမရှိဘူး ကျွန်တော်ချစ်မိတဲ့သူက ကျွန်တော့်ချစ်ခြင်းအဓိပ္ပါယ်ပဲ"
"LGBTတွေကိုရော မင်းဘယ်လိုမြင်လဲ"
"အင်းးးးသူတို့လဲ လူသားတွေပါပဲ ဘယ်လိင်ကိုမဆိုချစ်ခွင့်ရှိပါတယ်"
ခေတ်အဖြေအဆုံး နေနိုင်ရဲ့သဘောတကျအပြုံးကြီးတွေ့လိုက်ရသည်
ခေတ် ခုမှမသင်္ကာဖြစ်လာကာ ပတ်ဝန်းကျင်နှင့် သူပြောသည့်စကားများအား ဆပ်စပ်ကြည့်လိုက်ချိန်မှာတော့
ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလိုပင်
ဆံပင်တွေပါထောင်သွားသည်ဟုထင်ရသည်
ငါထင်သလိုတော့ မဟုတ်ဘူးမလား မဟုတ်ရဘူးနော်
အတွေးမဆုံးလိုက် နေနိုင်ကခေတ်အနီးတိုးကပ်လာကာ
"ကိုယ့်တစ်ဘဝလုံး မိန်းကလေးတွေနဲ့ရှုပ်ခဲ့ပေမယ့် ရင်ခုန်သံအစစ်ကမင်းဖြစ်နေတယ်"
ဟိုက်.....သေစမ်း
"သတ်မှတ်ချက်တွေကျော်လွန်ပြီးကို မင်းကိုချစ်မိသွားတာ"
မဟုတ်ဘူးလေ ငါ့ယောက်ဖတော်ရမယ့်သူကြီးက ငါ့ကို...Proposeလုပ်နေတာလား
"နှင်းဆီပန်းအပွင့်ပေါင်း၉၉၉ပွင့် ကိုယ့်အချစ်တွေကမင်းအတွက်အဆုံးအစမရှိဘူး ထာဝရမင်းတစ်ယောက်ထဲကိုပဲ"
"နေ....နေပါဦး"
ခေတ် နေနိုင်အားတားယူလိုက်ပြီး အသက်ကိုဖြေးဖြေးချင်းရှူကာ စိတ်ငြိမ်စေလိုက်သည်
"ခင်ဗျားကောင်မလေးကို proposeလုပ်ဖို့ ကျွန်တော်နဲ့လေ့ကျင့်နေတာ ဟုတ်တယ်မလား"
"ကိုယ့်ရင်ခုန်သံတွေကိုတောင် သံသယဝင်မိခဲ့တာ ကိုယ်ချစ်တာ မင်းပါ"
"ဟမ်"
"ကိုယ့်ဘဝမှာယောက်ျားတစ်ယောက်ကိုချစ်မိဖို့ဆိုတာ အိမ်မက်ထဲတောင်မရှိခဲ့ဖူးဘူးဒါပေမယ့် မင်းကိုတော့ ချစ်မိသွားခဲ့တယ် ကိုယ်တို့အချစ်တွေက သဘာဝကိုဖီဆန်နေမယ်ဆိုရင်တောင် ကိုယ့်ကိုစဥ်းစားပေးနိုင်မလား"
"ဟာဗျာ.....ကျွန်တော်ကခင်ဗျားညီမကိုလိုက်နေတာလေ"
ခေတ်မျက်နှာကြီးရှုံမဲ့စွာ ပြောလိုက်မိသည်
"ကိုယ့်ညီမဆိုတာ ကိုယ်နဲ့အရာရာတူပါတယ် တစ်မိဘထဲကမွေးထားတာ အဲ့တော့ကိုယ့်ညီမအစား ကိုယ့်ကိုသာ ပြန်ချစ်လိုက်"
ခေတ် အနည်းငယ်ရှည်နေပြီဖြစ်သော ဆံပင်တို့အားထိုးဖွပစ်ရင်း
"မဟုတ်သေးပါဘူးဗျာ'
"ဟုတ်တယ်လုပ်လိုက်ပါကွာ ငါ့ညီမနဲ့ငါကရုပ်တူပါတယ် ငါ့ကိုပြန်ကြိုက်ပါကွာ"
ခေတ်အားကလေးတစ်ယောက်မုန့်ပူဆာသလိုလုပ်နေသော သူကြောင့် စိတ်တွေပင်လေသွားရသည်
သူကလက်မလျော့သေး ခေတ်ရဲ့လက်တို့အားဆုပ်ကိုင်လာကာ
"သိပ်ချစ်တယ်မင်းကို"
ခေတ်သူ့စကားအဆုံး တစ်ကိုယ်လုံးကြက်သီးများထလာရသလိုလို
သူ့လက်ထဲကနေ ရုန်းထွက်ရင်း
"ခင်ဗျားထပ်ပြောရင် ကျွန်တော်ဒီသင်္ဘောပေါ်ကခုန်ချမိတော့မယ်"
"ကိုယ့်ရင်ထဲက ချစ်စကားအမှန်တွေပါကွာ"
"ခင်ဗျားတော်တော့နော် ထပ်ပြောရင်တကယ်ခုန်ချမှာ"
ပြောနေရင်းပင် ခုန်ချဖို့လုပ်နေသူကြောင့် နေနိုင်ခေတ်အားဆွဲရင်း
"မလုပ်နဲ့လေကွာ ထပ်မပြောတော့ဘူးဟုတ်ပြီလား"
ခေတ် စိတ်ရှုပ်စွာ သူ့အားကြည့်လာပြီး
"ခင်ဗျားဒီရက်ပိုင်းအလုပ်များနေတာမလား အိပ်ရေးဝဝအိပ်လိုက်"
"အင်း"
ဟုတ်တယ် ဒီလူစိတ်ကယောင်ချောက်ခြားဖြစ်နေတာဖြစ်ရမည်
ခေတ်က ငြိမ်သက်နေသော နေနိုင်အားကြည့်ကာ ထိုသို့တွေးမိလိုက်ပေမယ့်
နေနိုင်ကတော့မတူ
ငါဖွင့်ပြောတာ အရမ်းလောသွားလို့ သူမယုံနိုင်ဖြစ်နေတာထင်တယ်
နောက်တစ်ကြိမ်ဆို အန္တရာယ်များတဲ့နေရာတွေရှောင်ရမယ်
အဲ့တာမှ သူလန့်သွားရင်တောင် ခုလိုလုပ်လို့မရအောင်.....

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now