6Z

1.8K 22 0
                                    


Part ♡ 6 ♡

"ပကတိလေး ကြီးကြီးစိတ်ချမယ်နော်"
ကြီးကြီးစကားကြောင့် အဝတ်အစားတွေခရီးဆောင်အိတ်ထဲအစီအရီထည့်နေရင်း ပြုံးမိလိုက်သည်
ဖွားဖွားကြီးနှင့်အတူ ဘုရားဖူးခရီးထွက်သွားမည်ကို ပကတိအားစိတ်မချစွာ မှာမဆုံး
"ကြီးကြီးကလဲ သဲသဲရော မမကြွယ်တို့ရောရှိနေတာကို မပူပါနဲ့"
"အင်းပါအေ"
"ကြီးကြီးသာဂရုစိုက်"
"ဟုတ်ပါပြီ"

ပကတိကြီးကြီးအားစောအိပ်စေကာ ပစ္စည်းပစ္စယတွေကျန်ခဲ့မည်ကြောင့် အိပ်ခါနီးထပ်ခါစစ်ရင်း
အင်္ကျီလက်ရှည်အောက်မှ တစွန်းတစပေါ်လာသည့် ဆော့ပင်ရာကြောင့် ပြုံးမိလိုက်ရင်း
အင်္ကျီလက်အား တံတောင်ဆစ်ထိဆွဲတင်လိုက်တော့ အရောင်သိပ်မပြယ်သေးသောစာလုံးလေးတွေအားကြည့်ပြီးတိုးညင်းစွာရေရွတ်လိုက်မိသည်
"စည်း...စိမ်...ဓ...န"
တစ်ဆက်ထဲသတိရမိသည်က သူ့ဒဏ်ရာအဆင်ပြေပါ့မလား ဆေးခန်းထဲသွားမည့်ပုံမပေါ်ဘူး
အနာကနည်းနည်းကြီးတာဆိုတော့ အနာရှိန်နဲ့ ဖျားရင်ရော....
ပကတိ စိတ်ပူလာကာ ဖုန်းအားကောက်ကိုင်လိုက်ပြီး စာပို့ရမလား မပို့ရဘူးလား တွေးနေမိသည်
နောက်တော့စိုးရိမ်စိတ်များအားလွန်မဆန်နိုင်စွာ
သူ့ထံစာတိုလေးပို့မိရင်း
✉အကိုလေး ဒဏ်ရာက အဆင်ပြေရဲ့လား✉
✉ဖျားသေးလားဟင်✉
အတော်ကြာစောင့်သည်အထိ ပြန်စာမလာသဖြင့်ပကတိ ဘုရားရှိခိုးကာ အိပ်ဖို့သာကြံရွယ်မိလိုက်သည်
အိပ်ခါနီး စာတိုလေးထပ်မံပို့လျက်
✉တကယ်လို့ နေမကောင်းတာတို့ဆို ပကတိဆီဖုန်းဆက်လိုက်နော်✉

💜💜💜💜💜💜💜💜💜💜💜💜

☀☀☀
ကြီးကြီးတို့က မနက်စောစောထသွားသည်ဖြစ်ရာ
ပကတိ ကြီးကြီးအစား ပင်မစံအိမ်မှာ မနက်စာပြင်တာ သန့်ရှင်းရေးစသည်တို့ကူကာ ပြန်ခဲ့တော့ ၁၀နာရီတောင်ကျော်နေပြီ
ပကတိ အခန်းသို့ပြန်ရောက်လျှင် ရောက်နေသောMessageအားဖွင့်ကြည့်တော့
မကြာသေးမီက ပို့ထားခြင်း
✉ဒဏ်ရာဆေးလာထည့်ပေး✉
✉တခြားသူတွေ မသိစေချင်လို့✉

ပကတိ စာအားဖတ်ပြီးပြီးခြင်းပဲ သွားရန်ပြင်လိုက်တော့ မမကြွယ်က
"ပကတိဘယ်သွားမလို့လဲ"
"ဟိုစံအိမ်ကိုပါ သဲသဲကို ဘာကူရမလဲမေးမလို့"
"ဖြစ်ပါ့မလား သခင်လေးဒေါသနဲ့ကြုံနေမယ်"
ပကတိမလိမ်ချင်ပေမယ့်လည်း အမှန်အတိုင်းပြောလို့မဖြစ်စွာ
"ဖြစ်ပါတယ်"
"မမကြွယ်လဲ လုပ်လက်စပြီးရင် အဲ့အိမ်ဘက်ကိုလာခဲ့မယ်"
"ဟုတ်"

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now