End ( Zawgyi )

1.6K 22 5
                                    


ဇာတ်သိမ်းပိုင်း🌻

နေနိုင် အခန်းထဲဝင်လာခဲ့လျှင်ပဲ အပေါက်ဝမှာလက်ပိုက်ကာ ရပ်နေသောခေတ်
ဒီနှစ်တွေအတောအတွင်း သူမရဲ့အနေအထိုင် အပြုအမူတွေကမိန်းမဆန်လာလေသည်
သို့ပေမယ့် စိတ်ဆိုးရင်တော့ အရင်တစ်ချိန်ကခေတ်ဖြစ်နေဆဲပါပဲ
ဂုတ်ကျော်ကျော်ဆံပင်တို့ဖြင့် ညအိပ်အဝါရောင်ဝမ်းဆက်လေးဖြင့် သူမက ကလေးအမေဟုထင်ရက်စရာမရှိ
"ခေတ် မအိပ်သေးဘူးလား"
နေနိုင် မိန်းမဖြစ်သူအားမျက်နှာချိုသွေးလိုက်မိသည်
သို့ပေမယ့် ခေတ်ရဲ့ တည်တင်းနေသော မျက်နှာကြီးကြောင့် အမြန်ရှောင်ထွက်ရမည်ဟုတွေးကာ
ကြည့်လိုက်မိသည်က ကုတင်ထက် မအိပ်သေးပဲဆော့နေသော သားလေးထံအကြည့်သို့ရောက်သွားပြီး
"ဖေ့သားက မအိပ်သေးဘူးလားကွ"
သားဆီသွားဖို့ပြင်လိုက်လျှင်
"ရှင် ရပ်လိုက်"
ဟုဆိုသောကြောင့် နေနိုင်ရောက်ရာအရပ်မှာ ကျောက်ရုပ်တစ်ရုပ်လိုရပ်လိုက်မိသည်
ခေတ်က နေနိုင်အနားတိုးကပ်လာပြီး
နေနိုင်ရဲ့ အင်္ကျီတို့အားတရှုံရှုံနမ်းရှိုက်နေရင်း
ရင်ဘတ် ကော်လံနေရာပါမကျန် စစ်ဆေးနေလေသည်
"ခေတ်ရာ...ကိုယ်တကယ်ဘာမဟုတ်တာမှမလုပ်ခဲ့ပါဘူးကွာ"
"ရှင့်ကိုမယုံဘူး ရှင့်ရဲ့Exတွေနဲ့ တွေ့ခဲ့ရင်ရော"
"ဟာ....အဲ့ဒါကအတိတ်တွေပါကွာ ကိုယ်အခုရော နောင်ရောထာဝရမင်းကိုပဲ ချစ်တာ"
"မယုံပါဘူး ရှင်ကမျက်နှာများတဲ့လူ"
ဖြစ်ပုံကဒီလို
သားကို မွေးခါနီးတုန်းက အပြင်ထွက်မုန့်စားကြရင်း တွဲခဲ့မိသော ကောင်မလေးက လာနှုတ်ဆက်လာခဲ့သည်
ကိုယ်ကိုယ်တိုင်တောင် ဘယ်တုန်းကတွဲခဲ့ဖူးလဲ မသိတော့
ထိုကောင်မလေးကလဲ သောက်မြင်ကတ်စရာကောင်းပုံများ
အတိတ်က မဟုတ်တဲ့အကြောင်းတွေပင် စသလိုလိုနှင့်ပြောသွားသေးတာ
ဖြစ်နိုင်ရင်အတိတ်က ကိုယ့်ကိုယ်ကိုယ်သွားပြီး လက်သီးနဲ့ ထိုးပစ်ချင်လာသည်
အဲ့မှာ ရှုပ်ချင်ဦးဆိုပြီး...
ခုတော့ မိန်းမက အပြင်သွားရင်လည်း သိပ်မကြည်
Exတွေနဲ့ တွေ့မှာ စိုးရိမ်နေပုံပါပဲ
သူမသဝန်တိုတာသဘောကျပေမယ့် တစ်ခါတစ်လေမတော်တဆ အလုပ်မှာ တခြားသူရဲ့ရေမွှေးနံ့ ကပ်ပါလာမျိုးကအစ ခေတ်ကစိတ်ဆိုးတတ်သည်
အေးအေးဆေးဆေးဆိုးတာလဲမဟုတ်
အဲ့ကျ ကိုယ့်ကိုရွဲ့ကာ လှနေအောင်ပြင်ပြီး အပြင်ထွက်တာမျိုးတွေ လုပ်တတ်သည်
ကိုယ့်မှာသာရင်တမမနှင့်
"ခေတ်ကလဲ ကိုယ်ကခေတ်ကိုပဲချစ်တာပါဆို"
"ပြောတာပါပဲ"
"ခေတ်ကိုအချစ်ဆုံး"
"နိုင်းးး"
နှစ်ယောက်သားကြည်နူးနေစဉ် ကုတင်ပေါ်မှဆော့နေသည့်သားက ခေါ်လိုက်သဖြင့်
"သားနော် ဘာလဲ ဖေကြီးလို့ခေါ်"
"နိုင်နိုင်းး"
"သား....နေသူရအောင် ဖေကြီးလို့ခေါ်"
"နိုင်နိုင်းး"
"သားနော်"
"ခစ်ခစ်"
ခေတ် သားအဖနှစ်ယောက်အား ကြည့်ကာ ရီနေမိငည်
ထို့နောက်ကုတင်ထက် ရုန်းရင်းဆန်ခတ်ဖြင့် ဆော့နေကြသဖြင့် သမီးရှိရာတစ်ဖက်ခန်းထံသွားလိုက်သည်
တစ်ဖက်ခန်းတွင်တော့ သမီးကအိပ်မောကျနေလေသည်
"အစ်မ တစ်ခေတ်လေး ငိုသေးလား"
သမီးရဲ့ နာနီအားမေးလိုက်လျှင်
'မငိုဘူးမမလေး ကလေးကသိပ်လိမ်မာတာ"
ခေတ်ပြုံးကာ နှစ်ခြိုက်စွာအိပ်မောကျနေသည့် သမီးရဲ့နဖူးလေးအားနမ်းရှိုက်မိသည်
သမီးက ခေတ်ရော နိုင်နှင့်ပါမတူစွာ သိပ်ကိုလိမ်မာတာ.....

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now