16Z

1.2K 18 2
                                    


Part ♡ 16 ♡

☎☎☎
"ဟဲလို "
"........"
"အဟင်း အဲ့ကိစ္စကသားတို့သူငယ်ချင်းတစ်တွေစနောက်လိုက်ရုံပါပဲ "
"......."
"တကယ်မဟုတ်ပါဘူး"
သားဖြစ်သူလုပ်ပေါက်ကြောင့် မိုးမလင်းသေးဘူး ဖုန်းသံတဂွမ်ဂွမ်နဲ့ ဖြေရှင်းနေရသေးသည်
တရားခံကတော့ ခုထိပေါ်မလာသေး

"အမေ့မြေးလုပ်ပုံကောင်းကြသေးရဲ့လား ခုMediaတွေပါ ပါလာပြီ ဘယ်လိုရှင်းကြမလဲ"
ဒေါ်ပန်းဒေဝီကတော့ လူကြီးပီပီ စိတ်အေးလက်အေးဖြင့်
"မီးစင်ကြည့်ကကြတာပေါ့"
သို့ပေမယ့် ဒေါ်မေနီလာမလျော့နိုင်ပါ
မေမေ့နား ထိုင်နေသည့် ဒေါ်ဂျမ်းစိန်အားစူးစူးရဲရဲစိုက်ကြည့်လျက်
"အမေ့ကိုပြောပါတယ် ခုကြည့် ခြေတစ်ချောင်းမကယ်ကောင်းဆိုတာ ဒါကိုပြောတာ"
"တော်တော့မေနီ မယောင်ရာဆီလူးမနေနဲ့"
"ဒါပေမယ့်....."
"အဓိက တရားခံကမြေးငယ်ပဲ"

နာရီလက်တံ၈နာရီကျော်ကျော်တွင် စံအိမ်ထဲဝင်လာသည့်ကားတစ်စီး
အားလုံးရဲ့ အကြည့်တွေက ထိုကားထံ၌သာ
သိပ်မကြာလိုက်
ဘာမှမလုပ်ထားသည့်လုပ်ပေါက်နှင့် ရှင်းပကတိလက်အားပိုင်ပိုင်နိုင်နိုင်ဆွဲကာ အိမ်ထဲကျော့နေအောင်ဝင်လာသော သားကြောင့်
"စည်းစိမ်ဓန"
"ဟာ...မာမီ ဘာလဲ ကြိုဆိုဖို့ပြင်ဆင်နေတာလား"
"မင်း ဘယ်လောက်ပြသနာအကြီးကြီးရှာလိုက်လဲသိလား"
ဓနကတော့ ဘာမှမလုပ်ထားသည့်ဟန်ပုခုံးအားတွန့်လျက်
"၂၄နှစ်ပြည့်လို့ ၂၅နှစ်ထဲရောက်နေပြီဖြစ်တဲ့ လူလွတ်ယောက်ျားလေးတစ်ယောက်က အသက်စေ့ပြီးတဲ့မိန်းကလေးကို တရားဝင်လက်ထပ်တာ ပြသနာရှာတာလားမာမီ"
"မင်းမှာလက်ထပ်ရမယ့်သူရှိပြီးသားပဲ"
"ကျွန်တော်ရချင်တာ သူ့ကိုလေ အာ့မလို့ ယူလိုက်တယ်ဘာမှားလဲ"
"မင်း!!!!!!"
ဒေါ်မေနီလား သားရဲ့ကိုယ်အနောက်တွင်ခေါင်းလေးငုံ့ကာရပ်နေသည့် ကောင်မလေးအားကြည့်လိုက်မိသည်
ညီမဖြစ်သူပြောကထဲက ပိုပြီးသတိထားခဲ့ရမှာ ခုတော့.....
ပကတိအားကြည့်နေမိစဉ် အကြည့်တို့က လည်တိုင်ထက်ရောက်သွားလေတော့ မာကင်ရာများကြောင့် မျက်နှာလွဲမယ်ကြံကာမှ အင်္ကျီဖြူဖြူထက်ပေါ်နေသည့် လည်ဆွဲကြောင့် အံ့သြသွားရကာ
'လည်ဆွဲက......"
ဒေါ်မေနီလာအပြောကြောင့် ဒေါ်ပန်းဒေဝီပင် မတ်တပ်ရပ်ကာ ပကတိအနားတိုးကပ်လာလေသည်
ထို့ကြောင့် ပကတိလည်တိုင်မှဆွဲကြိုးအားအတည်ပြုပြီးလျှင်
မြေးဖြစ်သူရဲ့လက်အားကြည့်လိုက်မိတော့ မျက်ခုံးပင့်သွားရသည်
လိုတရစံအိမ်ကြီးရဲ့ အစဉ်အလာအရ
ဆက်ခံသူတိုင်းကို ဘိုးဘွားပိုင်ပစ္စည်းအား လက်ဆင့်ကမ်းလေ့ရှိသည်
ဆက်ခံသူအတွက်က ကြည်တောက်နေသောကျောက်ပတ်ပတ်လည်မှာငွေကနုတ်များဖြင့်ပုံဖော်ထားသော ယောက်ျားဝတ်လက်စွပ်ဖြစ်လေပြီး
ဆက်ခံသူသခင်လေးရဲ့ လက်တွဲဖော်အတွက်က စိမ်းပြာရောင်ကျောက်လည်ဆွဲလေးဖြစ်သည်
ထိုလည်ဆွဲတို့အား အတုယူကာပြုလုပ်၍ရသော်ငြား
စစ်မှန်၏ မစစ်မှန်၏ကို စစ်ဆေး၍ရနိုင်သည်
"ပကတိ လည်ဆွဲခဏချွတ်ပေး"
"ဟုတ်"
ပကတိ နားမလည်ပေမယ့် အကိုလေးပေးထားသည့် လည်ဆွဲအားချွတ်ကာ ဖွားဖွားကြီးအားပေးလိုက်မိသည်
"ပေး မင်းလက်စွပ်"
ဓန စိတ်ရှုပ်ဟန်ဖြင့် ဘယ်ဘက်လက်ညှိုးထက်စွပ်ထားသည့် လက်စွပ်အားချွတ်ကာ ပေးလိုက်သည်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now