11U

5.8K 125 5
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 11 ♡

ပကတိ သခင်လေးရဲ့အပြုအမူတွေကြောင့် နေရခက်စွာ သူ့အားရှောင်နေမိသည်မှာတစ်ပတ်ပင်ကျော်လာခဲ့ပြီ
သခင်မကြီးတို့က မင်္ဂလာပွဲအတွက်ပြောနေကြပေမယ့် ပကတိအတွက်ကတော့ ဘယ်လိုမှခံစားမှုမရှိ
ကိုယ်နဲ့မဆိုင်သည့်အတိုင်းပင်
မင်္ဂလာရက်ကိုနောက်လထဲရွေးကြမယ်ပြောတယ်
ကြီးကြီးကတော့ ဘာမှဝင်ပြောခြင်းမရှိ
ပကတိသဘောအတိုင်းပါတဲ့
ဖွားဖွားအားသတိရပေမယ့်သွားမတွေ့ရဲပေ
ဒေါ်ဒေါ်တို့ကိုရင်မဆိုင်ရဲ
ပကတိဘဝက တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်ခံဘဝမှာနေဖို့ မွေးဖွားလာတယ်ထင်ပါရဲ့
အချစ်တွေတွယ်တာစရာတွေမရှိချင်ပေမယ့် ခုတော့မလွန်ဆန်နိုင်
ဒီတစ်ခါလက်ထပ်ပွဲက အတင်းအကြပ်စေခိုင်းခံရတာမဟုတ်ငြား ကတိစကားတွေနဲ့ချုပ်နှောင်ခံရခြင်းပါပဲ
သိပ်တော့မထူးခြားသွားပါဘူး
"ပကတိ ...ပကတိလေး"
"ရှင်!!!!!!"
ဖွားဖွားကြီးရဲ့ခေါ်သံကြားမှ လူကအသိတို့ဝင်လာရပြီး
"ဟို ပကတိတောင်းပန်ပါတယ်နော်"
"ဘာတွေဒီလောက်တွေးနေတာလဲကွယ် မင်္ဂလာပွဲတောင်စီစဥ်နေပြီ မင်းကြည့်ရတာပျော်နေတဲ့ပုံမပေါ်ဘူး"
"ပကတိကဒီလိုပါပဲ"
"တကယ်လို့မြေးမပျော်ဘူးတစ်ခုခုကြောင့်ဆိုရင် ဖွားဖွားကိုပြောလို့ရတယ်နော်"
"ကေျးဇူးပါပဲဖွားဖွားကြီး"
"အေးပါကွယ်မြေး ကစိတ်ထားကောင်းတဲ့လူပဲပျော်ရမှာပါ"

ဖွားဖွားကြီးအတွက်စားသောက်ရန်ပြင်ဆင်ပေးဖို့ အောက်ထပ်သို့ဆင်းလာကာမီးဖိုခန်းထဲဝင်လာလိုက်သည်
"ပကတိလေး"
နောက်ပါးမှခေါ်သံကြောင့် ပကတိကိုယ်လေးပင်တုန်သွားရသည်
ဒီနှစ်တွေအတွင်းမှာ စံအိမ်ကြီးအတွင်း ကြီးကြီးတို့ သဲသဲတို့နှင့်နေရတာအဆင်ပြေပေမယ့်
ဦးဝေစိုးနဲ့မတွေ့ရန် အထူးရှောင်ကြဥ်ခဲ့ရသည်
တွေ့လျှင်ထိကပါးရိကပါးပြောတတ်တာတွေ ကိုယ်ထိလက်ရောက်ပြုမူတတ်တဲ့အကျင့်ကို ပကတိသဘောမကျ
ဒါကြောင့် မတွေ့ရန်ရှောင်ခဲ့ပေမယ့် တစ်ခြံထဲနေသည့်သူများဖြစ်သဖြင့် ခက်ခဲလှသည်
ခုလဲ ပကတိက လျစ်လျူရှုရန်ပြင်လိုက်ပေမယ့်
"မင်းလေးက ကိုယ့်ကိုကျခါးခါးသီးသီးနဲ့ ဦးသက်နိုင်ကိုကျ လက်ခံတယ်ဆိုတော့ အဟား ဘာလဲ ကိုယ့်ထက်ချမ်းသာလို့လား"
"ရှင်မဆိုင်တာတွေမပြောပါနဲ့ ကျွန်မနဲ့ဝေးဝေးနေပါ"
ပကတိမခံနိုင်စွာပြောလိုက်လျှင် နောက်မဆုတ်သွားသည့်အပြင် ရှေ့ဆက်တိုးလာသောကြောင့်
"ကျွန်မနားမကပ်နဲ့"
"ကြိုက်တယ် ကိုယ်မင်းကို ကြိုက်တာ မင်းကိုတခြားတစ်ယောက်လက်ထဲအပါမခံနိုင်ဘူး"
"ရှင်ရူးနေလား ရှင့်မှာအိမ်ထောင်ရှိနေတာကို"
"မင်းလိုချင်ရင် ကိုယ်ကွာရှင်းပေးနိုင်တယ်"
အပြောနှင့်အတူ လက်တို့ကလဲ ပကတိလက်ကောက်ဝတ်အားဆုပ်ကိုင်လာသောကြောင့် ပကတိအားကုန်ရုန်းမိသည်
"ရှင်....လွတ်!!!!!"
"ကိုယ်မင်းကိုချစ်တယ်"
ခလွမ်း💥
"ကဲကွာ....ချစ်ချင်ဦး"
ဒေါသသံနှင့်အတူ ဦးဝေစိုးခေါင်းထက်ရိုက်ချလိုက်သော ပန်းအိုးဟာလဲအစိတ်စိတ်အမြွှာမြွှာ
'"မင်း!!!!!!"
ဦးဝေစိုးပြောစကားမဆုံးလိုက် ဦးခေါင်းထက်မှစီးကျလာသည့်သွေးတို့ကြောင့် ဒေါသတို့ဟာလဲ အလိပ်လိပ်
ပကတိ ဖြစ်စဥ်တို့အားကြည့်ကာ ကြောင်ရပ်နေစဥ်
ပကတိအားလက်မှဆွဲကာ သူ့အနောက်သို့ပို့လိုက်ရင်း
သူကပကတိရှေ့မှာရပ်ကာကာကွယ်ပေးနေလေသည်
ပထမဆုံးပါပဲ ပကတိမလိမ်မညာပဲဝန်ခံရမယ်ဆိုလျှင် တစ်စုံတစ်ယောက်ကြောင့် ပကတိလုံခြုံတယ်လို့ခံစားလာမိတာ
သူတစ်ယောက်ထဲကပဲ ပကတိကို ကာကွယ်ပေးနိုင်သလိုမျိုး

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now