2U

5.2K 131 2
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 2 ♡

⏰⏰⏰
Ti...Ti....Ti......
အဆက်မပြတ်မြည်နေသော နိုးစက်သံကြောင့်
"ဟာကွာ!!!!!!!တောက်"
ဒေါသတကြီးတောက်ခေါက်သံကအခန်းတွင်းဟိန်းထွက်သွားရုံမျှမက
အဖြူရောင်ဆွတ်ဆွတ်စောင်ပုံထဲမှ လက်တစ်ဖက်ထွက်လာကာ
ခွမ်း💢
နိုးစက်လေးသည် နံဘေးမှနံရံထက်ထိမှန်ကာ အစိတ်စိတ်အမြွှာမြွှာပင်

အခန်းအပြင်တွင်တော့ သန့်ရှင်းရေးလုပ်နေကြသော သူများ ကြောက်ရွံ့နေဟန်မျက်နှာများဖြင့်
"မိသဲ ကြွယ်ကြွယ် ဘာဖြစ်နေတာလဲ"
လှေကားထက် တစ်ထစ်ချင်းတက်လာကာ မေးလိုက်သူက ဒေါ်ဂျမ်းခိုင်
"ကြီးဂျမ်း အခန်းထဲမှာ အစ်ကိုလေးဘာခွဲလိုက်တယ်မသိဘူး အသံတွေကြားလိုက်ရတယ်"
ကြောက်ရွံ့ဟန်မျက်ဝန်းဝိုင်းလေးတွေဖြင့် တိုင်တောနေကြသော ကလေးနှစ်ယောက်အားကြည့်၍ ဒေါ်ဂျမ်းခိုင် သက်ပြင်းချလျက်
"သန့်ရှင်းရေးလုပ်ပြီးရင် အောက်မှာလိုတာသွားလုပ်"
"ဟုတ်ကဲ့"
ထိုကလေးမနှစ်ယောက်ဆင်းသွားတော့မှာ တံခါးအနီးသွားကာ
✊ဒေါက်....ဒေါက်.....ဒေါက်✊
"ဘယ်သူလဲ"
အခန်းထဲက မာထန်ထန်အမေးကြောင့် ပြုံးမိလိုက်ပြီး
"ဂျမ်းဂျမ်းပါကွယ်"
ခဏလောက်တိတ်ဆိတ်သွားပြီး တံခါးဖွင့်ပေးသံကြားလိုက်ရပေသည်
ဒေါ်ဂျမ်း တစ်ချက်ပြုံးမိလိုက်ပြီး အခန်းပေါက်ဝတစ်လျှောက်ပြန့်ကြဲနေသည့် အင်္ကျီများအားကောက်ကာ သိမ်းလေရင်း
ခုတင်ပေါ်ထက် ပြန်ပစ်လဲကာ ပြန်အိပ်နေသူအားကြည့်ကာ ပြုံးမိလိုက်လေသည်
ဒီကလေးက ကျန်တဲ့သူတွေနဲ့ ဘယ်လိုပဲဆိုပါစေ ကိုယ့်အပေါ်တော့လေးလေးစားစားပင်
ကိုယ်ကဒီအိမ်မှာအလုပ်လုပ်လာတာ ဒီကလေးတစ်သက်ပင်မကတော့
မွေးကထဲက အလုပ်မအားသောမိခင်ကြောင့်ကိုယ့်လက်ပေါ်မှာအများဆုံးနေခဲ့ရသူ
သူသိပ်ချစ်သော ဖခင်က၈နှစ်အရွယ်မှာ လောကကြီးထဲက ထွက်သွားတော့ မိခင်က ပိုအချိန်မပေးနိုင်ကာ ကိုယ့်ကိုပဲ ပိုခင်တွယ်သည့်သူ

ဒေါ်ဂျမ်း ကုတင်နားကပ်လိုက်ပြီး
"စည်းလေး ထတော့လေကွယ် စည်းလေးသူငယ်ချင်းတွေနဲ့ခရီးထွက်မလို့ဆို ဂျမ်းဂျမ်းကို ၈နာရီနိုးဖို့ပြောထားတယ်မလား"
"......."
"ခုမထရင်နောက်ကျနေလိမ့်မယ်နော်"
ထပ်ပြောလိုက်တော့မှ အိပ်ရာထက်လူးလွင့်လာပြီး
"ဘယ်နှစ်နာရီရှိပြီလဲ ဂျမ်းဂျမ်း"
"၈ခွဲတော့မယ်"
"ဟာ....ကျစ်!!!!!!!"
ဓန မထချင်ထချင်ဖြင့် အိပ်ရာထက်မှထလိုက်ရလေတော့သည်
ဟိုကောင်တွေနဲ့ ထုံးစံအတိုင်းကျောင်းပိတ်ရက် အပန်းဖြေစခန်းကိုသွားဖို့ချိန်းထားသည်မလား
ခန္ဓာကိုယ်ထက် ကြယ်သီးတွေတလွဲတပ်ထားသည့်ရှပ်အင်္ကျီနဲ့ ဖြစ်သလိုကောက်စွပ်ထားရသော ဘောင်းဘီရှည်ကအဆင်မပြေစွာ
ကိုယ်ကအိပ်ရင် အဝတ်အစားတွေဝတ်အိပ်လေ့မရှိ
ခုနကဂျမ်းဂျမ်းလာနိုးမှ ဖြစ်သလိုကောက်စွပ်လိုက်ရသည်လေ
အိပ်ချင်မူးတူးပုံစံဖြင့် သူ့အား ချစ်စဖွယ်ကြည့်ရင်း
"မျက်နှာသစ်ပြီးရင် တစ်ခုခုစားသွားဦး ဂျမ်းဂျမ်း စည်းလေးကြိုက်တာတွေပြင်ပေးထားတယ်"
ဓန ဒေါ်ဂျမ်းလက်ထဲက သူချွတ်ထားသည့်အင်္ကျီများအားကြည့်ကာ မျက်မှောင်ကြုတ်လျက်
"တခြားလူတွေလာသိမ်းလိုက်မယ် ဂျမ်းဂျမ်းအာ့တွေမလုပ်နဲ့"
"ဂျမ်းဂျမ်းက သားအတွက်ကိုယ်တိုင်လုပ်ပေးချင်လို့ပါ"
"နားနားနေနေလဲနေဦး ဂျမ်းဂျမ်း အသက်အရွယ်ကငယ်တော့တာမဟုတ်ဘူး"
"ဟုတ်ပါပြီရှင်"
ဂျမ်းဂျမ်းက သူ့အတွက် မိခင်ဖြစ်သူထက်တောင်ပိုရင်းနှီးသည့်သူ
ကိုယ့်အတွက် မိခင်တစ်ယောက်နှင့်မခြား
မာမီတို့စကားကိုသာ နားမထောင်ချင်နားမထောင်လိမ့်မယ်အရွဲ့တိုက်လိမ့်မယ်
ဒါပေမယ့် ဂျမ်းဂျမ်းကိုတော့အဲ့လိုမလုပ်
ပြီးတော့ သူ့အားဘာမလုပ်နှင့် ညာမလာပ်နှင့်ဟု အမိန့်မပေးပါပဲ အကျိုးအကြောင်းဆီလျော်စွာဆုံးမတတ်သူ
လောကကြီးမှာ သူ့အားနားအလည်ပေးဆုံးအနွေးထွေးပေးဆုံးသူက ဂျမ်းဂျမ်းပင်မလား

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now