26U

5.7K 134 9
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 26 ♡

ရုပ်ရှင်ကြည့်ရန် လက်မှတ်ဖြတ်ကာ ရုပ်ရှင်ကြည့်ရင်းစားဖို့ နေကြာစေ့ ပေါက်ပေါက်ဆုပ်စသည်တို့ ကိုကိုဝယ်နေစဥ်
ကဗျာ ဟိုဟိုဒီဒီ ဝေ့ဝိုက်ကြည့်မိလေသောအခါ
"ချီးးးသေပြီ"
"ချစ် ဘာဖြစ်တာလဲ"
အောင်မြင် ပိုက်ဆံအိတ်ဖြင့်မျက်နှာအားကာကာ အိန္ဒြေမရဖြစ်နေသော ချစ်သူအားမေးလိုက်ခြင်း
"ကိုကြီး ဟိုမှာ"
ကဗျာ ညွှန်ပြရာနေရာသို့ကြည့်ကာ သူကိုယ်တိုင်မှာလဲ ဘာလုပ်ရမယ်မသိ ပျာယာခတ်သွားရသည်
ကျွတ်...ဒီကောင်ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး ရုပ်ရှင်ရုံလာတာလဲကွာ
အောင်မြင် ခေါင်းအားတဗြင်းဗြင်းကုတ်ရင်း
"ကိုကို ကဗျာ တို့သွားရအောင်"
ထိတ်လန့်နေဟန် သူမလေးကြောင့် သူကိုယ်တိုင်လဲ သူမဆွဲခေါ်ရာနောက်သို့ ပါသွားရသည်
သို့ပေမယ့် ကံကြမ္မာက ကိုယ့်ဘက်ပါမလာ
"ဟေ့ကောင် အောင်မြင်"
အနောက်အသံဟိန်းဟိန်းကြောင့် ထွက်​ပြေးဖို့ ကြံရွယ်မိပေမယ့်
"မင်းဘယ်သွားမလို့လဲ"
အရာရာဟာ နောက်ကျသွားလေပြီ
သူ့ပုခုံးအားဆွဲကိုင်လိုက်သူ နေနိူင်ကြောင့်ပြေးလမ်းမရှိတော့
အောင်မြင့်နံဘေးမှ ကဗျာမှာတော့ သူ့လက်အားဖြုတ်ကာ အပြေးထွက်သွားလေသည်
"မိပြီကွ"
ထွက်ပြေးသွားသည့်ကောင်မလေးရဲ့ ကျောပြင်အားကြည့်ကာ နေနိုင်ဆိုလိုက်ခြင်း
အောင်မြင်မှာလည်း အိုးမလုံအုံပွင့်လာရုံမျှမက လန့်ကာဇောချွေးတွေပင် ပြန်လာရသည်
"ဘာ...ဘာကိုလဲ"
"မင်း....."
အောင်မြင် မပြင်ဆင်ထားသည့်အခြေအနေကြောင့် အသက်ရှူတာင်မှားချင်ချင်
"မင်းစော်အသစ်ရနေတယ်မလား"
ထိုအခါမှ သက်ပြင်းချနိုင်သည်
ကြည့်ရတာ ဘယ်သူဆိုတာ မသိသေးတဲ့ပုံပဲ
"ဒီတိုင်းပါပဲကွာ"
"မင်း​ခြေလှမ်းတွေပျက်နေတာ ရိပ်မိနေတာကြာပြီ"
ထိုကိစ္စက ဤမျှမပြီး
နေနိုင် ထိုကောင်မလေးကျောပြင်အားငေးကြည့်ရင်း
"ငါတစ်နေရာရာမှာမြင်ဖူးသလိုပဲကွာ"
အောင်မြင် နဖူးမှချွေးတို့အားသုတ်ပစ်မိရင်း
"ထင်လို့ပါကွာ ခုခေတ်မိန်းကလေးတွေက ခုလိုတွေချည်း နေပါဦး မင်းကဘာလို့ ဒီကိုမလာစဖူးရောက်နေတာလဲ"
"ခေတ်ဆန်းက ဒီကိုလာတယ်ဆိုလို့"
အောင်မြင်စိတ်ထဲကနေ ဆဲရေးမိလိုက်သည်
ချစ်သူအသစ်စက်စက်လေးနှင့် နှပ်ဖို့ကြံရွယ်ကာမှ သူ့အဖြစ်က....
"ခေတ်ဆန်းကလဲကွာ ဘယ်သွားတယ်မသိဘူး"
"အေးရှာလိုက်ဦး ငါ့ကိုသွားခွင့်ပြု"
ချစ်သူလေးဆီ သွားဖို့အလျင်လိုနေသော်ငြား
နေနိူင်က အသွားမခံ
"ခေတ်ဆန်းကို မတွေ့မှတော့ နေ့လည်စာအတူစားရအောင်ကွာ"
'အလုပ်ရှိသေးတယ်ကွ"
မကြာခင်တော်ရမယ့် ယောက်ဖတော်ကို စိတ်ကမကြည်တော့
သူများDateတာကို ဖျက်လိုဖျက်စီးနဲ့
"လောလှချည်လားငါ့ကောင် သွားခွင့်မပြုနိုင်ဘူး မင်းကောင်မလေးအကြောင်းပြောပြကွာ"
"နောက်မှပေါ့...."
ဘယ်လိုပြောပြောမရတော့
"မရဘူး ငါ့ကောင် ဓနကလဲ သူ့မိန်းမဆီလစ်သွားပြီငါ့အချစ်ကလဲ အဆင်မ​ပြေဘူး ဒါ့ကြောင့် မင်းကိုလဲ စော်နဲ့သွားတွေ့ခွင့်မပြုနိုင်ဘူး ငါနဲ့ထမင်းစားပေး"
"ဒီနှမပေး.... "
"ဟဲဟဲ ငါ့ညီမကမင်းကိုကြိုက်ရင်ယူလိုက်"
မျက်နှာပြောင်နေသောကောင်အား
"အေး...အဲ့စကားအတွက်နောင်တမရစေနဲ့"
"အေးပါကွာ ငါ့ညီမနဲ့ မင်းက ဘယ်လိုမှမအပ်စပ်တာကွ"
အဲ့မှာမအပ်စပ်နေလိုက် ငါ့ကောင်ရာ....
ဟုရေရွတ်မိရင်း
ချစ်သူလေးဆီ ပြန်နှင့်ဖို့စာပို့လိုက်ရသည်
ဒီနှမပေးယောက်ဖကတော့.....

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now