💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘
Part ♡ 22 ♡
"ငါဆိုတဲ့ကောင်က တခြားကောင်ထိပြီးသားအရာကိုမသတီဘူး"
ပကတိ ကိုရဲ့ထိုစကားမှာတော့ ဝမ်းနည်းရုံမျှမက ကိုကပကတိကိုမယုံကြည်ဘူး ဆိုသည့်အတွေးကြောင့် ရင်တွေပါနာရသည်
ပကတိ မချစ်ခင်တုန်းမှာရော ချစ်ခဲ့ပြီးအချိန်မှာရော ပကတိသူ့တစ်ယောက်ထဲကိုငေးကြည့်ခဲ့မိတာ
ကို့တစ်ယောက်ထဲကိုပဲ
ဒါကို ကိုက....မယုံကြည်ဘူး
"ဟင့်....ပကတိက ဘာတွေလုပ်နေလို့လဲ"
"အဟွန်း"
ဓန ပါးစောင်အားလျှာဖြင့်ထိုးကာ ခပ်ရွဲ့ရွဲ့ရီလိုက်မိသည်
"အဆက်ဟောင်းနဲ့တွေ့ပြီးတော့ တော်တော်သတ္တိရှိလာတာလဲ ဘာလဲ အဲ့အကောင်က ပြန်လာပါတဲ့လား"
"ကို!!!!"
ပထမဆုံးအကြိမ်အဖြစ် ပကတိသူ့အားအော်လိုက်မိခြင်း
ဓန ပကတိရဲ့ပါးအားလက်ဖြင့်ဆွဲညစ်ပြီး
"မင်းငါ့ကိုအော်တယ်"
ပကတိ မျက်နှာအားတစ်ဖက်သို့လှည့်ကာရုန်းလိုက်မိသည်
"လေသံတွေပါပြောင်းနေပါလား အဟက် ရတယ် မင်းသိလား ငါခုအချိန်လူပါသတ်ချင်နေတာ အေး ငါ့အားနည်းချက်က မင်းကိုမထိနိုင်တာပဲ မင်းမှတ်ထားလိုက် မင်းကိုမထိရက်တောင်အဲ့ကောင်တွေကိုတော့ သတ်ပါသတ်နိုင်တယ်"
ကို့စကားကြောင့် ပကတိမျက်ရည်များရစ်သီနေသော မျက်ဝန်းတို့ဖြင့် မော့ကြည့်မိလေတော့
အံကိုတင်းတင်းကြိတ်ကာ တစ်ဖက်နံရံသို့ အားပြင်းပြင်းထိုးလိုက်လေသောအခါ
ပကတိကြောက်ရွံ့စွာ နားနှစ်ဖက်အားပိတ်ကာ ထိုင်ချမိသည်အထိ
"မင်းအနားမှာရှိတဲ့ ငါမဟုတ်တဲ့ကောင်တွေကို သတ်ပစ်မယ် မင်းကြိုက်တဲ့သူသွားပတ်သက်လိုက် နောက်နေ့အဲ့ကောင်အလောင်းကောက်ဖို့ပြင်ထား"
ဓန ကားသော့အားခပ်ကြမ်းကြမ်းဆွဲကာ အိမ်ထဲမှထွက်လာခဲ့သည်
"ဟင့်အင်း မဟုတ်ဘူး....ကို"
ပကတိ သူလက်လွန်မည်ကိုစိုးရိမ်စွာ တားမြစ်ဖို့နောက်ကလိုက်ပေမယ့်လည်း ကြမ်းပြင်ထက်မှ ဖန်ကွဲစတွေကြောင့် ခြေဖဝါးနုနုဟာ သွေးများရဲခနဲ
ပကတိ ဘာလုပ်ရမလဲ ဒီအချိန်မှာ ပကတိကိုဘယ်သူကူညီပေးနိုင်ပါ့မလဲ
ပကတိတစ်စုံတစ်ယောက်အားသတိရကာ နာကျင်နေသော ခြေထောက်တို့အားဂရုမပြုနိုင် စံအိမ်ထဲမှပြေးထွက်လာမိသည်
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ