34Z

1K 14 0
                                    


Part ♡ 34 ♡

ကားလမ်းမကြီးထက် ပုံမှန်အရှိန်နှင့်မောင်းနှင်နေသော ရဲကားများ
ထိုကားထက်တွင် လက်ထိပ်ခတ်လျက်အနေအထားဖြင့် ပါလာသူက ဦးဝေစိုး
နံဘေးမှ ရဲအချို့အားကြည့်ကာ မျက်ဝန်းတို့က ဂနာမငြိမ်
မဟုတ်ဘူး ငါ့တစ်ဘဝလုံးကို ထောင်ထဲမှာပဲ အချိန်ကုန်ခံမနိုင်ဘူး
ငါထောင်မကျချင်ဘူး ထောင်ထဲမှာနေမယ့်အစား အသေပဲခံလိုက်မယ်
အတွေးများစွာနှင့်အတူ
အနားမှာထိုင်လျက်ရှိနေသော ရဲသားနှစ်ဦးအား အတင်းတွန်းဖယ်လျက်
ရှေ့၌ကားမောင်းနေသောရဲတစ်ဦးအား အတင်းချုပ်ကာ ကားစတီယာရင်အား လက်ထိပ်ခတ်ထားသော လက်ဖြင့်ကိုင်ကာ ထိန်းချုပ်ဖို့ကြိုးစားလေသည်
သို့ပေမယ့် အနားမှရဲတို့ကသူ့အား ပြန်လည်ချုပ်ထိန်းလေသဖြင့် ရုန်းရင်းဆန်ခတ်အနေအထားဖြစ်လာရကာ ကားစတီယာရင်ကို အမှတ်မထင်ဆွဲလှည့်မိလေသောအခါ
တစ်ဖက်မှလာသော ကုန်တင်ကားကြီးထံဦးတည်မိလျက်သား
ကားစတီယာရင်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားပေမယ့်လည်းအခါနှောင်းသွားလေပြီ
သူတို့စီးလာသည့်ကားလေးသည် ကုန်တင်ကားကြီးထံတည့်တည့်မတ်မတ်ဝင်သွားကာ
ကျွီ....ဝုန်း💥
ဘရိတ်အုတ်သံများနှင့်အတူကားတစ်စီးလုံးပေါက်ကွဲသွားရကာ မီးများဟုန်းခနဲပင်
ဝီ....ဝီ....ဝီ
ထိုလမ်းမကြီးထက် ရဲကားများ လူနာတင်ယာဉ်ကားများရှုပ်ယှက်ခတ်သွားရသည်

💙💙💙💙💙💙💙💙💙💙

အရေးပေါ်အခန်းရှေ့တွင် ဆောက်တည်ရာမရဖြစ်နေသူက ဓန
မည်သူ့ကိုမှ ဂရုမစိုက်နိုင်ပါပဲ လက်သီးအားကျစ်နေအောင်ဆုပ်ထားလျက် အံကိုတင်းတင်းကြိတ်ထားလေသည်
အနားမှာမည်သူတို့ ရှိမှန်းလဲသတိမထားမိ
ခုသူ့စိတ်အာရုံအလုံးစုံကာ တံခါးချပ်ရဲ့နောက်ကွယ်က သူမထံ၌သာ
တစ်နာရီနီးပါးပင်ရှိတော့မည်
ဆရာဝန်တွေဝင်လိုက်ထွက်လိုက်နှင့် သူမအခြေအနေကိုအတိအကျမသိရသေး
"ဓန ပကတိအခြေအနေဘယ်လိုလဲ"
ဟိုဘက်ကပြသနာရှင်းပြီးမှ ဓနနောက်လိုက်လာခဲ့ရသည်ဖြစ်ရာ
ပကတိအကြောင်းကြားကြားခြင်း အောင်မြင်နှင့်နေနိုင်ဆေးရုံသို့အပြေးလိုက်လာခဲ့မိသည်
ဓန ပုံစံကကြိတ်မနိုင်ခံမရဖြင့်
"ဘာမှဖြစ်မှာမဟုတ်ပါဘူးကွာ ဂျူနီယာဓနလေးက သန်မာမှာပါ ဟုတ်တယ်မလား"
နေနိုင် စိတ်အပြောင်းအလဲလေးဖြစ်အောင် စကားလမ်းကြောင်းလွဲကာ ပြောမိလိုက်ပေမယ့်
ထိုင်နေရာမှ ဆတ်ခနဲထလိုက်သူက
"အဲ့လူကို ငါသွားသတ်မယ်"
"ဓန..."
အောင်မြင်က ဓနလက်အားဆွဲကာ တားဖို့ပြင်လိုက်လျှင်
ဓနက ရုန်းကန်လျက်
"ငါ့မိန်းမနဲ့ ငါ့ကလေးတစ်ခုခုဖြစ်တာနဲ့ ဘဝအဆက်ဆက်ရှင်သန်ခွင့်မပေးနိုင်ဘူး"
"စိတ်လျော့ပါကွာ...ခုအချိန်အရေးအကြီးဆုံးက ပကတိပဲ သူနိုးလာရင်မင်းရှိနေမှဖြစ်မှာ"
"တောက်!!!!ငါကိုသောက်သုံးမကျတာ"
"မင်းအမှားမဟုတ်ဘူးကွာ ငါတို့လဲအဲ့လူကိုခွင့်လွတ်မှာမဟုတ်ဘူး"
"တစ်ခုခုဆို ငါတို့ရှိတယ် ခုတော့စိတ်လိုက်မာန်ပါမလုပ်နဲ့ကွာ မင်းပကတိအတွက်ထည့်တွေး"
ထိုစဉ် အရေးပေါ်အခန်းထဲမှ ရေးကြီးသုတ်ပြာထွက်လာသူ ဆရာဝန်ကြောင့်
ဓနတို့နှင့် မျက်နှာချင်းဆိုင်မှာ ဘုရားစာရွတ်နေသော ကြီးဂျမ်းနှင့် သဲသဲတို့အပြင်
ဓနတို့သုံး​ယောက်ပါ ဆရာဝန်အနားဘယ်လိုရောက်သွားသည်မသိ
"ပကတိလေးအခြေအနေ ဘယ်လိုရှိလဲ"
"ကျွန်တော့်မိန်းမနဲ့ ကျွန်တော့်ကလေး အဆင်ပြေလား"
ဆရာဝန်က မျက်နှာမကောင်းစွာဖြင့်
"အစွမ်းကုန်ကြိုးစားနေပါတယ် လူနာကသွေးလိုနေတယ် ကျွန်တော်တို့ဆေးရုံမှာက Oသွေးကုန်နေတယ်"
"ကျစ်!!!!!!"
ဓန ကိုယ့်ကိုယ်ကိုယ် အားမရစွာ အနားရှိနံရံအား လက်သီးဖြင့်ထိုးလိုက်မိသည်အထိ
ဒီအချိန်မှာ ကိုယ်ဟာသူမအတွက်ဘာမှမလုပ်ပေးနိုင်ဘူး
"ကျွန်တော်ကOသွေးပါ ကျွန်တော်လှူမယ်"
ကံကောင်းစွာပင် အောင်မြင်နှင့်သွေးတူနေသောကြောင့် အဆင်ပြေသည်ဆိုရသည်
"ဒါဆို ဒီဘက်ကြွပါ လိုအပ်တာတွေစစ်ဆေးရအောင်"
"ဟုတ်ကဲ့"
အောင်မြင် ဓနပုခုံးအားဆုပ်ကိုင်ပြီး
"မင်းမိန်းမအဆင်ပြေမှာ ငါ့ကိုယုံ"
ဓန ခေါင်းသာငြိမ့်ပြမိသည်
ကိုယ့်ကိုယ်ကိုယ်အမြဲ ယုံကြည်နေတတ်သူက ခုအချိန်မှာတော့ ကိုယ့်ဘဝရဲ့အရေးအကြီးဆုံးလေးတွေ တစ်ခုခုလွဲချော်သွားမှာ သိပ်ကိုစိတ်ပူမိသည်
ကျေးဇူးပြုပြီး ကိုယ့်ဆီပြန်လာပေးပါ.....

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now