💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘
Part ♡ 3 ♡
"ပကတိရေ....ပကတိ"
အပြင်က အလောတကြီးခေါ်သံကြောင့်
"ခဏနော်မမကြွယ်"
ခုနက ပြန်လာတော့တစ်ကိုယ်လုံးစိုရွဲနေသောကြောင့် ကမန်းကတန်းရေချိုးခေါင်းလျှော်လိုက်ခြင်းပင်
ဆံပင်ထက်စိုရွဲနေသော ရေစက်တို့အားမသုတ်ရသေးခင်
မမကြွယ်ရဲ့ရေးကြီးသုတ်ပျာခေါ်သံကြောင့် ကမန်းကမန်းအင်္ကျီဝတ်လိုက်ပြီးတံခါးဖွင့်ပေးလေတော့
"မမကြွယ် ဘာဖြစ်!!!!!"
ပကတိစကားမဆုံးသေးခင်မှာပဲ
"သခင်လေးက နင့်ကိုလာဖို့ပြောနေတယ် မြန်မြန်"
"ရှင်!!!!!!"
ပကတိရင်ထဲြေဗာင်းဆန်သွားရသည်
မဟုတ်မှ ပကတိကို ခုနကကိစ္စမကျေနပ်သေးတာလား
ပကတိကိုဒီအိမ်ကြီးမှ နှင်ထုတ်လိုက်ရင်ရော....
ဦးနှောက်ထဲအတွေးတွေအပြည့်ဖြင့်ပင်
ထိုစံအိမ်သို့ရောက်တော့လည်း သခင်လေးဆိုသူက အိပ်ခန်းထဲမှာစောင့်နေသည်ဆိုသောကြောင့်
ခပ်လန့်လန့်ဖြင့်သာဝင်သွားရရင်း
မမကြွယ်နှင့်တခြားအလုပ်သမားတို့ကလည်းထိတ်လန့်နေဟန်တုန်ရီသောခြေလှမ်းအစုံဖြင့် အခန်းထဲရောက်လေတော့ ဘယ်သူမှမရှိ
အခန်းထဲဝေ့ဝိုက်ရှာကြည့်ပေမယ့် အရိပ်အယောင်ပင်မြင်မရ
ပကတိရပ်နေမိစဥ်
"၁၅မိနစ်ကျော်ကြာတယ် မင်းနဲ့တွေ့တာ၂ခါပဲရှိသေးတယ် ၂ခါစလုံး ငါ့သည်းခံမှုကိုစမ်းသပ်နေတာပဲ"
ခပ်အေးအေးလေသံကြောင့် အသံထွက်လာသည့်ဘက်ကြည့်တော့ ဝရန်တာလက်ရန်းထက် ထိုင်ကာစီးကရက်အားဇိမ်ပြေနပြေသောက်နေသည့် သခင်လေးဆိုသူ
ပကတိ မော့တောင်မကြည့်ရဲတော့ပါပဲခေါင်းလေးငုံ့လျက်
"ဟို တောင်း...တောင်းပန်ပါတယ်"
"ခေါင်းမော့"
"ရှင်!!!!!!"
"ကျစ်!!!!!ငါစကားကိုထပ်ခါထပ်ခါပြောရတာမကြိုက်ဘူး"
ပကတိ မဝံ့မရဲခေါင်းမော့ကြည့်တော့ ရှင်းလင်းစွာမြင်လိုက်ရသည့် ချောမောခန့်ညားသည့်မျက်နှာ
ခုနက မျက်နှာအားသေချာမမြင်ခဲ့ရ
ခုမြင်လိုက်ရတော့ ထိုသခင်လေးဆိုသူက မင်းသားတွေထက်တောင်ကြည့်ကောင်းသေးသည်
ပကတိမျက်နှာအား ပေါက်ထွက်မတတ်ကြည့်နေသော စူးရဲသည့်မျက်လုံးအစုံက အရှိန်အဝါတစ်ခုခုကပ်ပါနေသလိုလို
ထိုအကြည့်တို့ကြောင့် ပကတိပင်အကြည့်တို့စလွဲမိသည်အထိ
"မင်းနာမည်"
"ရှင်...."
ပကတိယောင်အအလေးပြောမိလေတော့ ဘာမှမပြောပါပဲဒေါသထွက်နေဟန်မျက်ဝန်းများကြောင့် ပကတိခေါင်းလေးငုံ့မိရင်း ကြောက်ရွံ့စိတ်များကြီးစိုးလျက်
"ရှင်း..ပ...ပကတိပါ"
"ရှင်း...ပ...က...တိ"
ပကတိနာမည်အားတစ်လုံးချင်းရေရွတ်လိုက်သည့် ထိုသခင်လေးအသံက ခပ်သြသြဖြင့် သြဇာအပြည့်ဖုံးလွှမ်းနေသလိုလို
"ဟုတ်ကဲ့"
"အခန်းကို သေချာရှင်းလိုက်"
"ဟင်...."
"ကျစ်!!!!မင်းငါ့ဒေါသကိုလာလာဆွနေတာလား..ဟမ်"'
"ခု...ခုရှင်းပါပြီ"
ပကတိကပျာကယာ သန့်ရှင်းရေးလုပ်ဖို့တွေးလိုက်ပေမယ့် ကြောက်လန့်စိတ်ကြောင့် ဘယ်အရာမှအဆင်မပြေ
ဘယ်ကစလုပ်လို့လုပ်ရမည်မှန်းကိုမသိတော့
လက်တွေကလဲတုန်ရီနေသေးပြန်သည်
ESTÁS LEYENDO
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ