Part ♡ 9 ♡
ဓန ရေချိုးခန်းမှ Bathrobeဖြင့်ထွက်လာစဉ်
အပြင်မှာရပ်နေသော မင်းဟိန်းကြောင့်
"ပြောစရာတစ်ခုခုရှိလို့လား"
ဂုတ်ထောက်နေသည့်ဆံပင်တို့ထက် တွဲလွဲခိုနေသောရေစက်များအားသုတ်ရင်းမှမေးလိုက်လျှင်
"မနေ့က ကျန်တဲ့ပုံတွေပါ"
ကမ်းပေးလာသည့် i padအားယူကာ ကြည့်ပြီးမကြာမီ မျက်လုံးတို့အလိုမကျစွာ စုကျုံ့လာပြီး လက်သီးတို့ကျစ်နေအောင်ဆုပ်လိုက်မိ၏
ဘယ်လောက်တောင်ဒေါသထွက်နေသည်လဲဆို အံကြိတ်ထားသဖြင့်မေးရိုးတို့ထင်းထွက်နေစွာ
"အဲ့ကောင်ကဘယ်သူလဲ"
"ကျွန်တော်တို့လူတွေကို စုံစမ်းခိုင်းထားပါတယ်"
"တောက်!!!!!!ဒီနေ့အတွင်း မြန်မာပြည်ပြန်ဖို့လက်မှတ်ဖြတ်လိုက်"
"ဗျာ....အစည်းအဝေးပွဲက..."
မင်းဟိန်းမှာ ဓနရဲ့မီးထွက်မတတ်အကြည့်တွေကြောင့် ဆက်မပြောရဲ
"ငါ့စကားရှည်ရှည်ဝေးဝေးမပြောချင်ဘူး အခုချက်ချင်း"
"ဟုတ်ကဲ့"
အပြင်သို့ထွက်လာသည်ထိ တောက်ခေါက်သံများအားအဆက်မပြတ်ကြားနေရပြန်သည်
ဒီထက်ဆိုးလာရင် သောင်းကျန်းမည်ကိုသိစွာ ခဏနေသန့်ရှင်းရေးဝင်လုပ်ဖို့ဝန်ထမ်းတွေအားမှာခဲ့ရလေသည်💕💕💕💕💕💕💕💕💕💕💕💕
ခေတ်က ငယ်ကထဲကမိဘမဲ့တစ်ယောက်ပင်
ကြင်နာသနားတတ်သောမေမေက ခေတ်ကိုမွေးစားကာ အမြဲကာကွယ်ပေးတတ်ခဲ့သည်
မေမေကတစ်ကိုယ်တည်းသမားဖြစ်ကာ မေမေ့အမျိုးတွေက ခေတ်ကိုမလိုလားကြ
ခေတ် တတိယနှစ်ရောက်တော့ မေမေဆုံးသွားပြီး မေမေ့အမျိုးတွေကနေ ခေတ်ကို နှင်ထုတ်ခဲ့သဖြင့် ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရခြင်းပင်
ခေတ်ဖြစ်ချင်တာက အရမ်းတော်သည့်စားဖိုမှူးတစ်ယောက်
သို့ပေမယ့် ဘာအတွေ့အကြုံမှမရှိသည့်ခေတ်အား အလုပ်မခန့်ကြသဖြင့် ကြုံရာအလုပ်လုပ်ကိုင်ရသည်
ခုလဲ Clubတစ်ခုမှစားပွဲထိုးဝင်လုပ်ရနေခြင်းပင်ခေတ်အလုပ်ခဏပါးလျှင် Tioletဘက်သို့ထွက်လာခဲ့သည်
ဒီလပြီးရင်တော့အလုပ်ထွက်ကာ စားသောက်ဆိုင်တစ်ခုမှအလုပ်ပြောင်းလုပ်မည်ဟု ရည်ရွယ်ထားမိ၏
ခေတ် ကိုယ့်အတွေးနှင့်ကိုယ်လျှောက်လာစဉ်
ယိုင်နဲ့နဲ့လျှောက်လာသည့် လူတစ်ယောက်ကခေတ်ပုခုံးအားဝင်တိုက်လိုက်သောကြောင့်
"အာ့!!!!ဘယ်ကောင်လဲ"
ခေတ်ဒေါသတကြီးအော်လိုက်မိ၏
သို့ပေမယ့်တစ်ဖက်လူမှာ မူးနေပုံရသည်
ခေတ်အားရီဝေဝေမျက်လုံးများဖြင့်ကြည့်လာပြီး
"အသဲလေး....အေ့"
လူကိုအသဲလေးဟုခေါ်လာသောကြောင့် ခေတ်စိတ်ထဲမခံချင်ဖြစ်လာရကာ
ထိုလူရဲ့ နားရွက်နှစ်ဖက်အားလိမ်ဆွဲလိုက်ပြီး
"ခင်ဗျားရဲ့ကန်းနေတဲ့မျက်လုံးကိုသေချာဖွင့်ကြည့် ဒီအဆင်က မိန်းကလေးလားလို့ ကျစ်!!!!!ခင်ဗျားသေတော့မယ်"
"အ့....အသဲလေးကကြမ်းတယ်ကွာ အဟွန်းးးကိုယ်ကလဲ အဲ့လိုမျိုးမှကြိုက်တာ"
ပြောလေကဲလေ မန်းလေပြဲလေဆိုတာဒါမျိုးထင်သည်
သူ့ပုံစံက မိန်းကလေးနဲ့ဘယ်နားတူနေလို့လဲ
ဒေါသတို့ကလဲထွက်လာရသည်
ဒါကို ခေတ်အား အတင်းဆွဲဖက်နေပြီး
"ကြိုက်တယ်ကွာ"
နောက်ဆုံးတော့ခေတ်မထိန်းနိုင်စွာ
ခွပ်👊
ထိုသူ့မျက်နှာတည့်တည့်အား လက်သီးဖြင့်ထိုးချလိုက်မိသည်
အဲ့မှာကြိုက်ချင်ဦး
လက်သီးအရင်မြည်းလိုက်
ထိုသူမှာတော့ မူးနေသည့်အရှိန်ကြောင့်ရယ် အထိုးခံရတာရယ်ပေါင်းပြီးပြန်မထလာနိုင်တော့ပေ
"အရက်သမား နှာဘူး"
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ