17U

3.9K 128 7
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 17 ♡

ပကတိ ကိုယ်လက်ဆေး​ပြီး မှန်တင်ခုံရှေ့ထိုင်ကာ ဆံပင်ရှည်တို့အား ဖြီးသင်နေမိသည်
ဂျောက်💢
ပြတင်းပေါက်ဘက်မှ အသံကြောင့် ပကတိလန့်ကာ ဆတ်ခနဲမတ်တပ်ရပ်မိသည်အထိ
သူခိုးများလားဟု တွေးမိကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်လာရသည်
ဒေါက်....ဒေါက်....💢
ပြတင်းပေါက်တံခါးခေါက်သံကြောင့် ပကတိလန့်ကာ အခန်းပြင်ပြေးထွက်ဖို့စိတ်ကူးမိစဥ်မှာပဲ
"ပကတိ...."
"........"
"ပကတိ..."
ရင်းနှီးလှသည့်အသံကြောင့် ပကတိကြောက်စိတ်တို့လွင့်ပြယ်ကာ ပြတင်းပေါက်အနီး ခြေလှမ်းတို့တိုးကပ်သွားမိသည်
ပြတင်းပေါက်အားမဝံ့မရဲ ဖွင့်လိုက်မိချိန် ပကတိရှေ့ ဘွားခနဲပေါ်လာသည့် အကိုလေးကြောင့်
"အမေ့!!!!!"
ပကတိလန့်ကာ နောက်သို့ဆုတ်လိုက်မိသည်အထိ
ပကတိ သူ့အားကြည့်မိတော့စိုးရိမ်မိသွားရသည်
ပကတိလက်ရှိနေနေသည့် အခန်းရဲ့ပြတင်းပေါက်နဲ့ကပ်လျက် အပင်ကြီးမှ တွယ်တက်လာသောသူ
"အကိုလေး...ပြုတ်ကျနေဦးမယ်"
ပကတိစိုးရိမ်စွာ လက်ကမ်းလင့်မိတော့ လရောင်ရဲ့အလင်းမိန်မိန်ကြား သူ့အပြုံးတို့ မြင်လိုက်ရပေသည်
သူကတော့ ပကတိအခန်းပြတင်းပေါက်နှင့်ထိစပ်မတတ် ဖြာထွက်နေသောသစ်ကိုင်းအကြီးကြီးတစ်ခုကနေ လွယ်ကူစွာပင် ပြတင်းပေါက်ကနေ တစ်ဆင့်အခန်းထဲဝင်လာလေသည်
'အကိုလေး ဘာလို့ခုလိုတွေ လုပ်ရတာလဲ အဲ့တာအရမ်းအန္တရာယ်များတာ အင့်!!!!!"
ပကတိခါးလေးမှ ဆွဲဖက်လိုက်သောကြောင့် ပကတိကိုယ်လေးဟာ သူ့ကိုယ်ကြီးနှင့်တစ်ထပ်တည်းကျမတတ်ပင်
"စိတ်ပူနေတာလား အဟွန့်"
"အကိုလေး ဘာလုပ်တာလဲ ပကတိကိုလွတ်"
ပကတိအားကုန်သုံးရုန်းပေမယ့် အချည်းနှီး
"ကျစ်!!!!ငြိမ်ငြိမ်နေ မင်းယောက်ျားငါကဖက်နေတာ ငြိမ်ငြိမ်ခံ"
ပကတိ သူ့နှူတ်ခမ်းက ထွက်လာသည့်စကားကြောင့် အနည်းငယ်ကြောင်အသွားရလေသည်
သူ....တကယ်ပဲမပြောရဲတာမရှိဘူး
"အကိုလေး....အိပ်ချိန်ရောက်နေပြီ ပြန်တော့ ဖွားဖွားကြီးပြောထားတယ်လေ"
သူက ပကတိအားလွတ်ပေးသော်လည်း ဘာမှဂရုမစိုက်စွာပင်
ပကတိအိပ်ရာထက် ခပ်တည်တည်ဖြင့် တက်အိပ်နေလေပြီ
"အကိုလေး....ဘာလုပ်တာလဲ"
"အိပ်မလို့"
"ဟင်...မဟုတ်ဘူးလေ ဖွားဖွားကြီးလဲပြောထား....အင့်!!!!!"
ပကတိစကားမဆုံးခင်မှာပဲ လက်ကောက်ဝတ်မှဆွဲလိုက်သူကြောင့် ပကတိခန္ဓာကိုယ်လေးဟာ သူ့ရင်ဘတ်ပေါ်မှောက်လျက်သား
"ကျန်တာစိတ်ပူမနေနဲ့ မင်းကကိုယ့်မိန်းမ ကိုယ့်စည်းကမ်းတွေနဲ့ပဲ နေသားကျအောင်နေ ကျန်တဲ့သူတွေစကားနားထောင်ဖို့မလိုဘူး ကိုယ်ကလဲ လုပ်ချင်တာလုပ်မှာပဲ ဂရုကိုမစိုက်တာ"
ဓန ရင်ခွင်ထဲက မရုန်းဘဲ ငြိမ်နေသူအားကြည့်မိတော့ တစ်ခုခုကိုတွေးနေသည့်ဟန်
"ဘာတွေတွေးနေတာလဲ မင်းအတွေးထဲကိုယ့်ကိုပဲတွေးဖို့ အမြဲသတိရ"
"ဟို....ပကတိမေးချင်လို့"
ဓန မျက်မှောင်ကြုတ်လျက်
"ဆိုပါဦး"
"ဟို....အကိုလေးစည်းကမ်းတွေက...ဘာတွေလဲ"
ဓန သူမစကားကြောင့် အော်ရီချင်စိတ်တောင်ပေါက်သွားရသည်
ကိုယ့်ရင်ခွင်ထဲက ရုန်းထွက်ဖို့မေ့အောင် တွေးနေတဲ့မေးခွန်းကဒါလား
"အဟွန့် ကိုယ့်စည်းကမ်းတွေကရိုးရှင်းပါတယ် ဘယ်ယောက်ျားနဲ့မှ ပတ်သက်ခွင့်မရှိဘူး စကားပြောခွင့်မရှိဘူး မင်းရဲ့အဓိကတာဝန်ကကိုယ်ပဲ"
"ဟင်"
ဒါကိုပင် နားမလည်သေးသော သူမကြောင့်
"မင်းဂရုစိုက်ရမယ့်သူက ကိုယ့်တစ်ယောက်ထဲပဲ ကိုယ်နမ်းချင်ရင်ခွင့်ပြုရမယ် အတူအိပ်ချင်ရင်....."
ဓနစကားတို့ ရပ်တန့်သွားရသည်က နှုတ်ခမ်းထက်နေရာယူလာသော လက်ဖဝါးနုနုကြောင့်ပင်
ဓန မျက်နှာလေးနီနေသော သူမအားကြည့်ကာ သဘောကျစွာ အော်ရီမိသည်
"အဟွန့်...."
ထို့နောက် နှုတ်ခမ်းပေါ်က လက်ဖဝါးလေးအားဖိကပ်နမ်းရှိုက်လိုက်ပြီး
ရင်ဘတ်ပေါ်က ကိုယ်သေးသေးလေးအား ဖက်ကာ တစ်ဖက်သို့ဆွဲလှဲလိုက်သည်
"အိပ်တော့"
"ဟို...ပကတိက ခုံပေါ်မှာ...အိပ်လိုက်ပါ့မယ်"
"မလိုဘူး"
"ခေါင်းအုံးကလဲ တစ်လုံးထဲ ပြီးတော့သူများတွေသိရင်!!!!"
သူရဲ့ အကြည့်စူးစူးကြောင့် ပကတိဘာကိုမျှဆက်မပြောရဲတော့ပေ
"ခုနကတင်ကိုယ်ပြောလိုက်တယ် ဒါကိုမေ့နေပြီလား"
ဓန သူမခေါင်းအားလက်မောင်းပေါ်အိပ်စေရင်း
"ဒီလိုအိပ်ရင် ဘာခေါင်းအုံးမှ မလိုတော့ဘူး"
"ဒါ...ဒါပေမယ့်..."
"နောက်၄ရက်ဆို လက်ထပ်တော့မယ် ခိုးတောင်ပြေးပြီးပြီပဲ ဘာပူနေတာလဲ ကျစ်!!!!စိတ်မကြည်အောင်လာမလုပ်နဲ့နော် တစ်ခါထဲ မင်္ဂလာဦးညရောက်သွားမယ်"'
သူ့စကားကြောင့် ပကတိအသက်ပင်ပြင်းပြင်းမရှူရဲတော့

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now