7U

4.3K 133 3
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 7 ♡

ရောက်လာကထဲက ဘာစကားတစ်ခွန်းမှမပြောပါပဲ ဝီစကီတွေချည်းသောက်နေသည့်သူငယ်ချင်းကြောင့် နေနိုင်နှင့်အောင်မြင်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းယမ်းမိသည်အထိ
ဘာကွိုင်တွေတက်လာသည်မသိ
"ဟေ့ရောင် ဓန မင်းတစ်ခုခုဖြစ်လာတာလား"
"မင်းပြောမှငါတို့သိမှာလေကွာ မေသက်ထက်ကြောင့်လား"
နေနိုင်မေးတော့ ဘာဆိုဘာမှမသိသေးသော အောင်မြင်က
"ဘယ်သူလဲ"
"ဓန Exဟိုနေ့က အဲ့ကောင်မလေးမွေးနေ့ပွဲသွားပြသနာရှာတယ်တဲ့"
"ဟုတ်လား ဓနနဲ့ပြသနာတစ်ခုခုဖြစ်တာလား"
"မသိဘူး တစ်ပတ်လားပဲတွဲလိုက်တယ်"
"သြော်"

"ဝင်ခွင့်မရှိပါဘူးဗျ"
နေနိုင်တို့စကားပြောနေစဥ်
သီးသန့်အခန်းထဲအတင်းဝင်လာသူကြောင့် လိုက်တားနေသည့် လုံခြုံရေးအား နေနိုင်က ထွက်သွားဖို့ပြောလိုက်၏
အောင်မြင်က နေနိုင်အား ဘယ်သူလဲမေးလိုက်လျှင် နေနိုင်ကခပ်တိုးတိုးဖြင့်
"ဓန Ex"
"သြော်....ငါတို့ရှောင်ထွက်ဖို့အချိန်ပဲ"
သူတို့နှစ်ဦး အလိုက်သိရှောင်ထွက်ဖို့ပြင်လိုက်လျှင်
"မလိုဘူး"
ခပ်ပြတ်ပြတ်ထွက်လာသည့်စကားသံကြောင့် ထဖို့ပြင်နေရာမှပြန်ထိုင်လိုက်ရပေသည်
"မဖိတ်ခေါ်ထားတဲ့သူထွက်သွား"
"မောင် မေပြောစရာရှိတယ်"
"မပြောနဲ့ အာရုံနောက်တယ်"
ဓန ဝီစကီခွက်အားမော့သောက်နေရင်း

မေ မောင့်ရှေ့သွားရပ်လိုက်ပြီး
"မောင့်အကြိုက်မိန်းကလေးကဘယ်လိုမျိုးလဲ"
"မင်းမဟုတ်တာတော့သေချာတယ်"
ဘာခံစားချက်မှမရှိသည့် ကျောက်တုံးလိုလူနှင့်စကားပြောနေရပေမယ့် မေလက်မလျော့နိုင်
နှလုံးသားက ဒီလူမှဒီလူဖြစ်နေတော့လည်း ကိုယ့်ဘက်ကအရှုံးချည်းပင်
ဒီလူကို အပိုင်သာရမည်ဆိုလျှင် ဘာမဆိုလုပ်ရဲသည်
"မောင်ကြိုက်တဲ့ပုံစံအတိုင်းမေနေပေးမယ် အဲ့တာမလို့ မေ့ဆီပြန်လာပေးပါ"
"ငါ့အကြိုက် ဟုတ်လားအဟက်"
ရီပါ မောင်တော့ရီနိုင်မှာပေါ့
မောင်ချစ်တဲ့သူနဲ့ကျဝဋ်လည်ပါစေလို့ တောင်းဆုပြုချင်ပေမယ့်လည်း အဲ့လူကမေမဟုတ်မှာအရမ်းကြောက်တယ်
အဲ့တာမလို့ အခုလိုပဲဘယ်သူ့ကိုမှမချစ်တာကမှဖြေသာပါဦးမယ်
'"မေမောင့်ကို အရမ်းချစ်တာ"
ဓန လက်အားအုပ်ကိုင်ကာဆိုလိုက်လျှင်
"သွားစမ်းပါ"
ဓန တွန်းပစ်လိုက်ခြင်းကြောင့် လဲကျသွား၏
"မင်းဘာသာမင်း ဘယ်လိုပဲပြောင်းပြောင်းငါမင်းကိုမချစ်မှာသေချာတယ်"
"ဘာလို့လဲ"
"မင်းလုပ်နေတာတွေအားလုံးငါမကြိုက်တာတွေပဲ"
"မေပြင်ပါ့မယ်"
"တော်စမ်းပါ စိတ်ညစ်ရတဲ့ကြားထဲ"
"မောင်... "
"ထွက်သွား ငါဘာမှမလုပ်မိခင်"
"အဟင့်"
နောက်ဆုံးတော့လည်း မေသာငိုယိုထွက်လာခဲ့ရပြန်သည်
အချစ်ဆိုတာ ပူလောင်မှုတွေပဲ
မေ ဖြစ်နိုင်ရင်မချစ်တတ်တဲ့လူတစ်ဦးသာ ဖြစ်ချင်မိတော့တယ်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now