💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘
Part ♡ 19 ♡
ညနေDinnerမှာတော့ ဓနကအနက်ရောင်အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ဂုတ်ထောက်နေသောကော်ဖီရောင်ဆံပင်တို့အား တစ်ဝက်ယူစီးထားလျက်
ဓနနံဘေးကပ်လျက်မှ ယှဥ်တွဲပုံရိပ်လေးမှာတော့ဆန့်ကျက်ဘက်ပင်
နီစွေးနေသော ဂါဝန်ရှည်ကြီးက ထင်းလင်းနေစွာ
ရင်လျားမဟုတ်ပါပဲ အပေါ်ထပ်အနီရောင်ဇာပါးလေးကို ပန်းပွင့်များဖြင့်အလှဆင်ထားသောကြောင့် အမြင်ရိုင်းသည့်နေရာဟူ၍မရှိ
သူမရဲ့ အညိုရောင်ဆံနွယ်ရှည်တွေကိုတော့ ကျောထက်ဖြန့်ချထားရင်း
သရဖူလေးဖြင့် သူမဟာ ဒီပွဲရဲ့အလှဘုရင်မတစ်ပါး
စီးပွားရေးနယ်ပယ်ကအသိမိတ်ဆွေတွေဖြင့် မိတ်ဆက်ပေးချိန်မှာတော့ ဓနနံဘေးက ပကတိအား ငေးမောကြည့်နေကြသဖြင့် စိတ်အချဥ်တော့ပေါက်လာရသည်ပကတိ သူ့အသိမိတ်ဆွေများဖြင့် နှုတ်ဆက်စကားဆိုနေရသည်မှာ နာရီပေါင်းများစွာကြာနေလေပြီ
ခြေထောက်တွေပင် အနည်းငယ်ညောင်းလာသလိုလို
ပွဲထဲဝေ့ဝိုက်ကြည့်တော့ အကိုလေးသူငယ်ချင်းဖြစ်သူနှင့် အတူထိုင်နေသည့်ခေတ်အားတွေ့ကာ
"အကိုလေး...."
ပကတ မဝံ့မရဲ ခပ်တိုးတိုးလေးခေါ်လိုက်သော်ငြားသူကသိစွာ
"အင်း"
"ခေတ်ဆီခဏသွားလို့ရမလားဟင်"
ဓနအား မျက်နှာငယ်လေးဖြင့်ပြောနေသူလေး
ပွဲစထဲက စီးပွားရေးလောကကလူတွေကိုလိုက်လံဧည့်ခံနေရသည်မှာ ပင်ပန်းနေတော့မည်
ပြီးတော့သူမလေးကို ငမ်းနေကြသူတွေကဒုနဲ့ဒေး
ပုံမှန်လိုဆို ဘယ်သူမှမမြင်အောင်ဖွတ်ထားမိလောက်မည် ဖြစ်သော်လည်း
ဓနရဲ့သက်ဆိုင်သူ ရှင်းပကတိအား လူတိုင်းသိစေရန်ရည်ရွယ်ရင်း
"အင်း သွားလေ"
ဓန စကားဆုံးသည်နှင့် မျက်နှာထက်အပြုံးလေးတွေနေရာယူသွားသဖြင့် ဓနငေးကြည့်မိသည်
ရှင်းပကတိက သိပ်လှတာ.....တစ်ဖက်တွင်တော့
"ခင်ဗျားကြောင့် ကျွန်တော့်ကောင်မလေးပျောက်သွားတာ"
နေနိုင် သူ့အားမကျေမနပ်ပြောနေသူကြောင့် မကျေမနပ်ကြည့်မိလိုက်သည်
ပွဲထဲရောက်ထဲက ငါးရံ့လိုက်ဖမ်းနေရသလိုပဲ လှစ်ခနဲ လှစ်ခနဲ
မသိတဲ့သူတွေကြားထဲနေရခက်မည်ကို ဒီလျှာရှည်တဲ့သူကစိုးရိမ်မိတာ
ခုတော့စေတနာကိုစေတနာမှန်းမသိ
ဘယ်ကဟာမှန်းမသိသော သူ့ကောင်မလေးကို မျက်စိရှေ့တင်ပျောက်သွားရတာသူ့ကြောင့်ပါတဲ့လေ
သြချရလောက်ပါပေတယ်
ခုလဲ စားပွဲထက်မှဝိုင်ခွက်များအား တစ်ခွက်ပြီးတစ်ခွက်ချနေသူကြောင့်
"ဟေ့ရောင် အတင်းသောက်မနေနဲ့"
"ဟ...ဒီလောက်တော့အေးဆေး"
"ခေတ် မသောက်ရဘူးလေ"
ခေတ်သောက်နေသည့် ဝိုင်ခွက်အားဝင်ယူလိုက်သော လက်ဖြူဖြူသွယ်သွယ်လေး
အပြစ်အနာအဆာပြောစရာမရှိအောင် နီရဲစွာပွင့်လန်းနေသည့်ပန်းလေးနှယ် လှပနေသူက ဓန၏ဇနီးပင်
နေနိုင်ပြောတုန်းက လက်မခံပဲ ပုလင်းလိုက်မော့ချမတတ်သောက်နေတဲ့ကောင်က ရှင်းပကတိတစ်ခွန်းပြောရုံလေးဖြင့် အမြီးကုတ်သွားသည်
ဒါလား ဘာမှမဆိုင်မှာ
စောက်သည်းကွဲနေတာလားမသိ
"ပကတိက မနက်ထဲကမျှော်နေရတာ"
"ခေတ်မအားလို့ စိတ်မဆိုးနဲ့ ပကတိဒီနေ့အရမ်းလှနေတာသိလား"
မကြောက်မရွံ့ ဓနရဲ့မိန်းမကိုစေ့စေ့နနစိုက်ကြည့်ကာ ပြောနေလေသည်
ဟိုကောင်ကြားရင် မီးထတောက်မှာ
"ခေတ်အရက်တွေမသောက်နဲ့တော့နော်"
"ပကတိကို နှမြောလိုက်တာ အတူရှိခဲ့ရတဲ့အချိန်က ခဏလေးလိုပဲ"
ပကတိရဲ့လက်မောင်းသားအားခပ်ဖွဖွတို့ထိပြောနေသူကြောင့် ပကတိပြုံးရုံသာပြုံးမိလိုက်သည်
"ပကတိ ပျော်နေတယ်မလား အရင်ကလက်ထပ်ပွဲအကြောင်းပြောလိုက်တိုင်း ပကတိမျက်နှာမှာ ဝမ်းနည်းမှုတွေနဲ့ ခုပကတိတအားပျော်နေတာ သူ့ကိုချစ်နေတာမလား"
ပကတိ ခပ်လှမ်းလှမ်းမှ သူ့အားငေးကြည့်မိလိုက်သည်
ပကတိချစ်ရတဲ့သူက တအားခန့်ညားတာ
သူ့ကိုကြည့်လိုက်တာနဲ့ အနားမှာအရောင်အဝါတွေတောက်ပနေတဲ့နတ်သားလေးလိုပဲ
"အင်း ပျော်တယ်"
"ဝမ်းနည်းသွားပြီ ပကတိကငါ့ကိုမချစ်တော့ဘူး"
မတ်တပ်ရပ်နေသည့်ပကတိ လက်မောင်းအားမျက်နှာအပ်ကာ ပြောနေသူအား နေနိုင်ငေးကြည့်နေမိသည်
ပုံမှန်မြင်နေကြပုံစံလေးနှင့်ကွဲလွဲနေသည်ဆိုရမလား
သူ့ရဲ့ ခပ်ချွဲချွဲအပြောဆိုရပေမယ့် တခြားမိန်းကလေးတွေနှင့်ယှဥ်လျှင် ဘီလူးဆိုင်းတီးနေသလိုပင်
ဒါကို ရင်ဘတ်ကြီးထဲကအကောင်ကပျော်ရွှင်စွာ ခုန်ပေါက်နေပုံများ
အသက်ရှူမြန်ပြီးသေတော့မလို
ထိုစဥ် ပကတိပုခုံးထက်နေရာယူသွားသည့် လက်တစ်စုံ
"ဘာတွေပြောနေတာလဲ"
ခေတ် ဓနအားမကျေနပ်စွာ ကြည့်လေပြီး
"ခင်ဗျားကို ကျွန်တော်သဘောမကျပေမယ့် ကျွန်တော့်သူငယ်ချင်းပျော်ဖို့လက်ခံပေးလိုက်တာ"
"ဆိုတော့...."
နေနိုင်အနည်းငယ်တော့ အံ့သြသွားရသည်
ကျန်တဲ့လူတွေဆို ထထိုးပြီးနေပြီ
ခုက ဘာလဲ ပကတိရဲ့သူငယ်ချင်းမလို့လား
"ကျွန်တော့်ပကတိကိုပျော်အောင်ထားပေး"
"မင်းပြောစရာကိုမလိုတာ ပြောလက်စနဲ့ ငါတစ်ခုပြောရဦးမယ်"
"ဘာလဲ"
"ငါ့မိန်းမနားသိပ်မကပ်နဲ့ အသားထိတာမဆိုထားနဲ့ အကြည့်တောင်မခံချင်ဘူး ကြားလား"
"မတတ်နိုင်ဘူး ကျွန်တော်တို့က မွေးကထဲက ဖက်မွေးလာတာ"
"ဘာနေနေ ရှင်းပကတိဆိုတာစည်းစိမ်ဓန အပိုင်"
ခေတ်ထိုသူ့စကားအား စိတ်ထဲကျေနပ်မိသွားရသည်
ထိုသူက ပကတိချစ်ရတဲ့သူ
ပကတိကို တန်ဖိုးထားတဲ့သူ
ပကတိကို ပျော်ရွှင်စေမယ့်သူဆိုတာ ကြည့်ရုံနဲ့သိနိုင်သည်
ပကတိ....နင်ပျော်ရွှင်နိုင်ပါစေ
YOU ARE READING
Romanceစည်းစိမ်ဓန♥ရှင်းပကတိ စည်းစိမ်ဓန♥ရှင်းပကတိ