15U

6.3K 125 3
                                    

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘

Part ♡ 15 ♡

"ရှင်!!!!!ပကတိက ဘာလို့လက်မှတ်ထိုးရမှာလဲ"
အကိုလေးခေါ်လာသည့် အိမ်ထဲတွင်တော့ လူကြီးအနည်းငယ်နှင့် ရှေ့နေဖြစ်သူအကိုလေးသူငယ်ချင်းရယ်တခြားတစ်ယောက်အပါအဝင်ရှိနေလေသည်
မဆိုင်းမတွ ပကတိအားလက်ထပ်စာချုပ်၌ လက်မှတ်ထိုးရန်စေခိုင်းနေသဖြင့်
ပကတိ အဖြစ်အပျက်တို့အား လိုက်မမှီစွာ မေးမိပေမယ့် မည်သူမျှ ပြန်ဖြေလာခြင်းမရှိစွာ
အားကိုးတကြီး ကြည့်မိလေတော့ လူကြီးတွေနဲ့တခြားသူများက ခေါင်းငုံ့လျက်သား
အကိုလေးသူငယ်ချင်းနှစ်ယောက်မှာ ပြုံးစိစိ
အဓိကတရားခံအကိုလေးအားကြည့်မိတော့
"လက်မှတ်ထိုးလိုက်"
"ဒါပေမယ့် ဒါကလက်ထပ်စာချုပ်နော်"
ဓန စကားရှည်လှသည့်ပကတိအားစိတ်မရှည်တော့စွာ
"အေး ငါကစာမတတ်ဘူးဆိုတော့...."
"ဘာလို့ ပကတိက အကိုလေးနဲ့ဒီစာချုပ်မှာ လက်မှတ်ထိုးရမှာလဲ"
"ကျစ်!!!!! မင်းငါနဲ့ခဏလိုက်ခဲ့"
ဟုဆိုကာ ပကတိအားအပေါ်ထပ်က အခန်းထံ ဆွဲခေါ်သွားလေသည်

ဂျိမ်း💥💥💥
ဓန တံခါးအားဆောင့်ပိတ်ကာ ဒီနေ့မှစကားတွေသိပ်​ပြောနေသည့်ပကတိအားခပ်စူးစူးကြည့်ပေးလိုက်မိသည်
"အကိုလေး ပကတိကိုအိမ်ပြန်ပို့ပေးပါ"
"ပကတိ ငါတစ်ခါပဲပြောမယ် သေချာနားထောင် မင်းငါနဲ့လက်ထပ်ကိုထပ်ရမယ် အကြောင်းပြချက်က ငါ မင်းကို....ခိုး...​ပြေး...လာ...တာ"
အကိုလေးရဲ့ တစ်လုံးချင်းပြောလိုက်သော စကားစုကြောင့် ပကတိခေါင်းအားမိုးကြိုးပစ်ချလိုက်သလိုလို
ဒါ...ဒါ...အိပ်မက်ပဲဖြစ်မှာ
အရင်ကအကိုလေးလက်ထပ်ရမယ်ဘာညာပြောသည်များရှိသော်လည်း ပကတိအတည်ပြောခြင်းဟုမထင်မိခဲ့
ခုတော့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးရမည်တဲ့
ထို့အပြင် ပကတိကိုခိုးပြေးလာသည်တဲ့လား
"မဖြစ်နိုင်တာ အကိုလေးဟာသကရီမှမရီရတာ"
ခုထိကြောင်တောင်တောင်လုပ်နေသော ကောင်မလေးကြောင့် တိုလာသည့်စိတ်အား အတင်းချုပ်ထိန်းရင်း
"ငါ ဘယ်တုန်းကစနောက်ဖူးလဲ"
"ဟင့်အင်း ပကတိ ပြန်တော့မယ်"
အပြင်သို့ထွက်ပြေးရန် ပြင်နေသည့် ကောင်မလေးအား လက်မှအတင်းဆွဲကာ နံရံထက်ဖိကပ်ပစ်ရင်း
"ဒီအချိန်ဆို စံအိမ်တစ်ခုလုံး မင်းကိုငါခိုးပြေးလာတယ်ဆိုတာသိသွားလောက်ပြီ ဆိုတော့....မင်းတစ်ခုရွေး ခုအေးအေးဆေးဆေးလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမလား
ဒီနေ့ပဲ မင်္ဂလာဦးကြမလား"
နောက်ဆုံးစကားနှင့်အတူအကြည့်တို့က ဖြူဆွတ်နေသော ကုတင်ထက် ညွှန်ပြကာ ဆိုလိုက်လျှင်
ပကတိ စိတ်ထဲစိုးထိတ်သွားရလေသည်
"ဘာလို့ပကတိမှလဲ တခြားသူတွေအများကြီးရှိနေတာကို ပကတိက အကိုလေးရဲ့စေ့စပ်သူလောက်တောင်ကြည့်မကောင်းတာ ဉာဏ်လဲမကောင်းဘူး နောက်ပြီး....."
"ကျန်တာမလိုဘူး မင်းဆိုရင်ရပြီ"
"ဟင်...."
" သေချာနားထောင် ပကတိ ငါမင်းကိုလက်ထပ်တာ ဘယ်သူ့ကြောင့်မှမဟုတ်သလို ဘာအကြောင်းပြချက်မှမရှိဘူး ဒီကမ္ဘာမှာ ငါလက်ထပ်ချင်တဲ့တစ်ဦးတည်းသောမိန်းကလေးကမင်းပဲ"
"ဒါပေမယ့်......"
"ခုလုပ်နေတာတွေက လိုအပ်လို့လုပ်နေတာတွေချည်းပဲ မင်းကိုငါတန်ဖိုးမထားတာမဟုတ်ဘူး မင်းကိုငါဘယ်လိုသတ်မှတ်ထားလဲဆိုတာ အနာဂတ်မှာ မင်းမြင်လိမ့်မယ် ချစ်လားလို့တော့ မမေးနဲ့ အဲ့မေးခွန်းက ငါကိုယ်တိုင်အဖြေမထွက်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ တစ်ခုတော့သေချာတယ် မင်းကငါ့အတွက် တစ်ယောက်တည်းသောပဲ....'
".........."
ပကတိ ဘာစကားပြောရမည်မှန်းမသိစဥ်မှာပဲ
သူက ပကတိမျက်နှာထက်မှဆံပင်တို့အား လက်ဖြင့်ဖယ်ပေးရင်း
"ကိုယ့်စကားနားထောင်.....လိမ်မာတယ်"
ဟုဆိုကာ နဖူးထက် ခပ်နွေးနွေးအထိအတွေ့လေး
ဒီတစ်ခါလဲ ပကတိမှာ ငြင်းဆန်နိုင်ခွင့်မရှိ
အကိုလေးရဲ့ စကားလုံးတွေအနမ်းတွေကြား ပကတိဟာ ကျော့ကွင်း၌မိသော သားကောင်ပမာ
ပကတိကမရုန်းထွက်နိုင်တာလား
သို့မဟုတ်
ပကတိကိုယ်တိုင်က မရုန်းကန်ခဲ့သည်လား
ပကတိဟာ အကိုလေးစေစားရာ၌

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now