( အခန်း၁)

5.9K 184 78
                                    

Zawgi
_________

အဖြူရောင် Bugatti Centodieci ကားလေးက ပဲရစ်၏တိုက်တာအဆောက်အအုံများကို တငြိမ့်ငြိမ့်ဖြတ်သန်းသွားသည်။ ကားမောင်းသူကတော့တာဝန်အရကျေပွန်စွာ အန္တရာယ်ကင်းကင်းမောင်းနှင်လာသည့်အတွက်။

အနောက်ခန်း၌ဇိမ်ရှိရှိထိုင်နေသောလူ။ ကားမှန်ဘောင်ပေါ်လက်ထောက်၍သူ၏ညာဘက်လက်မရှိလက်သည်းကိုတိတိကိုက်ရင်းမီးရောင်စုံများနှင့်လှပနေတဲ့ပဲရစ်ရဲ့ ညရှုခင်းကိုခံစားနေသည်။

ဝတ်စားဆင်ယင်ပုံကိုအကဲခက်လေသော် လူငယ်ဆန်ဆန် အပြဲတို့ပါသည့် ဂျင်း pant အနက်နှင့် T shirtအနက်ကိုပေါ့ပေါ့ပါးပါးဝတ်ထားသော်လည်း၊ Celin ဟူသော တံဆိပ်တို့က ခန္ဓာကိုယ်ရှိအသုံးအဆောင်များတွင်နေရာယူထားသည်။

မေးရိုးကထင်းထင်း သလင်းကဲ့သို့တောက်ပသောအဆင်းနှင့်ထိုလူ။စူးရှရှမျက်ဝန်း၌ရီဝေ မှုတို့ကအထင်းသားဖြစ်သည်။

ဓားထက်ထက်ကဲ့သို့နှာတံဆင်းဆင်းမှာလည်းစွဲမက်ဖွယ်အတိဖြစ်၍။ လက်ချောင်းရှည်တို့ထိတွေ့ရာ နှုတ်ခမ်းထူထူမှာလည်း မက်မောဖွယ်ကောင်းလွန်းသည်။

သူဟာ ပဲရစ်ဝန်ကြီး Fort Lyla (ဖော့ထ် လိုင်လာ) ရဲ့တစ်ဦးတည်းသောသားဖြစ်သည်။ သူ၏ မီးခိုးရောင်မျက်ဝန်းတို့က ဖခင်ဆီမှအမွေရထားခြင်းဖြစ်ရာ၊ မဟူရာတောနက်သဖွယ်နက်မှောင်သည့်ဆံနွယ်ကောက်ကောက်များကတော့ ကိုရီးယားဇာတိဖွား မိခင်ဖြစ်သူ ယယ်ဂျီအွန်း၏အမွေများသာဖြစ်သည်။

အရပ်သည်က ၆ပေ၃။ မြင်သူမကြွေစတမ်း ခေါင်အထိမှန်းလို့ မဒီပါမကျန် လူကုံထံတွေပါပစ်ကြွေချင်စရာအတိပင်။

ဤကဲ့သို့ ပြီးပြည့်စုံလွန်းသည့် ထိုလူ။ Vante Lyla (ဗန်တီ လိုင်လာ) တဖြစ်လည်းလူသိများသည့် မော်ဒယ် ထယ်ယောင်းရဲ့ဂုဏ်ဒြပ်တွေပင်ဖြစ်သည်။

" အိမ်တန်းပြန်မလားသခင်လေး။ ဒါမှမဟုတ် စားသောက်ဆိုင်တစ်ခုခုဝင်ဦးမလား။"

ကားမောင်းသူက မှတ်မှတ်ရရလှည့်မေးသော်။

" အိမ်တန်းပြန်မယ်။ Seine မြစ်ဘက်ကနေ ပတ်မောင်းပေး။"

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora