မနက်နေမထွက်ခင်အချိန်လောက်ဖြစ်မည်။ခုနကမှပြန်သွားကြတဲ့အိမ်အကူအမျိုးသမီးနှစ်ယောက်သားလည်းလောလောလတ်လတ်မှသာအသက်ရှူချောင်ရသည်။
ဒါပေမဲ့ ထပ်ဆင့်ဖန်ကဲချယ်လှယ်မှုကိုခံထားရသည့်အလှတရားလေးမှအားအင်ဖျော့နွဲ့၍နံရံမှာမှီထားတဲ့ကျွန်တော့်ရင်ခွင်၌မှီငြိမ်းနေလေသည်။ ထို့ကြောင့် ဂုတ်ပိုးထပ်ဖိကပ်နမ်းရင်းဩရှဆွဲဆောင်သောအသံနှင့်ပြောလိုက်သည်။
" သူတို့သွားပြီကိုကို....ကျွန်တော်တို့အခန်းဆီပြန်ရမယ်လေ"
ယင်းသို့ပြောတော့လေးကွေးစွာခေါင်းညိတ်ပြပြီးထရပ်သည်။ ဆစ်ခနဲနာကျင်လာသည့်ရပ်ဝန်းများကြောင့် ဝတ်ရည်ညှစ်ထုတ်ခံထားရတဲ့ပန်းလေးပမာလျော့ရွဲကာလဲကျသွားသည်။
မြေပြင်ပေါ်တော့မဟုတ်၊ မောင်ဟူသည့်မှော်ဆရာလေးရဲ့ရင်ခွင်မှာသာဖြစ်သည်။
" လမ်းလျှောက်နိုင်မှာလည်းမဟုတ်ပဲနဲ့ ၊ ဒီပေါ်မှာခဏစောင့်နေကျွန်တော်အဝတ်အစားတွေပြန်ယူလာခဲ့မယ်။"
" အင်း "
ဟင်းခတ်မှုန့်အိတ်တွေထားသောစင်ပေါ်မှာပွေ့တင်ပေးခဲ့ပြီး အိမ်အကူအမျိုးသမီးလွှင့်ပစ်ခဲ့တဲ့အဝတ်အစားတွေကို သိုလှောင်ခန်းအစွံဖျားမှာသွားယူသည်။ ပြီးတဲ့နောက် ကျွန်တော့်ကိုယ်ပေါ်မှအညစ်အကြေးတို့အားသူ့အင်္ကျီနဲ့သုတ်ပေးကာ အဝတ်စားပြန်ဝတ်ပေးသည်။
ကြယ်သီးတွေကဆွဲဖြုတ်ခံလိုက်ရတာမို့ရင်ဘက်ကိုလုံအောင်ဆွဲစိပေးလာတဲ့မောင်ဟာ နှုတ်ထပ်လှစ်ခနဲအနမ်းခြွေချသွားသည်။ အမှုမဲ့အမှတ်မဲ့ပြုဲးလိုက်မိပါ၏။
မောင့်ထံမှာပြုစားနိုင်တဲ့အစွမ်းပကားတွေများပေးသနားထားကြလေသလား။
ဤသို့ဖြင့် pantတစ်ထည်တည်းကိုသာဝတ်ထားသည့်မောင်ဟာအပေါ်ပိုင်းဗလာနဲ့။ ဆွေ့ခနဲကောက်မခံလိုက်ရသည်မို့မောင့်လည်တိုင်ကိုသိုင်းဖက်မိသည်။
" ပြန်မယ်.....ရေချိုးပစ်မှရတော့မှာ။"
" ဒီအတိုင်းကြီးသွားလို့မဖြစ်ဘူးလေ။ ငါ့ကိုအောက်ချပေး။"
ŞİMDİ OKUDUĞUN
လေနှင်ရာ (completed)
Hayran Kurguမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...