( အခန်း ၅၂)

563 55 39
                                    

အိပ်ယာစွန်းပေါ်တင်မလွှဲထိုင်ရင်းခြေနှစ်ဖက်ကိုလွှဲယမ်းလို့မောင်အလာကိုစောင့်နေမိသည်။ ဖွင့်ထားတဲ့အခန်းတံခါးကိုမျှော်ရတာလည်း, လည်ရှည်လောက်ချေ၏။

ခန့်မှန်းချေ ၂နာရီ နီးပါးရှိပေါ့တောင်မလာနိုင်သေးသည်က လွန်ရာမကျပေဘူးလား။ ရေချိုးတာထိုမျှလောက်မကြာနိုင်မှန်းသိသည်။ ကိစ္စအဝဝတို့အားရိပ်မိသော်ငြား ချက်ကျကျသက်သေနှင့်တကွပြစရာ၊ သို့မဟုတ် မောင်ထိုကလေးအပေါ်မရိုးမသားပြုမူသည့်အရာမျိုးကိုအထင်းသားပြစရာမရှိသည်မို့ကျွန်တော့်အတွက်အခွင့်မသာပါလေ။

လေပူတွေမှုတ်ထုတ်ရင်း အိပ်ယာပေါ်ကထကာပြတင်းပေါက်အနားလျှောက်သွားသည်။ လိုက်ကာစကိုဖွင့်ပြီးခြံထဲရှိအလုပ်သမားများရဲ့လှုပ်ရှားမှုအထွေထွေကိုဘာရယ်မဟုတ်ကြည့်နေလိုက်သည်။

ထိုအချိန်မှာပဲ ခြေသံတချို့သည်ကျောဘက်မှာရပ်တန့်လျက် ခါးပေါ်ရစ်သိုင်းလာသည့်လက်တွေကခပ်ကျစ်ကျစ်ပင်။ ပခုံးပေါ်မေးတင်လာတော့ ကျွန်တော်မျက်နှာလွှဲလိုက်သည်။

" ခဏရှိနေပေးမိတာပါ။ "

" အင်း "

" စိတ်ဆိုးနေတာလား၊ ကိုကိုစိတ်ဆိုးနေတာအတိအကျပဲ"

" ဆေးကမင်းဆီပါသွားတာဆို...ငါသောက်တော့မလို့"

" အစားစားပြီးပြီလား"

" မင်းကိုစောင့်ရင်းစားထားနှင့်တယ်"

အိပ်ယာဘေးမှာချထားတဲ့ ကိတ်ပန်းကန်ကိုလက်ညှိုးညွှန်ပြရင်းပြောသည်။ ထို့ကြောင့် ဖက်ထားမှလွှတ်ပေးပြီး အနက်ရောင်Teeပေါ်ထပ်ဝတ်ထားတဲ့ လိမ္မော်ရောင်ဂျာကင်အင်္ကျီအိတ်ကပ်အတွင်းမှဆေးတချို့ကိုပေးလိုက်သည်။

သို့ဖြစ်၍ ဆေးကဒ်တွေကိုဖောက်ပြီးဆေးပြားတချို့ကိုပါးစပ်ထဲပစ်ထည့်လျက် အိပ်ယာဘေးမီးအိမ်တင်စင်ပေါ်ရှိရေဘူးကိုမော့သောက်လေသူ။

ထိုလှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်စဥ် ကိုကိုစိတ်အလိုမကျဖြစ်နေတာအထင်းသားသိသည်။ ကိုယ်တိုင်ကလည်းကိုယ်တိုင်ပေမို့ ကိုကို့အားဘာဖြစ်နေသနည်းမမေးရက်။

လေနှင်ရာ (completed) Where stories live. Discover now