အရှေ့၌ရှိသော အရက်ပုလင်းအားဖက်လျက်ကျောက်ရုပ်တစ်ရုပ်နှယ်မလှုပ်မယှက် မျက်ရည်ကျနေသူအားကြည့်ပြီးဂျောင်ဂုသက်ပြင်းချသည်။
ဈာပနာစကတည်းကဧည့်သည်တွေကိုစကားတောင်မပြောနိုင်ပဲနံရံထောင့်ကပ်ပြီးအသက်မဲ့ခန္ဓာကိုယ်လိုငြိမ်သက်နေသည်မှာနာရီပေါင်းများစွာကြာလှချေပြီ။ ဒါကြောင့် ဂျောင်ဂုကပဲဧည့်သည်တွေကိုသေချာဧည့်ခံ ၊ စကားသင့်ပြောရ၏။
သို့သော်အရှေ့၌ရှိသူက ဈာပနာရှိအလှဆုံးပြုံးရယ်နေသည့်ဆော့ဂျင်ရဲ့ဓာတ်ပုံကိုကြည့်လိုက်၊အရက်ပုလင်းမော့လိုက်ပေမို့ဂျောင်ဂုအသိပေးရတော့မည်။
" မန်နေးဂျင်းဒီလိုပြိုလဲနေတာအစ်ကိုဆော့ဂျင်မြင်ရင်စိတ်ချနိုင်မယ်ထင်လို့လား။"
"..............."
" ဘဝသစ်ထူထောင်ဖို့မပြောပါဘူး၊ ဒါပေမဲ့...အနည်းဆုံးတော့မန်နေးဂျင်းကသန်မာနေမှရမှာပေါ့။"
" ကျွန်တော့်ကြောင့် သူ့မိဘတွေကတောင်ဈာပနာမှာရောက်မလာခဲ့ဘူး။ သူ့မိဘတွေကိုအဆုံးထိတွေ့မသွားခဲ့ရဘူး။ အားလုံးက ကျွန်တော့်အတ္တတွေကြောင့်။ သူသာမိဘတွေနဲ့ရှိနေရင်ရောဂါလည်းပျောက်ကင်းအောင်ကုသနိုင်မှာ။"
" ဟင်း.....ဒါကတော့အစ်ကိုဆော့ဂျင်ကမန်နေးဂျင်းကိုချစ်လို့ရွေးချယ်ခဲ့တာပဲ နောင်တမရပါနဲ့။"
" ဈာပနာအတွက်ကူညီခဲ့လို့ကျေးဇူးတင်ပါတယ်။ အခု တစ်ယောက်တည်းနေချင်လို့ပြန်ပေးပါ။"
" ကျွန်တော်မန်နေးဂျင်းကိုစိတ်မချဘူး"
ထိုသို့ပြောတော့ဟက်ခနဲရယ်ချသည်။ နားမလည်စွာပြန်ကြည့်တော့မျက်ရည်များဖြင့်ပြောလာ၏။
" ကျွန်တော်ကိုယ့်ကိုယ်ကိုတစ်ခုခုလုပ်လိုက်မှာစိုးရိမ်နေတာလား။"
" ဟုတ်တယ်...မန်နေးဂျင်းကိုအစ်ကိုတစ်ယောက်လိုသဘောထားတာမလို့မဆုံးရှုံးချင်ဘူး။ ကိုယ်ချင်းစာပေမဲ့ ကိုယ့်ကိုယ်ကိုချစ်ပါ။"
" အချစ်တွေအကုန်သူယူသွားပြီ...ကျွန်တော့်မှာလက်ကျန်လေးနည်းနည်းတောင်မရှိတော့ဘူး။"
VOCÊ ESTÁ LENDO
လေနှင်ရာ (completed)
Fanficမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...