( အခန်း ၄၄)

459 54 30
                                    


Lover seat တွင်အိပ်ပျော်နေသောကိုကို့အား ကျွန်တော့်ရဲ့အပေါ်ဝတ်အင်္ကျီဖြင့်ခြုံပေးပြီး ကားစက်နှိုးသည်။ လရောင်သာသာအောက်မှာ သစ်ရိပ်နွယ်ရိပ်ကိုခိုလုံရင်းတစ်ညတာကုန်ဆုံးခဲ့သည်မို့ ယခုအချိန်ကား မနက်၂နာရီခွဲပြီးဖြစ်သည်။

main လမ်းမကြီးကအသွားအလာရှင်း၍ ကင်းလှည့်ရဲကားတချို့နှင့်ခရီးအသွားအလာ ကားတစ်ဆင်းနှစ်ဆင်းသာရှိ၏။ လူကနုံးချိချိဖြစ်နေတာကြောင့်ကားမောင်းရသည်မှာသိပ်အဆင်မပြေလှ။ ခဏခဏမှေးစင်းသွားတဲ့မျက်လုံးတွေကိုအားဖြည့်ရင်းမောင်းနှင်ရသည်။

မီးပွိုင့်မိတာနှစ်ခါလောက်ရှိပြီဖြစ်ပေမဲ့ ကားအသွားအလာနဲ့ ကင်းလှည့်ရဲ့များ ရှင်းတဲ့အတွက်မရပ်ပဲမောင်းခဲ့သည်။ အိမ်ရောက်ရန်မိနစ်သုံးဆယ်လောက်လိုသေးသည်ကြောင့််အိပ်ချင်ပြေရန်ရေသောက်ဖို့ ကားအံဆွဲထဲမှရေဗူးကျန်ဦးမလားလျှောက်စမ်းသေး၏။

စမ်းမိပြီး ဘုတ်ခနဲပြုတ်ကျသံကြားသော် ရေဗူးကိုကုန်းကောက်ရန်ပြင်သည်။ ကိုယ်သွားတဲ့ဘက်မှ မီးပွိုင့်ကလည်းစိမ်းနေတုန်းဖြစ်လို့ အကယ်၍တခြားလမ်းဆုံက ကားလာမယ်ဆိုရင်တောင်အန္တရာယ်မရှိပေ။

ထို့ကြောင့် ဘရိတ်ခဏအုပ်ကာ ရေဗူးကိုငုံ့ကောက်လိုက်သည်။ ဤအချိန်၌ ရုတ်တရက်အနီရောင်ပြောင်းသွားတဲ့မီးပွိုင့်ကိုတွေ့သော်လည်း ဒီအချိန်ကြီးဘယ်ကားမှမလာဟုတွေးလျက် ရေသောက်ပြီးတာနှင့်ကားစက်နှိုးလို့ နောက်ထပ်မီးပွိုင့်တစ်ခုကိုကျော်ရန်ဆုံးဖြတ်လိုက်သည်။

စက်နိုးသွားတဲ့ကားနဲ့အတူ တာယာဘီးတို့ရွေ့လျားသည်နှင့်အရှိန်တင်ကာ မောင်းနှင်လိုက်၏။ သို့သည်တိုင် ညာဘက်လမ်းမှလှစ်ခနဲပေါ်လာသည့်ကုန်တင်ကားကြောင့် ထိတ်လန့်သွားပြီးဘရိတ်ကိုအားကုန်နင်းချလိုက်တော့သည်။

ကုန်တင်ကားရဲ့မီးရောင်ထိန်ထိန်က မီးခိုးရောင်မျက်ဝန်းတွေအတွင်းသို့အတုန်းအရုန်းတိုးဝင်ကြသည်။ ထိုမီးရောင်များကြားမှရုတ်တရက်ပေါ်လာသည့်ပုံရိပ်တချို့ကြောင့် ဘရိတ်ကိုနင်းထားတဲ့ခြေက လီဗာ ကိုသွားနင်းမိသောအခါ၊ မြေပြင်နဲ့တာယာဘီးပွတ်တိုက်သံကျယ်ကျယ်ကတိတ်ဆိတ်နေသည့်လမ်းမထက်လှိုင်ခတ်သွား၏။

လေနှင်ရာ (completed) Hikayelerin yaşadığı yer. Şimdi keşfedin